၁၂-၁၀-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

အင်္ဂလန် ။       ။ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ချက်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ဟာ သူ့ရဲ့နည်းစနစ်ပိုင်းကို ပြန်လည်ဆန်းစစ်ဖို့ ဖြစ်လာစေခဲ့တယ်လို့ ၀န်ခံလိုက်ပါတယ်။ အင်္ဂလန်အသင်းဟာ ပွဲအစ (၅)မိနစ်မှာတင် ဟယ်ရီကိန်းရဲ့ ပင်နယ်တီဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန် (၉)မိနစ်မှာ ချက် အသင်းရဲ့ ချေပဂိုးတစ်ဂိုးကို ခွင့်ပြုခဲ့ရပြီး ၊ ပွဲချိန် (၈၅)မိနစ်မှာ ချက်အသင်းတိုက်စစ်မှူး အွန်ဒရာဆက် ရဲ့ အနိုင်ဂိုးကို ထပ်မံခွင့်ပြုခဲ့ရတာပါ။ ဆောက်ဂိတ် က ဒီရှုံးပွဲဟာ သူ့ရဲ့နည်းစနစ်ပိုင်းအားနည်းမှုကြောင့် ဖြစ်တယ်လို့ ၀န်ခံသွားခဲ့ပြီး ရှုံးပွဲအတွက် တာဝန်ရှိသူဟာ သူကိုယ်တိုင်ပဲလို့ ဆိုလိုက်ပါတယ်။

ကော်တင်ဟို ။   ။ ဘာစီလိုနာ အသင်းကွင်းလယ်လူ ကော်တင်ဟို ဟာ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ လီဗာပူးလ်ကို ပြန်လည်ရောက်ရှိဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်နေပြီလို့ Mirror က ဖော်ပြပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဆီ အငှားနဲ့ သွားရောက်ကစားနေပြီး အဓိက ကွင်းလယ်လူ အဖြစ် ပွဲထွက်ခွင့်ရနေတဲ့ ကော်တင်ဟို ကိုယ်တိုင်လည်း လီဗာပူးလ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ဖို့  ဆန္ဒရှိနေတယ်လို့  သတင်းတွေကဖော်ပြနေကြပါတယ်။

 

ရော်နယ်ဒို ။     ။ ပေါ်တူဂီက လူဇင်ဘတ်အသင်းကို (၃-၀)နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပေါ်တူဂီအတွက် သွင်းဂိုး တစ်ဂိုး သွင်းယူပေးခဲ့တဲ့ ရော်နယ်ဒို ကတော့ ကစားသမားဘ၀မှာ သွင်းဂိုး (၆၉၉) ပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။ ဘောလုံးသမိုင်းတစ်လျှောက်မှာတော့ ကစားသမားဘ၀ သွင်းဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားက ပီလီ ပဲဖြစ်ပြီး (၇၅၇)ဂိုးနဲ့ နံပတ်(၁)နေရာမှာ ဦးဆောင်နေခဲ့ကာ ရော်နယ်ဒိုကတော့ နံပတ်(၅)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ လူဇင်ဘတ်အသင်းဖက်ကို ရော်နယ်ဒို သွင်းယူသွားတဲ့ သွင်းဂိုးအပေါ် ပရိသတ်တွေက ချီးကျူးနေကြပြီး ပါးနပ်တဲ့ သွင်းဂိုးတစ်ဂိုးလို့ မှတ်ချက်ပေးနေကြပါတယ်။

READ
Instagram မှာ six - pack ဓါတ်ပုံတင်ခဲ့တဲ့ ဖာဘရီဂတ်စ်ကို လှောင်ပြောင်ခဲ့တဲ့ ဒေးဗစ်ဗီလာ

https://twitter.com/i/status/1182751145791348736

ကန်တီ ။         ။ အိုက်စလန်နဲ့ပြင်သစ်ပွဲမတိုင်မီ လေ့ကျင့်ရေးကွင်းမှာ ကြွက်သားဒဏ်ရာ ရရှိသွားခဲ့တဲ့ ကန်တီ ရဲ့အခြေအနေဟာ တူရကီနဲ့ ကစားမယ့် ပွဲမှာလည်း ပါဝင်နိုင်ဦးမှာမဟုတ်ဘူးလို့ နည်းပြ ဒက်ချမ့်ပ်က အတည်ပြုလိုက်ပါတယ်။ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပေါင်ခြံဒဏ်ရာ ရရှိသွားခဲ့ပြီးတဲ့နောက် ချယ်လ်ဆီးနည်းပြ လမ်းပတ်က ကန်တီကို အင်္ဂလန်မြေဆီ ပြန်လာစေခဲ့ပြီး ဆေးဝါးကုသမှု ခံယူစေခဲ့တာဖြစ်ပါတယ်။

ဖယ်လိုင်နီ ။     ။ မန်ယူအသင်းကစားသမားဟောင်း ဖယ်လိုင်နီ က မန်ယူအသင်းဟာ နည်းပြမော်ရင်ဟို ကို ထုတ်ပယ်လိုက်တဲ့အချိန် စောလွန်းခဲ့တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ မော်ရင်ဟိုရဲ့ လက်ထက်မှာ ပွဲထွက်ခွင့်အချို့ရခဲ့ပြီး မော်ရင်ဟိုရဲ့ မျက်နှာသာပေးမှုကို ခံရတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြတဲ့ ဖယ်လိုင်နီဟာ လက်ရှိမှာ တရုတ်ကလပ် ရှန်ဒေါင်းအသင်းမှာ ကစားနေသူပါ။ ဖယ်လိုင်နီ က  မန်ယူအသင်းအနေနဲ့မော်ရင်ဟို ကို ဒီ့ထက်ပိုပြီးအချိန်ပေးသင့်ကြောင်းနဲ့ သူ့ကို ထုတ်ပယ်တာ စောလွန်းခဲ့တဲ့အတွက် အခုလိုမျိုးအခြေအနေတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

READ
(၁၈-၄-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE