၁၂-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

စတာလင် ။      ။ မန်စီးတီးအသင်းနဲ့ အင်္ဂလန်အသင်းးတိုက်စစ်မှူး စတာလင် ဟာ အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ အသင်းဖော် ဂျိုးဂိုမက်ဇ်နဲ့ ပြဿနာ ဖြစ်ပွားခဲ့ပြီးနောက် မွန်တီနီဂရိုးနဲ့ ပွဲစဉ်ကို ပါဝင်မှာမဟုတ်တော့ဘူးလို့ အသင်းတာဝန်ရှိသူတွေက ကြေညာလိုက်ပါတယ်။ စတာလင်နဲ့ ဂိုမက်ဇ် တို့ဟာ လီဗာပူးလ်-မန်စီးတီး ပွဲစဉ်က ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ ပြဿနာ ဖြစ်ခဲ့ကြတာဖြစ်ပြီး နည်းပြ ဆောက်ဂိတ် ကိုယ်တိုင်က စတာလင် ကို လူစာရင်းကနေ ထုတ်ပယ်သွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ BBC က ဖော်ပြပါတယ်။

ရော်နယ်ဒို ။     ။ ဂျူဗင်တပ်စ်နဲ့အေစီမီလန်တို့ရဲ့ ပွဲစဉ်မှာ ပွဲမပြီးဆုံးသေးခင် ကွင်းအတွင်းက ထွက်သွားခဲ့တဲ့ ရော်နယ်ဒို ကို ဒဏ်ရိုက်သွားဖို့မရှိဘူးလို ဂျူဗင်တပ်စ်အသင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ လူစားလဲခံခဲ့ရလို့ ဒေါသထွက်နေခဲ့ပြီး ပွဲမပြီးဆုံးသေးခင် (၁၀)မိနစ်အလိုမှာ ကွင်းအတွင်းကနေ ထွက်သွားခဲ့တဲ့ ရော်နယ်ဒို ရဲ့ လုပ်ရပ်ဟာ လေးစားမှုမရှိဘူးလို့ သုံးသပ်သူတွေရှိနေခဲ့ပေမယ့်လည်း ရော်နယ်ဒို ကို ဒဏ်ရိုက်တာမျိုး ပြုလုပ်သွားမှာမဟုတ်ဘူးလို့ အသင်းတာဝန်ရှိသူတွေက အသိပေးခဲ့တာပါ။

 

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်ရဲ့ အသက် (၂၄)နှစ်အရွယ် ကွင်းလယ်လူ ကင်မစ်ခ်ျ ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း Marca သတင်းစာက ဖော်ပြပါတယ်။ ခံစစ်မှာရော၊ ကွင်းလယ်မှာပါ ကစားနိုင်တဲ့ ကင်မစ်ခ်ျ ဟာ နည်းပြ ကိုဗက် လက်ထက်မှာ ပွဲထွက်ခွင့်ကနေ ချန်လှပ်ခြင်းခံခဲ့ရပြီးတဲ့နောက် အသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ အသံတွေ ထွက်နေခဲ့တာပါ။

မန်စီးတီး ။       ။ မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ လာမယ့် အပြောင်းအရွှေ့မှာ ပေါင်သန်း(၁၀၀)ကျော် အသုံးပြုသွားဖို့ရှိနေကြောင်း Dailymail က ဖော်ပြပါတယ်။ ဂွာဒီယိုလာ ရဲ့ အသင်းဟာ လီဗာပူးလ်ကို ပြီးခဲ့တဲ့ တစ်ပတ်က ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အသင်းဘုတ်အဖွဲ့က ကစားသမားသစ်တွေခေါ်ယူဖို့ ခွင့်ပြုပေးမယ်ဆိုတဲ့အကြောင်း အတည်ပြုပေးခဲ့ကြတာပါ။ သတင်းတွေကတော့ ဂွာဒီယိုလာ ဟာ ခံစစ်ပိုင်းအတွက် ကစားသမားတွေကို အဓိက ခေါ်ယူအားဖြည့်သွားဖို့ ပြင်ဆင်နေကြောင်း ဖော်ပြသွားခဲ့ပါတယ်။

မာတန်စ် ။       ။ နာပိုလီအသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဒရိုင်းမာတန်စ် ဟာ အသင်းကနေ ထွက်ခွာဖို့အတွက် စီစဉ်နေပြီဖြစ်ကြောင်း အီတလီသတင်းစာတွေက ဖော်ပြနေကြပါတယ်။ အသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ ညှိနှိုင်းမှုတွေ အဆင်မပြေဖြစ်ခဲ့တဲ့ မာတန်စ်ဟာ နာပိုလီကနေ ထွက်ခွာဖို့ သေချာသွားခဲ့ပြီး အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆက်သွယ်နေတယ်လို့ သိရပါတယ်။

READ
(၁၄-၄-၂၀၁၉)အတွက် ညနေပိုင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE