(၁၂.၆.၂၀၁၉) အတွက် နံနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

(AP Photo)

အမ်ဘာပေ။               ။ ပြင်သစ်အသင်းက အန်ဒိုရာ အသင်းကို (၃-၀)နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပြင်သစ်အသင်း အတွက် အဖွင့်ဂိုးသွင်းပေးခဲ့တဲ့ လူငယ်တိုက်စစ်မှူး အမ်ဘာပေဟာ နိုင်ငံနဲ့ကလပ်အသင်းတွေ သွင်းဂိုး(၁၀၀) ပြည့်မြောက်ခဲ့တယ်လို့ သိရပါတယ်။ အမ်ဘာပေဟာ သူ့ရဲ့ကစားသမားတစ်လျှောက်ပွဲပေါင်း(၁၈၀)မြောက်မှာ သွင်းဂိုး(၁၀၀) ပြည့်မြောက်ခဲ့တာပါ။

 

ဖာဒီနန်။                    ။ အင်္ဂလန်နဲ့ မန်ယူအသင်းရဲ့ ဂန္တ၀င်နောက်ခံလူဟောင်း ဖာဒီနန်က လက်ရွေးစင် ကစားဖော်ဟောင်းလမ်းပတ် ချယ်လ်ဆီးအသင်းရဲ့ နည်းပြရာထူးနဲ့ ထိုက်တန်သူဖြစ်ကြောင်း ထောက်ခံ ပြောကြားလိုက်ပါတယ်။ ဖာဒီနန်က လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းအတွက် အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်ကြောင်း၊ ချယ်လ်ဆီးအသင်းရဲ့ ဂွာဒီယိုလာ ဖြစ်လာနိုင်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

READ
၁၈-၁၀-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
(AP Photo/Martin Meissner)

ပီအက်စ်ဂျီ။                ။ ပီအက်စ်ဂျီအသင်းဟာ နယ်သာလန်နဲ့ အေဂျက်စ်အသင်းရဲ့ လူငယ်ခံစစ်မှူး ဒီလစ် ကို ယခုတစ်ပတ်အတွင်း အပြီးသတ်ခေါ်ယူနိုင်တော့မယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဒီလစ်ရဲ့ အေးဂျင့်ဖြစ်တဲ့ ရိုင်အိုလာဟာ ပီအက်စ်ဂျီအသင်းရဲ့ ဒါရိုက်တာ အန်တိုနီယို ဟန်းနရစ်နဲ့ အပြောင်း အရွှေ့ကိစ္စဆွေးနွေးဖို့ ပဲရစ်မြို့ကို ရောက်ရှိနေတယ်လို့လည်း သိရပါတယ်။

၀မ္ဘစ္ဆာကာ။          ။ အင်္ဂလန်ရဲ့ အလာားအလာအရှိဆုံး လူငယ်ကစားသမားတွေထဲမှာ အပါအ၀င်ဖြစ်တဲ့ ခရစ်စတယ်ပဲလေ့စ်နောက်ခံ အစွန်လူ အေရွန် ၀မ်ဘစ်ဆာကာ မန်ယူအသင်းကို ပြောင်းရွှေ့ခွင့်ပြုဖို့ အသင်း တာဝန်ရှိသူတွေထံ ခွင့်ပြုချက်တောင်းခံခဲ့တယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။ မန်ယူအသင်းဟာ ဘစ်ဆာကာအတွက် ပေါင်သန်း(၃၅)သန်းနဲ့ ကမ်းလှမ်းခဲ့ရာမှာ ပဲလေ့စ်အသင်းက ပယ်ချခဲ့ပြီး ဘစ်ဆာကာ အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)အထိ အလိုရှိနေကြောင်းလည်း သိရပါတယ်။

READ
၇-၁၁-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
(AP Photo/Martin Meissner)

ဆာနေး။         ။ မန်စီးတီးအသင်ရဲ့ တောင်ပံကစားသမား ဆာနေးရဲ့ အင်တာဗျူးအဖြေစကားတစ်ခုကြောင့် ဆာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့တော့မယ်လို့ ထင်ကြေးပေးမှုတွေ ပိုမိုမြင့်တက်လာခဲ့ပါ တယ်။ ဂျာမဏီအသင်းက အက်စ်တိုးနီးယားအသင်းကို (၈-၀)နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးအင်တာဗျူးမှာ သူ့ရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သတ်ပြီး ဆာနေးက “ လက်ရှိမှာတော့ အားလပ်ရက်ရလို့ ကျွန်တော်အပမ်းဖြေ နေပါတယ်။ ဘာတွေဖြစ်လာဦးမလဲ စောင့်ကြည့်ရမှာပါ။ ဘိုင်ယန်နဲ့ပတ်သတ်တဲ့ မေးခွန်းအတွက် ဒီလောက်ပဲ ကျွန်တော်အဖြေပေးနိုင်ပါသေးတယ်” လို့ ဖြေကြားခဲ့တာပါ။

မက်ဆီ။          ။ အာဂျင်တီးနားနဲ့ ဘာစီလိုနာအသင်းရဲ့ ဂန္တ၀င်ကစားသမား မက်ဆီဟာ ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ (၂၀၁၉)ခုနှစ်အတွင်း ၀င်ငွေအကောင်းဆုံး အားကစားသမားများ စာရင်းမှာ နံပါတ်(၁)နေရာမှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။ ၀င်ငွေအကောင်းဆုံး ကစားသမား(၃)ဦးစလုံးနေရာတွေမှာ ဘောလုံးသမားတွေ ရပ်တည်နိုင်ခဲ့တာတော့ ထူးခြားချက်တစ်ခုဖြစ်ပြီး မက်ဆီ၊ ရော်နယ်ဒိုနဲ့ နေမာတို့က အဆင့်(၁)၊(၂)၊(၃) တွေမှာ အစဉ်လိုက် ရပ်တည်နိုင်ခဲ့ကြတာပါ။

Forbes
GiveMeSport

 

Ref : Goal.com , The Sun , ESPN

SHARE