၁၀-၁၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

ယွန်းဘတ် ။     ။ အာဆင်နယ်အသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူနေတဲ့ ယွန်းဘတ်အတွက် ပထမဆုံးနိုင်ပွဲ ရရှိသွားခဲ့ပါပြီ။ မနေ့ညက ကစားခဲ့တဲ့ ၀က်စ်ဟမ်းအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အာဆင်နယ်က (၁-၃) ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ (၁-၀)နဲ့ ရှုံးနေတဲ့ အာဆင်နယ်က ပွဲချိန် ဒုတိယပိုင်းမှာ သွင်းဂိုး (၃)ဂိုးနဲ့ အနိုင်ရသွားခဲ့တာပါ။ အာဆင်နယ်အသင်းအတွက်တော့ အောက်တိုဘာလ နောက်ပိုင်းမှာ ပထမဆုံးနိုင်ပွဲရရှိခဲ့တာဖြစ်ပြီး အာဆင်နယ်အတွက် သွင်းဂိုးတွေကို အူဘာမီယန်း ၊ ပီပီနဲ့ မာတီနယ်လီ တို့က သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

တီယာနေး ။     ။ ၀က်စ်ဟမ်းအသင်းနဲ့ ပွဲမှာ ပုခုံးဒဏ်ရာ ရရှိသွားခဲ့တဲ့ နောက်ခံလူ တီယာနေး ကို လက်ရှိအချိန်မှာ ဆေးရုံပို့ထားရပြီး စမ်းသပ်မှုတွေ ပြုလုပ်နေရဆဲဖြစ်တယ်လို့ အာဆင်နယ်ဆေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ တီယာနေး အနေနဲ့ ဒီဒဏ်ရာကြောင့် ရက်အနည်းငယ် နားရဖို့ရှိနေပေမယ့် တစ်ဖက်မှာလည်း ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ ဘယ်လာရင် ရှိနေတာကြောင့် အာဆင်နယ်နည်းပြ ယွန်းဘတ်အတွက် သက်သာရာရခဲ့တယ်လို့ ပြောရမှာပါ။

 

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က ဒီနေ့ညမှာ ယှဉ်ပြိုင်ရမယ့် ဆဲလ်ဘတ်အသင်း တိုက်စစ်မှူးဟာလန်းဟာ အရည်အသွေးမြင့် လူငယ်ကစားသမားဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ လီဗာပူးလ်ဟာ ဒီနေ့ညမှာ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဆဲလ်ဘတ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး ရှုံးနိမ့်ခဲ့ရင် အုပ်စုကနေ ထွက်သွားရနိုင်တဲ့ အလားအလာတွေ ရှိနေတာပါ။ ကလော့ပ်က ဆဲလ်ဘတ်အသင်းဟာ ဟာလန်း လို တိုက်စစ်မှူးမျိုး ပိုင်ဆိုင်ထားတာကြောင့် သတိထားရမယ့်အသင်းမျိုးဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ဘင်နီတက်ဇ် ။  ။ လီဗာပူးလ်အသင်းနည်းပြဟောင်း ဘင်နီတက်ဇ် က သူ့အနေနဲ့ လီဗာပူးလ်ရဲ့မြို့ခံပြိုင်ဖက် အဲဗာတန်အသင်းနည်းပြအဖြစ်လည်း ရောက်သွားနိုင်တယ်လို့ ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။ မာကိုဆေးလ်ဗား ထွက်သွားပြီးတဲ့နောက် အဲဗာတန်အသင်းတာဝန်ရှိသူတွေဟာ နည်းပြတစ်ဦးကို ရှာဖွေနေဆဲဖြစ်ပြီး ဘင်နီတက်ဇ်ကလည်း ဒီရာထူးအတွက် ရေပန်းစားနေခဲ့တာပါ။ ဘင်နီတက်ဇ် က သူ့အနေနဲ့ အသင်းဟောင်း လီဗာပူးလ်ရဲ့ ပြိုင်ဖက်အသင်းမှာ နည်းမပြချင်ပေမယ့်လည်း အနာဂတ်ကိုတော့ ဘယ်သူမှ ကြိုမသိနိုင်ဘူးလို့ အရိပ်အမြွက်ဆိုခဲ့ပါသေးတယ်။

နာပိုလီ ။         ။ နာပိုလီအသင်းဥက္ကဌ လော်ရန်းတစ် ဟာ အသင်းနည်းပြ အန်ဆယ်လော့တီရဲ့နေရာကို အစားထိုးဖို့အတွက် ဂတ်တူဆို နဲ့ သဘောတူညီမှု ရရှိခဲ့ပြီးပြီလို့ Calciomercato သတင်းစာက ဖော်ပြပါတယ်။ နာပိုလီအသင်းအနေနဲ့ အန်ဆယ်လော့တီ တစ်ယောက် ရာထူးကနေ ထွက်ခွာသွားမယ့်အချိန်ကို စောင့်မျှော်နေတာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်တစ်ဆင့် တက်၊မတက် ဆိုတာက အန်ဆယ်လော့တီ အတွက် အဖြေဖြစ်သွားနိုင်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
၁၈-၉-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

PSG ။  ။ PSG အသင်းဟာ အသင်းကနေ ထွက်ခွာတော့မယ့် နေမာ ရဲ့ နေရာကို လီဗာပူးလ်တိုက်စစ်မှူး မာနေး နဲ့ အစားထိုးဖို့ ပြင်ဆင်နေကြောင်း ပြင်သစ်သတင်းစာတွေက ဖော်ပြနေကြပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာကတည်းက ဘာစီလိုနာအသင်းကို ပြောင်းဖို့ ဆန္ဒရှိနေတဲ့ နေမာ ကို ဒီအပြောင်းအရွှေ့မှာ PSG အသင်းက ရောင်းချသွားဖို့ရှိနေပြီး သူ့နေရာမှာ မာနေး ကို အစားထိုးခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE