၁၂-၁၁-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဘာစီလိုနာ ။    ။ မနေ့ညက ကစားခဲ့တဲ့ ဘက်တစ်အသင်းနဲ့ ပွဲစဉ်မှာ (၃-၄) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ဘာစီလိုနာအသင်းဟာ ဒီရာသီရဲ့ ပထမဆုံး အိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်သွားခဲ့ရပါတယ်။ အသင်းရဲ့တိုက်စစ်မှာ မက်ဆီ ပြန်လည်ပါဝင်လာခဲ့ပေမယ့် ဘာစီလိုနာခံစစ်ပိုင်းကတော့ ဆိုးဆိုးရွားရွားကို ပျက်စီးနေခဲ့ပြီး ပထမပိုင်းပွဲချိန်မှာတင် ဘက်တစ်အသင်းရဲ့ ဦးဆောင်ဂိုး (၂) ဂိုးကို ခွင့်ပြုခဲ့ရတာပါ။ ဒုတိယပိုင်းမှာလည်း ဘာစီလိုနာတို့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ကွင်းလယ်လူ ရာကီတစ် နှစ်ဝါတစ်နီ နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့အပြင်၊ ဘက်တစ်ရဲ့ သွင်းဂိုး (၂) ဂိုးကိုလည်း ထပ်မံခွင့်ပြုခဲ့ရတာပါ။ ဘာစီလိုနာအသင်းအတွက် တိုက်စစ်မှူး မက်ဆီ (၂) ဂိုးသွင်းပေးနိုင်ခဲ့ပေမယ့် သရေတစ်မှတ်တောင် မရရှိခဲ့ပဲ ဒီရာသီရဲ့ ပထမဆုံး လာလီဂါအိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်သွားခဲ့ရတာပဲဖြစ်ပါတယ်။

မန်ယူ ။ ။ မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား မာတာနဲ့ တိုက်စစ်မှူး ဆန်းချက်ဇ်တို့ဟာ မန်စီးတီးကို ရှုံးနိမ့်နေတဲ့ ပွဲချိန်အတွင်းမှာ ရယ်မောနေကြတာကြောင့်မန်ယူအသင်းပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ မန်စီးတီးက မန်ယူကို (၁-၀) ဂိုးနဲ့ အနိုင်ရနေချိန်မှာ မန်ယူအသင်းရဲ့ ကစားပုံကိုကြည့်ပြီး မာတာနဲ့ ဆန်းချက်ဇ်တို့က ရယ်မောနေခဲ့ကြတာပါ။ ဒီဖြစ်ရပ်ကို ရုပ်သံပြကွက်တွေကနေတစ်ဆင့် ပရိသတ်တွေက သတိထားမိသွားခဲ့ပြီး အသင်းအတွက် အလေးအနက် မထားကြသူတွေအဖြစ် စွပ်စွဲနေကြတာပဲ ဖြစ်ပါတယ်။

Youtube

ဂျူဗင်တပ်စ် ။    ။ အေစီမီလန်ကို အဝေးကွင်းမှာ (၀-၂) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေရာသီအဖွင့် (၁၂) ပွဲ ကစားအပြီးမှာ ရမှတ် (၃၄)မှတ် ရရှိသွားခဲ့တာကြောင့် အသင်းရဲ့ သမိုင်းမှာ ရမှတ်အများဆုံး စံချိန်သစ် ဖြစ်လာခဲ့ပါတယ်။ ဂျုဗင်တပ်စ်အတွက် သွင်းဂိုးတွေကို ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခဲ့တဲ့ မန်ဇူကစ်နဲ့ တိုက်စစ်မှူး ရော်နယ်ဒို တို့က သွင်းယူပေးခဲ့ကြပြီး အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ခဲ့ရတဲ့ ဟီဂူအင်ကတော့ ပွဲချိန်ပထမပိုင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ၀င်အောင် မကန်သွင်းနိုင်ခဲ့ပါဘူး။ ဒီရလဒ်ကြောင့် ဂျူဗင်တပ်စ်ဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ရှုံးပွဲမရှိအောင် ကစားထားနိုင်ဆဲပဲ ဖြစ်ပြီး နည်းပြ အယ်လီဂရီကတော့ သူတို့ရဲ့အကောင်းဆုံး ပုံစံကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ဆိုထားပါတယ်။

READ
၁၁-၇-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ စုစည်းမှု
PA

အမ်မရီ ။         ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီက ၀ုဗ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ရမှတ် (၁) မှတ်ရရှိခဲ့ခြင်းက ကံကောင်းခဲ့တာသာဖြစ်တယ်လို့ ၀န်ခံလိုက်ပါတယ်။ အာဆင်နယ်ဟာ ၀ုဗ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရတဲ့ အဲဒီပွဲစဉ်မှာ ဧည့်သည်အသင်းရဲ့ ဦးဆောင်ဂိုးကို ပွဲချိန် ပထမပိုင်းကတည်းက ခွင့်ပြုခဲ့ရပြီး တစ်ချိန်လုံး ချေပဂိုးရဖို့ ခက်ခက်ခဲခဲ ကြိုးစားနေခဲ့ရတာပါ။ ပွဲချိန် (၈၇) မိနစ်မှာမှ အာဆင်နယ်အသင်း ချေပဂိုးရရှိသွားခဲ့တာဖြစ်ပြီး ကွင်းလယ်လူ မီခီတာရန် က သွင်းယူပေးသွားခဲ့တာပါ။ နည်းပြ အမ်မရီကတော့ ဒီပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ ကစားပုံဟာ စိတ်ကျေနပ်စရာမကောင်းကြောင်း ၀န်ခံခဲ့ပြီး အသင်းကစားသမားတွေအနေနဲ့ ကံကောင်းလို့သာ သရေတစ်မှတ်ရခဲ့တာလို့ ၀န်ခံသွားခဲ့ပါတယ်။

AFP

 

ဆီဂတ်ဆင် ။    ။ ချယ်လ်ဆီးအသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ ပွဲစဉ်မှာ ဂျော်ဂျင်ဟိုရဲ့ ကြမ်းကြမ်းတမ်းတမ်းကစားမှုကို ခံခဲ့ရတဲ့ ဆီဂတ်ဆန်ကတော့ ပွဲအပြီးမှာ ချက်ချင်းပဲ ကုသမှု ခံယူခဲ့ရပါတယ်။ မီဒီယာတွေက ခြေထောက်မှာ ဒဏ်ရာသက်သာစေဖို့ အကာအကွယ်ဖိနပ် စီးထားခဲ့ရတဲ့ ဆီဂတ်ဆန်ရဲ့ ဓာတ်ပုံတွေကို ဖော်ပြခဲ့ကြပြီး အိုက်စလန်ကွင်းလယ်လူဟာ ဆိုးရွားတဲ့ ဖျက်ထုတ်မှုမျိုးနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဖော်ပြနေကြတာပါ။ အဲဒီပွဲစဉ်မှာ ချယ်လ်ဆီးအသင်းနဲ့ အဲဗာတန်တို့ ဂိုးမရှိသရေကျခဲ့ပြီး နှစ်သင်းစလုံးကကြမ်းတမ်းတဲ့ ကစားပုံတွေကို ပြသခဲ့ကြတာပါ။

READ
ဘာစီလိုနာအသင်း၏ တွစ်တာအကောင့် အဟက်ခံရပြီး၊ ဒီမာရီယာကို ခေါ်ယူခဲ့ကြောင်း ဖော်ပြခဲ့
TheSun

ပေါ့ဂ်ဘာ ။       ။ ဂျူဗင်တပ်စ်အသင်းဟာ မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာကိုခေါ်ယူဖို့အတွက် ဆန်ဒရို၊ မန်ဇူကစ်နဲ့ ဘာနာတီယာ တို့ထဲက မန်ယူအသင်းအလိုရှိတဲ့တစ်ယောက်ကို အလိုက်ပေးဖို့ အဆင်သင့်ဖြစ်နေတယ်လို့ အီတလီသတင်းစာတွေက ဖော်ပြနေကြပါတယ်။ ဒီကစားသမား (၃) ဦးစလုံးက မော်ရင်ဟိုရဲ့ စိတ်ကြိုက်ကစားသမားတွေဖြစ်ကြတာကြောင့် မော်ရင်ဟိုဟာ ပေါ့ဂ်ဘာထက်စာရင် ဒီထဲက တစ်ယောက်ကို ရွေးချယ်လိမ့်မယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။ ဂျူဗင်တပ်စ်ရဲ့ အားကစားဒါရိုက်တာ ဖေဘီယို ကတော့ ပေါ့ဂ်ဘာကို တူရင်မြေဆီ ပြန်လည်ရောက်ရှိဖို့ ကြိုးစားသွားမယ်လို့ ၀န်ခံထားပြီး မကြာခင်မှာ အပြောင်းအရွှေ့ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Linn

Source : TheSun , Dailymail , Mirror

SHARE