၉-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က တနင်္ဂနွေနေ့ညမှာယှဉ်ပြိုင်ကစားရမယ့် လီဗာပူးလ်အသင်းဟာ ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်သွားနိုင်တဲ့ ဒီပွဲစဉ်မတိုင်မီ ဂွာဒီယိုလာ ဟာ လီဗာပူးလ်အသင်းနည်းပြ ကလော့ပ် ၊ တိုက်စစ်မှူး မာနေး တို့နဲ့ စကားလုံးတိုက်ပွဲတွေ ဆင်နွှဲနေခဲ့ပြီး နောက်ဆုံးမှာတော့ လီဗာပူးလ်အသင်းကို ချီးကျူးလိုက်တာပါ။ ဂွာဒီယိုလာ က လီဗာပူးလ်အသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်လို့ရတယ်ဆိုပေမယ့်လည်း သူ့ရဲ့အသင်း မန်စီးတီးအနေနဲ့ လီဗာပူးလ်ကို အနိုင်ယူနိုင်စွမ်းရှိပါသေးတယ်လို့လည်း တစ်ဆက်တည်း ပြောဆိုသွားခဲ့ပါတယ်။

 

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းကွင်းလယ်လူ အိုဇေးလ်နဲ့ နောက်ခံလူ ကိုလာစီနက် တို့ကို ဓားကိုင်ပြီးတိုက်ခိုက်ခဲ့တဲ့ အက်ရှ်လေစမစ် ဆိုသူကို တရားရုံးက ထောင်ဒဏ် (၁၀)နှစ် ကျခံဖို့ အမိန့်ချမှတ်လိုက်ပြီဖြစ်ပါတယ်။ ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုမှာ ကစားသမားနှစ်ယောက်ရဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေအထိဖြစ်ပွားခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ တရားခံတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တာပါ။ စမစ်က သူ့အနေနဲ့ ဒီကစားသမားတွေကို သေစေလိုတဲ့ရည်ရွယ်ချက်မရှိပဲ သူတို့ရဲ့တန်ဖိုးကြီးနာရီကိုသာ ရယူဖို့ ကြိုးစားခဲ့တာဖြစ်ကြောင်း လျောက်တင်ခဲ့ပေမယ့် တရားရုံးကတော့ ထောင်ဒဏ်(၁၀)နှစ် ကျခံစေလိုက်ပါတယ်။

READ
ဆန်းချက်ဇ်နေရာကို အစားထိုးဖို့အတွက် ဂရစ်ဇ်မန်းကို ခေါ်ယူချင်နေတဲ့ အာဆင်နယ်

 

အီဒါဆင် ။       ။ လီဗာပူးလ်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ဒီတစ်ပတ်ပွဲစဉ်ကို မန်စီးတီးဂိုးသမား အီဒါဆင် တစ်ယောက် ကျိန်းသေပေါက်လွဲချော်မှာဖြစ်တယ်လို့ နည်းပြ ဂွာဒီယိုလာက အသိပေးလိုက်ပါတယ်။ အတ္တလန္တာအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တဲ့ အီဒါဆင် ဟာ ဒီတစ်ပတ်ရဲ့ အရေးကြီးပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်ပြီး ဒုတိယဂိုးသမား ဘရာဗို က အသင်းအတွက် ပွဲထွက်ဂိုးသမား ဖြစ်လာမှာပါ။

ဘရန်ဒန်ရော်ဂျာ ။        ။ လက်စတာအသင်းနည်းပြ ရော်ဂျာ က အာဆင်နယ်နည်းပြဖြစ်လာဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေကို ပယ်ချသွားခဲ့ပြီး သူ့အနေနဲ့ လက်စတာအသင်းကိုသာ အသင်းကောင်းတစ်သင်းအဖြစ် တည်ဆောက်သွားဖို့ ဆန္ဒရှိနေကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ လက်စတာဟာ ဒီတစ်ပတ်မှာ အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာဖြစ်ပြီး အာဆင်နယ်ကိုသာ အနိုင်ရခဲ့ရင် (၉)မှတ်အထိ ပြတ်သွားနိုင်မှာမို့ ဒီပွဲစဉ်က အသင်းအတွက် အရေးကြီးတဲ့ပွဲစဉ် ဖြစ်လာလိမ့်မယ်လို့လည်း ရော်ဂျာက မှတ်ချက်ပေးသွားခဲ့ပါတယ်။

READ
(၉-၆-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

စခိုးလ် ။          ။ မန်ယူအသင်းကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးလ်က အသင်းအနေနဲ့ မက်ဂွိုင်းယားနဲ့ တွဲဖက်ပေးဖို့ ခံစစ်ကစားသမားကောင်းတစ်ဦးကို ထပ်မံဝယ်ယူသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ စခိုးလ်က လက်ရှိမှာ မက်ဂွိုင်းယားနဲ့တွဲပြီးပွဲထွက်နေတဲ့ လင်ဒီလော့ဖ်ထက် ပိုကောင်းတဲ့ ခံစစ်မှူးမျိုး မန်ယူအသင်းမှာ လိုအပ်နေတာဖြစ်ကြောင်းနဲ့ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူမှုတွေ ပြုလုပ်သင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE