၁၂-၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

လမ်းပတ် ။      ။ ချယ်လ်ဆီးအသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ဆာရီသာ ထုတ်ပယ်ခံရရင် နောက်ထပ် ခန့်အပ်မယ့် နည်းပြဟာ ချယ်လ်ဆီးကစားသမားဟောင်း လမ်းပတ် ဖြစ်လိမ့်မယ်လို့ လောင်းကစားဒိုင်တွေက ခန့်မှန်းခဲ့ကြပါတယ်။ ဗြိတိန်လောင်းကစားဒိုင်တွေဟာ ချယ်လ်ဆီးနည်းပြသစ် အဖြစ် လက်ရှိဒါဘီအသင်းနည်းပြ လမ်းပတ်ကို လောင်းကြေးအမြင့်ဆုံးပေးထားကြပြီး သူ့ရဲ့နောက်မှာမှ ဇီဒန်းနဲ့ လောရင့်ဘလန့်တို့ရှိနေတာပါ။ လမ်းပတ်ဟာ သူ့ရဲ့မန်နေဂျာဘ၀ကို ဒါဘီအသင်းနဲ့အစပြုထားသူဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသထားသူမို့ ချယ်လ်ဆီးနည်းပြ ဖြစ်နိုင်ချေစာရင်းထဲမှာ ထိပ်ဆုံးကနေ ရပ်တည်နေတာဖြစ်ပါတယ်။

လီဗာပူးလ် ။     ။ ဒီတစ်ပတ်ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ပါဝင်ကစားရခြင်းမရှိတဲ့ လီဗာပူးလ်အသင်းဟာ စပိန်နိုင်ငံမှာ (၄)ရက်ကြာ သွားရောက်နေထိုင်ပြီး လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ အတွက် ဒီနေ့နံနက်ပိုင်းမှာ လီဗာပူးလ်လေဆိပ်ကနေ ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးလ်နည်းပြ ကလော့ပ်ဟာ အသင်းသားတွေကို ပူနွေးတဲ့ နေရာဒေသမှာ လေ့ကျင့်ရေးအစီအစဉ်တွေ လုပ်ဆောင်ဖို့ ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး မာဘယ်လာ လေ့ကျင့်ရေးစခန်းရှိတဲ့ စပိန်နိုင်ငံကို ချီတက်သွားခဲ့တာပါ။ လီဗာပူးလ်အသင်း ကစားသမားအစုံအလင် ပါဝင်ခဲ့ပြီး ဒဏ်ရာကနေ ပြန်လည်သက်သာလာနေပြီဖြစ်တဲ့ ချိန်ဘာလိန်လည်း လိုက်ပါသွားခဲ့ပါတယ်။

Dailymail

ဒီမာရီယာ ။      ။ PSG အသင်း ကွင်းလယ်ကစားသမား ဒီမာရီယာက အိုးလ်ထရက်ဖို့ဒ်မြေဟာ သူ့အတွက် နာကျင်စရာမှတ်ဥာဏ်တွေကိုသာ ပေါ်ထွက်လာစေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ (၂၀၁၄)ဘောလုံးရာသီက မန်ယူအသင်းဆီကို ပေါင် သန်း(၆၀) နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဒီမာရီယာ ဟာ မန်ယူမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး (၂၇)ပွဲ ကစားကာ (၃) ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီ နောက် ရာသီမှာပဲ PSG အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး (၁၀၈)ပွဲ ကစားကာ (၃၂) ဂိုး သွင်းယူနိုင်ခဲ့တဲ့အထိ သူ့ရဲ့ခြေစွမ်းကောင်းကို ပြန်လည်ရရှိခဲ့တာပါ။ ဒီမာရီယာ က သူ့အနေနဲ့ မန်ယူအသင်းမှာ ရုန်းကန်ခဲ့ရတဲ့အချိန်တွေကို အမှတ်ရနေဆဲဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်မြေမှာ သူ့ရဲ့အရည်အချင်းအစစ်အမှန်ကို ပြသရမယ်လို့ ကြုံးဝါးလိုက်ပါတယ်။

READ
ကော်တင်ဟိုကို ပေါင်သန်း(90)နဲ့ ခေါ်မယ့် ဘာစီလိုနာနဲ့ အခြားသတင်းတိုများ
Twitter

အိုဇေးလ် ။       ။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီအပြောင်းအရွှေ့မှာ အိုဇေးလ်ကို ဈေးလျော့ပြီးရောင်းထုတ်ဖို့ အမှန်တကယ် စီစဉ်ခဲ့ပေမယ့်လည်း ကစားသမားရဲ့ လုပ်ခလစာကြောင့် ဘယ်အသင်းကမှ ကမ်းလှမ်းမှု မပြုလုပ်ခဲ့ဘူးလို့ အာဆင်နယ်အသင်းရဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ အာဆင်နယ်နည်းပြ အမ်မရီဟာ အိုဇေးလ်ရဲ့ ခြေစွမ်းကို စိတ်ပျက်နေပြီး မြင့်မားတဲ့လစာငွေနဲ့ မထိုက်တန်ဘူးလို့ ယူဆနေတာကြောင့် အသင်းကနေ ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမယ့်လည်း အိုဇေးလ်အတွက် ကမ်းလှမ်းတဲ့အသင်းတွေ ပေါ်ပေါက်မလာခဲ့တာကြောင့် အပြောင်းအရွှေ့က ဖြစ်လာခြင်းမရှိတာလို့ အာဆင်နယ်ရဲ့ ယုံကြည်ရတဲ့သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

REX

ကက်စပါရှမိုက်ကယ် ။   ။ လက်စတာအသင်းရဲ့ ဂိုးသမား ရှမိုက်ကယ်ဟာ နည်းပြ ပူယယ်နဲ့ အဆင်မပြေဖြစ်နေပြီး အသင်းပြောင်းဖို့အထိ စဉ်းစားနေတယ်လို့ ဖခင်ဖြစ်သူ ပီတာရှမိုက်ကယ်က ဖွင့်ဟ သွားခဲ့ပါတယ်။ အသက် (၃၂)နှစ်အရွယ် ဂိုးသမားဟာ (၂၀၁၁) ခုနှစ်ကတည်းက လက်စတာအသင်းဆီ ရောက်ရှိလာခဲ့သူဖြစ်ပြီး (၂၀၁၆)ခုနှစ်၊ လက်စတာအသင်း ပရီးမီးယားလိဂ် ချန်ပီယံဆု ဆွတ်ခူးချိန်မှာ အဓိက နေရာက ပါဝင်ခဲ့တာပါ။ ပီတာ က ကက်စပါ ဟာ လက်ရှိနည်းပြရဲ့ နည်းစနစ်ပိုင်းနဲ့ အဆင်မပြေဖြစ်နေပြီး သူတို့နှစ်ယောက်ရဲ့ကြားထဲက ဆက်ဆံရေးဟာလည်း ကောင်းမွန်တဲ့အခြေအနေမှာ မရှိဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့တာပါ။

READ
၆-၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
PA

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းဟာ အေစီမီလန်အသင်းဆီ အငှားချထားတဲ့ ကွင်းလယ်လူ ဘာကာယိုကို နဲ့ အေစီမီလန်ကွင်းလယ်လူ ကစ်ဆီ တို့ကို အလဲအထပ် ပြုလုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ (၂၀၁၇) ဘောလုံးရာသီက ချယ်လ်ဆီးကို ပေါင် သန်း (၄၀)နဲ့ ရောက်လာခဲ့တဲ့ ဘာကာယိုကို ဟာ အသင်းအတွက် ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် အေစီမီလန်အသင်းဆီကို အငှားချထားခဲ့တာပါ။ လက်ရှိအချိန်မှာတော့ အေစီမီလန်ရဲ့ ကွင်းလယ်မှာ ဘာကာယိုကို တစ်ယောက် နေရာရနေခဲ့ပြီး အဲဒီအခြေအနေမှာ ချယ်လ်ဆီးနည်းပြ ဆာရီက ကစားသမားအလဲအလှယ် ပြုလုပ်ချင်နေတာဖြစ်ပါတယ်။

Linn

Source : TheSun , Dailymail , Goal

SHARE