၁၈-၁၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Mirror

အာတီတာ ။     ။ အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းရဲ့ လက်ထောက်နည်းပြ အာတီတာ ကို အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ အာဆင်နယ်ဟာ သူတို့ရဲ့ ကစားသမားဟောင်းကို (၃)နှစ်ခွဲ စာချုပ်နဲ့ ခန့်အပ်လိုက်တာဖြစ်ပြီး လာမယ့် အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာ စတင် တာဝန်ယူကိုင်တွယ်ရမှာဖြစ်ပါတယ်။ အာတီတာ အနေနဲ့ ဒီကြားရက်မှာ ကစားမယ့် မန်စီးတီးအသင်းရဲ့ ကာရာဘောင်းဖလားပွဲကိုတော့ တာဝန်ယူပေးသွားဦးမှာဖြစ်ပြီး ဒီပွဲစဉ်ပြီးဆုံးသွားတာနဲ့ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့သွားတော့မှာဖြစ်ပါတယ်။

ဗီလာ ။ ။ ဗီလာအသင်းဟာ ကာရာဘောင်းဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်မှာ လီဗာပူးလ်အသင်းကို (၅-၀)ဂိုးနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့ရှိနေတာကြောင့် လီဗာပူးလ်ဟာ ဒီပြိုင်ပွဲကို လူငယ်ကစားသမားတွေနဲ့သာ ယှဉ်ပြိုင်ခိုင်းခဲ့တာဖြစ်ပြီး လောင်းစတက်ဖ်၊ အဲလိယော့ တို့က လီဗာပူးလ်တိုက်စစ်ကို ဦးဆောင်ခဲ့တာပါ။ လီဗာပူးလ်အသင်းအနေနဲ့ ဘောလုံးပိုင်ဆိုင်မှုတွေ၊ ဂိုးကန်သွင်းမှုတွေမှာ ဗီလာအသင်းထက် အသာရခဲ့ပေမယ့်လည်း အဆုံးသတ်ပိုင်းမှာတော့ အားနည်းခဲ့လို့ ဗီလာအသင်းရဲ့ သွင်းဂိုးတွေကို ခွင့်ပြုပြီး ဂိုးပြတ်ရှုံးပွဲတစ်ပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။

 

ဆန်ချို ။          ။ မနေ့ညက ကစားခဲ့တဲ့ ဒေါ့တ်မွန်အသင်းနဲ့ လိုက်ပ်ဇစ် အသင်းတို့ရဲ့ ပွဲစဉ်မှာ ဒေါ့တ်မွန်အတွက် သွင်းဂိုး တစ်ဂိုး သွင်းယူပေးခဲ့တဲ့ ဆန်ချိုဟာ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲသမိုင်းမှာ မှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့ပါတယ်။ ဆန်ချိုဟာ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ သွင်းဂိုး (၂၂)ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက် အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့တာဖြစ်ပြီး (၂၂)ဂိုးပြည့်ချိန်မှာ သူ့ရဲ့အသက်က (၁၉)နှစ်နဲ့ (၂၆၇)ရက်သာ ရှိပါသေးတယ်။ ဆန်ချိုရဲ့အရှေ့မှာ ဒီစံချိန်ကို တင်ထားသူကတော့ ကော့ပယ်လ် ပဲဖြစ်ပြီး (၁၉၆၈)ခုနှစ်မှာ ကောပယ်လ်တစ်ယောက် သွင်းဂိုး (၂၂)ဂိုးပြည့်တဲ့အချိန်က အသက် (၁၉)နှစ်နဲ့ (၂၆၉)ရက်သာ ရှိပါသေးတယ်။

ပဲလေ့စ် ။         ။ ပဲလေ့စ်အသင်းဟာ သူတို့ရဲ့ တောင်ပံကစားသမား ဇာဟာ ကို ပေါင်သန်း(၈၀)နဲ့ ရောင်းချဖို့ ပြင်ဆင်နေပြီး လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ ဈေးကွက်ထဲ ရောက်လာဖို့ရှိတယ်လို့ Daily Mail က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တုန်းကတော့ အာဆင်နယ်နဲ့ အဲဗာတန်အသင်းတို့ဟာ ဇာဟာ ကို ခေါ်ယူဖို့ အပြိုင်ကြိုးစားခဲ့ကြပြီး ပဲလေ့စ်အသင်းက ဒီကစားသမားကို ဆက်ထိန်းထားဖို့ ဆုံးဖြတ်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ အသင်းအနေနဲ့ ဇာဟာ ကို ရောင်းချဖို့ ပြင်ဆင်နေပြီး ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလတုန်းကသတ်မှတ်ထားတဲ့ ဈေးနှုန်းကိုပဲ ထပ်မံတောင်းဆိုသွားဖို့ ရှိနေခဲ့တာပါ။

မန်ယူ ။ ။ မန်ယူအသင်းတာဝန်ရှိသူတွေကတော့ လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ဆဲလ်ဘတ် တိုက်စစ်မှူး ဟာလန်း ကို အရခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ မန်ယူအသင်းဟာ အသက် (၁၉)နှစ်အရွယ် တိုက်စစ်မှူးလေးအတွက် ပေါင်(၇၆)သန်း အသုံးပြုသွားမှာဖြစ်ပြီး ဆဲလ်ဘတ်အသင်းအနေနဲ့ ဟာလန်း ကို သူတို့ဆီ တစ်ရာသီ အငှားပြန်ချပေးဖို့ တောင်းဆိုထားတယ်လို့ TheSun က ဖော်ပြပါတယ်။

READ
၂၀-၉-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE