၎-၁၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

မက်ဆီ ။         ။ ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီ က သူ့အနေနဲ့ လက်ရှိခြေစွမ်းနဲ့ အောင်မြင်မှုတွေကို ကျေနပ်နေမိပေမယ့်လည်း အနားယူရမယ့် အချိန်က တဖြည်းဖြည်းနဲ့ နီးကပ်လာပြီဆိုတာ ခံစားနေရပြီဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဘလွန်းဒီအော ဆုပေးပွဲမှာ မက်ဆီက သူ့ရဲ့ အနားယူရမယ့်အချိန် နီးကပ်လာပြီဆိုတာကို သတိပေးလိုက်တာဖြစ်ပြီး ဘာစီလိုနာအသင်းကနေ တခြားအသင်းဆီ ပြောင်းရွှေ့သွားဖို့ကတော့ လက်ရှိမှာ စဉ်းစားမထားသေးကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ယွန်းဘတ် ။     ။ အာဆင်နယ်အသင်းရဲ့ ယာယီနည်းပြ ယွန်းဘတ် က အသင်းအနေနဲ့ ပေးဂိုးများနေတဲ့ ခံစစ်ပိုင်းကို ပြင်ဆင်ဖို့ သူ့မှာ အစီအစဉ်တွေရှိထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နောဝှစ်ခ်ျအသင်းနဲ့ (၂) ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ ယွန်းဘတ် က အာဆင်နယ်အသင်းရဲ့ ခံစစ်ကစားသမားတွေဟာ မတူညီတဲ့ အားသာချက်တွေ ရှိနေကြပြီး သူတို့ရဲ့ အားသာချက်တွေကို အကောင်းဆုံး အသုံးချနိုင်ဖို့သာ လိုကြောင်း ပြောဆိုသွားခဲ့တာပါ။

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က လီဗာပူးလ်အသင်းဆီ ဆန်ချို ကို ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။ လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ဆန်ချို တစ်ယောက် ရောက်ရှိလာမယ်ဆိုတဲ့ သတင်းတွေကို ကလော့ပ်က တုန့်ပြန်လိုက်တာဖြစ်ပြီး ဆန်ချိုနဲ့ ပတ်သက်ပြီး လီဗာပူးလ်အသင်းအနေနဲ့ ဘာမှ ဆွေးနွေးနေတာ မရှိဘူးလို့ ဖြေဆိုသွားခဲ့ပါတယ်။

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှား က ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ မန်ယူအသင်းရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေက နောက်ကျခဲ့ကြောင်း ၀န်ခံလိုက်ပါတယ်။ ဆိုးလ်ရှားက မန်ယူအသင်းဟာ လူကာကူ နဲ့ ဆန်းချက်ဇ် တို့ကို အင်တာမီလန်ဆီ အချိန်နောက်ကျပြီးမှ ပြောင်းရွှေ့စေဖို့ ဆုံးဖြတ်နိုင်ခဲ့ကြောင်းနဲ့ သူတို့ရဲ့နေရာမှာ အစားထိုးဖို့ ကစားသမားတွေကိုလည်း အချိန်မီ မခေါ်နိုင်ခဲ့ကြောင်း ၀န်ခံသွားခဲ့တာပါ။

READ
လာမည့်ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ထိပ်သီးကစားသမားများ

ဂျီရော့ဒ် ။        ။ ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူး ဂျီရော့ဒ် ကို ဇန်န၀ါရီအပြောင်းအရွှေ့မှာ ရောင်းချဖို့ ပြင်ဆင်နေပြီး သူ့အတွက် ကမ်းလှမ်းလာမယ့် အသင်းတွေကို စောင့်မျှော်နေကြောင်း Dailymail က ဖော်ပြပါတယ်။ ဒီရာသီကုန်ရင် ချယ်လ်ဆီးကနေ အလွတ်ထွက်ခွာတော့မယ့် ဂျီရော့ဒ်ကို ရာသီဝက်မှာတင် ရောင်းချဖို့ ချယ်လ်ဆီးက စီစဉ်နေတာဖြစ်ပြီး သူ့ရဲ့နေရာကို ပူလီဆစ် နဲ့ အစားထိုးဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE