၃၀-၁၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ ကတော့ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ (၁၀၀)ကို အမြန်ဆုံးယူနိုင်တဲ့ နည်းပြအဖြစ် မော်ရင်ဟို ရဲ့ စံချိန်ကို ကျော်ဖြတ်လိုက်ပါတယ်။ မနေ့ညက ပွဲစဉ်မှာ မန်စီးတီးအသင်းက ရှက်ဖီးအသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဂွာဒီယိုလာ ရဲ့ နိုင်ပွဲ(၁၀၀) ပြည့်သွားခဲ့တာဖြစ်ပြီး မန်စီးတီးကို (၁၃၄)ပွဲ ကိုင်တွယ်ခဲ့အပြီးမှာတင် နိုင်ပွဲ (၁၀၀) ရရှိသွားခဲ့တာပါ။ ဂွာဒီယိုလာရဲ့အရင် ဒီစံချိန်ကို တင်ထားသူက မော်ရင်ဟို ပဲ ဖြစ်ပြီး ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ (၂၀၁၄)ခုနှစ်မှာ (၁၄၂)ပွဲကိုင်တွယ်ခဲ့ပြီး နိုင်ပွဲ (၁၀၀) ရရှိထားခဲ့တာပါ။

မိုယက်စ် ။       ။ ၀က်စ်ဟမ်းအသင်းဟာ လက်စတာအသင်းကို (၁-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ နည်းပြ ပယ်လီဂရီနီ ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး အသင်းမန်နေဂျာဟောင်းတစ်ယောက်ဖြစ်တဲ့ ဒေးဗစ်မိုယက်စ် ကို ပြန်လည်ခန့်အပ်လိုက်ပါတယ်။ အဲဗာတန်၊ မန်ယူနဲ့ဝက်စ်ဟမ်းအသင်းတွေမှာ နည်းပြဖူးတဲ့ မိုယက်စ် ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့်(၁၇)နေရာ ရောက်နေတဲ့ ၀က်စ်ဟမ်းအသင်းကို ပြန်လည်ကယ်ဆယ်ရတော့မှာဖြစ်ပါတယ်။

 

ဟာလန်း ။       ။ မန်ယူနဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ ပစ်မှတ်ကစားသမားဖြစ်တဲ့ ဆဲလ်ဘတ်တိုက်စစ်မှူး ဟာလန်း ကတော့ ဒေါ့တ်မွန်အသင်းကို ပေါင်(၁၇)သန်းနဲ့ ရောက်ရှိသွားခဲ့ပါပြီ။ မန်ယူအသင်းက ပေါင်သန်း(၆၀)နဲ့ခေါ်မယ်လို့ သတင်းတွေထွက်နေခဲ့တဲ့ တိုက်စစ်မှူးဟာ ဒေါ့တ်မွန်ကို ပေါင်(၁၇)သန်းနဲ့ရောက်ရှိသွားတဲ့အတွက် အားလုံးက အံ့အားသင့်နေကြပြီး မန်ယူအသင်းအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝါ့ဒ် ကို ပရိသတ်တွေက ဝေဖန်နေကြပါပြီ။

အေဗရာဟင် ။  ။ အာဆင်နယ်အသင်းကို (၁-၂)နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ အသင်းနည်းပြ လမ်းပတ် က တိုက်စစ်မှူး အေဗရာဟင် ကို မြင်နေရတာဟာ တစ်ချိန်တုန်းက ချယ်လ်ဆီးတိုက်စစ်မှူး ဒရော့ဂ်ဘာ ကို မြင်တွေ့နေရတဲ့အတိုင်းပဲလို့ ချီးကျူးသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းကို မိနစ် (၈၀)လောက်အထိ (၁-၀)ဂိုးနဲ့ ရှုံးနေရာကနေ ပွဲအပြီးမှာ (၁-၂)ဂိုးနဲ့ အနိုင်ရသွားခဲ့တဲ့ ချယ်လ်ဆီးအတွက် အဓိက ကျခဲ့သူက တိုက်စစ်မှူး အေဗရာဟင် ပဲဖြစ်ပြီး (၈၇)မိနစ်မှာ ချယ်လ်ဆီးအသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

ဝက်ဖို့ဒ် ။         ။ ၀က်ဖို့ဒ်အသင်းဟာ အေစီမီလန်ရဲ့ဘယ်နောက်ခံလူ ရီကာဒို ရိုဒရီဂွက်ဇ် ကို ဇန်န၀ါရီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ ဆက်သွယ်နေတယ်လို့ Daily Mail က ဖော်ပြပါတယ်။ ၀က်ဖို့ဒ်အသင်းကို ရလဒ်ကောင်းတွေ ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးနေတဲ့ နည်းပြသစ် ပီယာဆင် အတွက် ကစားသမားသစ်တွေ ခေါ်ယူပေးဖို့ အသင်းတာဝန်ရှိသူတွေက ပြင်ဆင်နေတာဖြစ်ပြီး အေစီမီလန်ရဲ့ ဘဏ္ဍာရေးအဆင်မပြေမှုတွေကြောင့် ရိုဒရီဂွက်ဇ်ကိုခေါ်ဖို့ ဖြစ်လာနိုင်ချေရှိနေတာပါ။

READ
၂၄-၈-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

အယ်လ်ကာဆာ ။        ။ အက်သလက်တီကို အသင်းဟာ ဒေါ့တ်မွန်အသင်းရဲ့တိုက်စစ်မှူးအယ်လ်ကာဆာ ကို ယူရိုသန်း(၃၀)နဲ့ ကမ်းလှမ်းလိုက်ကြောင်း Marca သတင်းစာက ဖော်ပြပါတယ်။ ဟာလန်း ကို ခေါ်ယူလိုက်ပြီးတဲ့နောက် ဒေါ့တ်မွန်အသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူးတစ်ဦးကို ရောင်းချဖို့ ပြင်ဆင်နေတာဖြစ်ပြီး အယ်လ်ကာဆာ ကိုယ်တိုင်ကလည်း စပိန်မြေကို ပြန်လည်ခြေချချင်နေခဲ့တယ်လို့ Marca က ဖော်ပြပါတယ်။

Linn

Source: TheSun , Goal , Mirror

SHARE