၂၃-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

စပါး ။   ။ မနေ့ညက ကစားခဲ့တဲ့ စပါးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ပွဲစဉ်မှာ ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါ ကို လူမျိုးရေးခွဲခြားခဲ့ပြီး ကွင်းအတွင်းကို အရာဝတ္ထုပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့တဲ့ စပါးပရိသတ်တွေကို အရေးယူသွားဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ ရုပ်သံပြကွက်တွေအရ စပါးအသင်း ပရိသတ်တွေဟာ ရူဒီဂါ ကို လူမျိုးရေးခွဲခြားတဲ့လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပြီး ချယ်လ်ဆီးဂိုးသမား ကီပါ ကိုလည်း မီးခြစ်၊ ရေဗူး စတဲ့ အရာတွေနဲ့ ပစ်ပေါက်မှု ပြုလုပ်ခဲ့တာပါ။

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက မနေ့ညက ပွဲစဉ်မှာ ပေါ့ဆမှုကြောင့် ဂိုးပေးခဲ့ရတဲ့ ဒီဂီယာ ကို အပြစ်တင်သွားဖို့မရှိဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။ ၀က်ဖို့ဒ်အသင်းကို (၂-၀)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဒီဂီယာ ရဲ့ အမှားကနေ မန်ယူအသင်း ပထမဦးဆောင်ဂိုးကို ခွင့်ပြုလိုက်ရတာဖြစ်ပြီး ဒီဂီယာ အနေနဲ့ တစ်ပွဲလုံးမှာ ဒီအမှားလေးတစ်ကြိမ်ကိုပဲ ပြုလုပ်မိခဲ့တာဖြစ်ကြောင်းနဲ့ အဲဒီအပေါ် အပြစ်တင်နေဖို့မလိုကြောင်း ဆိုးလ်ရှားက ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

 

ဂျူဗင်တပ်စ် ။    ။ ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ကစားသမားသုံးဦးအထိ ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ဘာစီလိုနာရဲ့ ရာကီတစ် ၊ ဘရက်စီယာနောက်ခံလူ တိုနယ်လီ နဲ့ PSG ကွင်းလယ်လူ ပါရီဒက်စ်တို့ကို ဆက်သွယ်နေတယ်လို့ Mirror က ဖော်ပြပါတယ်။ ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီ ကိုယ်တိုင်ကလည်း လာမယ့် ဇန်န၀ါရီမှာ ကစားသမားသစ်ခေါ်ယူမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း ပြောဆိုထားခဲ့တာကြောင့် ဂျူဗင်တပ်စ်အသင်းအနေနဲ့ ကစားသမားအပြောင်းအလဲတွေကို ပြုလုပ်သွားဖို့ သေချာသလောက်ဖြစ်နေခဲ့တာပါ။

မန်ဇူကစ် ။       ။ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး မန်ဇူကစ် ဟာ ကာတာကလပ် အယ်လ်ဒူဟေးအသင်းဆီကို ဆေးစစ်ခံဖို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။ Goal ရဲ့ ဖော်ပြချက်အရ မန်ဇူကစ်ဟာ မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီး ကာတာ ကို ပြောင်းရွှေ့ကစားဖို့ကိုသာ ဆုံးဖြတ်ခဲ့တယ်လို့ သိရတာပါ။

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းဟာ မန်ယူ၊ အေစီမီလန် တို့ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ နောက်ခံလူ တိုဒီဘို ကိုရောင်းချသွားဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း Marca သတင်းစာက ဖော်ပြပါတယ်။ အသက် (၁၉)နှစ်အရွယ်သာ ရှိသေးတဲ့ လူငယ်နောက်ခံကစားသမားဟာ ဒီရာသီမှာ ဘာစီလိုနာအတွက် (၃)ပွဲ ကစားပေးထားပြီး အလားအလာကောင်းတဲ့ ကစားသမားတစ်ယောက်အဖြစ် အားလုံးက သတ်မှတ်ထားကြတာပါ။

READ
ဘေးလ်ကိုထိန်းနိုင်မှ အခြေအနေကောင်းမယ့်အင်္ဂလန်

Linn

Source : TheSun , Goal , Mirror

SHARE