၃-၁၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

မက်ဆီ ။         ။ (၂၀၁၉) ခုနှစ်အတွက် တစ်နှစ်တာ အကောင်းဆုံး အမျိုးသားဘောလုံးသမား (Ballon D’or) ဆုကို ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး မက်ဆီ က ဆွတ်ခူးသွားခဲ့ပါတယ်။ မက်ဆီ ဟာ ဘလွန်းဒီအော ဆုကို (၆)ကြိမ်အထိ ရရှိခဲ့ခြင်းဖြစ်ပြီး ဘောလုံးသမိုင်းတစ်လျှောက်မှာ ဒီဆုကို အကြိမ်ရေအများဆုံး ရရှိထားတဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါပြီ။ မက်ဆီဟာ (၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၅၊ ၂၀၁၉) ခုနှစ်တွေမှာ ဘလွန်းဒီအော ဆုကို ဆွတ်ခူးနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ယောက်ဖြစ်ကြောင်းကို ဒီနည်းလမ်းနဲ့ သက်သေပြသွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အင်တာ ။        ။ အင်တာမီလန်အသင်းဟာ ဘာစီလိုနာအသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ တိုက်စစ်မှူး မာတီနက်ဇ်ကို အသင်းမှာ ဆက်လက်ထိန်းထားနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ အသက် (၂၂)နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီမှာ အင်တာမီလန်အတွက် ခြေစွမ်းပြနေပြီး ဘာစီလိုနာအသင်းတိုက်စစ်မှူး ဆွာရက်ဇ်ရဲ့ နေရာကို အစားဝင်မယ်လို့ ရေပန်းစားနေသူပါ။ အင်တာမီလန် CEO မာရော့တာ ကတော့ မာတီနက်ဇ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ အပြောင်းအရွှေ့သတင်းတွေဟာ ကောလာဟလ သာ ဖြစ်ကြောင်းနဲ့ မာတီနက်ဇ်အနေနဲ့ အသင်းမှာ ဆက်ရှိနေမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

မစ်ဒယ်ဘရော့ ။ ။ ရလဒ်တွေဆိုးရွားနေတဲ့ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ အသင်းဟာ လက်ရှိနည်းပြ ဂျိုနသန်ဝုဒ်ဂိတ် ကို ရာထူးကနေ ထုတ်ဖို့ စီစဉ်နေပြီး သူ့နေရာမှာ ကာဒစ်ဖ်နည်းပြဟောင်း နေးလ်ဝါနော့ခ် ကို ခန့်အပ်ဖို့ ပြင်ဆင်နေတယ်လို့ TheSun က ဖော်ပြပါတယ်။ အသက် (၇၁)နှစ်အရွယ် နည်းပြကြီးဟာ ချန်ပီယံရှစ်အမှတ်ပေးဇယားရဲ့ အဆင့်(၂၀)မှာ ရပ်တည်နေတဲ့ မစ်ဒယ်ဘရော့ ကို ကယ်တင်ပေးဖို့ ရောက်လာဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
Euro 2016တွင်ပါဝင်မည့်နာမည်ကြီးအသင်းများ၏ နောက်ဆုံးရလူစာရင်းများ

 

ရိုးမား ။ ။ ရိုးမားအသင်းဟာ လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့ကာလမှာ နာပိုလီနောက်ခံလူ ဟိုဆက်ခ်ျ ကို ခေါ်ယူဖို့ အဓိက ကြိုးစားသွားမှာဖြစ်တယ်လို့ Calciomercato သတင်းစာက ဖော်ပြပါတယ် ရိုးမားအသင်းနည်းပြ ဖွန်ဆီကာ ဟာ စပီနက်ဇိုလာ ၊ ဇက်ပါကော်စတာ တို့ ဒဏ်ရာပြဿနာ ရှိနေတဲ့ ရိုးမား ခံစစ်ပိုင်းကို အားဖြည့်ဖို့ ကြိုးစားနေတာဖြစ်ပြီး အသင်းခေါင်းဆောင် ဖလော်ရန်ဇီရဲ့ မကြာခဏ ဒဏ်ရာရနေမှုကြောင့်လည်း ဟိုင်ဆက်ခ်ျ ကို အရေးပေါ် ခေါ်ယူဖို့ ကြိုးစားလာတာ ဖြစ်တယ်လို့ သိရပါတယ်။

အာတီတာ ။     ။ အာဆင်နယ်အသင်း တိုက်စစ်မှူးဟောင်း အလန်စမစ် က အာဆင်နယ်ရဲ့ လစ်လပ်နေတဲ့နည်းပြနေရာအတွက် အသင့်တော်ဆုံးနည်းပြဟာ အာတီတာ သာ ဖြစ်ကြောင်း ထောက်ခံလိုက်ပါတယ်။ ဂွာဒီယိုလာ ရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေတဲ့ အာဆင်နယ်ကစားသမားဟောင်း အာတီတာ ဟာ နည်းစနစ်ပိုင်း ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ပြီး အာဆင်နယ်အသင်းကို ပိုမိုကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း အလန်စမစ်က ဆိုလိုက်ပါတယ်။

READ
အာဆင်နယ် Vs ဘာစီလိုနာပွဲကြိုသုံးသပ်ချက်

Linn

Source : TheSun , Goal , Mirror

SHARE