၁၁-၉-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Talksport"

ရော်နယ်ဒို ။     ။ မနေ့ညက ကစားခဲ့တဲ့ လစ်သူယေးနီးယားအသင်းနဲ့ပွဲစဉ်မှာ တစ်ဦးတည်း (၄)ဂိုး သွင်းယူခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို ဟာ ယူရိုခြေစစ်ပွဲစဉ်တွေမှာ သွင်းဂိုး (၂၅)ဂိုး ရှိသွားခဲ့ပြီဖြစ်ပြီး စံချိန်သစ်တစ်ခုကို ရယူနိုင်လိုက်ပါတယ်။ ရော်နယ်ဒို ဟာ ယူရိုခြေစစ်ပွဲစဉ်တွေမှာ ဂိုးအများဆုံးသွင်းနိုင်တဲ့ ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး သွင်းဂိုး (၂၅)ဂိုးရခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့တာပါ။

လူးကပ်ဆေးလ်ဗား ။     ။ တစ်ချိန်က ရီးယဲလ်အသင်းရဲ့ကြယ်ပွင့်ကစားသမားဖြစ်ဖူးခဲ့တဲ့ ကွင်းလယ်လူ လူးကပ်ဆေးလ်ဗားဟာ လက်ရှိအချိန်မှာတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူလိုတဲ့အသင်းတောင် မရှိပဲဖြစ်နေတယ်လို့ Goal က ဖော်ပြပါတယ်။ (၂၀၁၅)ခုနှစ်မှာ ရီးယဲလ်အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ရီးယဲလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့တာဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့တောင် ခေါ်ယူချင်တဲ့အသင်းမရှိပဲဖြစ်နေခဲ့တာပါ။ အသက် (၂၆)နှစ်အရွယ် ကွင်းလယ်လူဟာ ရီးယဲလ်အသင်းအတွက် (၈)ပွဲသာ ကစားပေးခဲ့ရပြီး မာဆေးလ် ၊ ခရူဇီယို စတဲ့အသင်းတွေဆီ အငှားသွားရောက်ကစားပေးခဲ့ရသူပါ။

 

ဘာစီလိုနာ ။    ။ နေမာ တစ်ယောက် ဘာစီလိုနာကို အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာစီလိုနာအသင်းရဲ့အ၀တ်လဲခန်းထဲမှာ စည်းလုံးမှု ပြိုကွဲနေကြပြီလို့ Goal က ဖော်ပြပါတယ်။ နေမာ အတွက် PSG ကို ပြောင်းရွှေ့ရမယ်လို့ သတင်းတွေထွက်ခဲ့တဲ့ ဒမ်ဘီလီ ၊ ရာကီတစ် တို့ဟာ အခြား စီနီယာ ကစားသမားတွေဖြစ်ကြတဲ့ မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့ ဆက်ဆံရေးတွေ တင်းမာနေပြီး မက်ဆီတို့အဖွဲ့နဲ့ ကလပ်တာဝန်ရှိသူတွေကြားမှာလည်း တင်းမာတဲ့ဆက်ဆံရေးတွေ ဖြစ်ပေါ်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
၈-၂၈-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဒီဘရိုင်း ။        ။ မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်း က သူ့အနေနဲ့ အင်္ဂလန်မြေမှာ ဘောလုံးကစားတဲ့အချိန် ပြီးဆုံးသွားပြီဆိုရင် အသင်းဖော်ဟောင်း ကွန်ပနီရှိတဲ့ အန်ဒါလက် အသင်းမှာ သွားရောက်ကစားဖို့ ရည်ရွယ်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။ ကွန်ပနီဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ မန်စီးတီးအသင်းကနေ ထွက်ခွာသွားခဲ့ပြီး ဘယ်လ်ဂျီယံကလပ် အန်ဒါလက် အသင်းအတွက် သွားရောက်ကစားပေးနေခဲ့သူပါ။ ဒါပေမယ့်လည်း သူရောက်ရှိတဲ့ဘောလုံးရာသီမှာပဲ အန်ဒါလက် အသင်းရဲ့ရလဒ်ပိုင်းတွေ ဆိုးရွားနေခဲ့လို့ ကွန်ပနီဟာ နည်းပြအဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ပြီး ကစားသမားအဖြစ်နဲ့သာ ပါဝင်ကစားပေးနေရပါတယ်။

မက်ဆီ ။         ။ လာမယ့်ဘောလုံးရာသီမှာ မေဂျာလိဂ်အတွက် စတင်ကစားတော့မယ့် အင်တာမီယာမီ အသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်ကတော့ သူ့ရဲ့အသင်းမှာလာရောက်ကစားဖို့အတွက် မက်ဆီကို စတင်ကမ်းလှမ်းမှုတွေ ပြုလုပ်နေပြီဖြစ်တဲ့အကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။ မက်ဆီနဲ့ ဘာစီလိုနာအသင်း မပြေလည်တဲ့အခြေအနေတွေကြောင့် ဘက်ခမ်က မက်ဆီကို ခေါ်ယူဖို့ ကြိုးစားလာခဲ့တာဖြစ်ပြီး ဘာစီလိုနာမှာရတဲ့ လစာနှုန်းထားထက် မြင့်မားတဲ့လစာငွေကို ပေးချေသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

Linn

READ
၎-၇-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Source : TheSun , Goal , Mirror

SHARE