၁၂.၇.၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Mirror "Twitter"

ဂရစ်ဇ်မန်း ။      ။ ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုအသင်းရဲ့တိုက်စစ်မှူး ဂရစ်ဇ်မန်းကို လာမယ့် တနင်္လာနေ့မှာ စာချုပ် ချုပ်ဆိုတော့မှာဖြစ်တယ်လို့ Marca က ဖော်ပြပါတယ်။ ဘာစီလိုနာအသင်းဟာ ဂရစ်ဇ်မန်းရဲ့စာချုပ် ဖျက်သိမ်းကြေးဖြစ်တဲ့ ပေါင်(၁၀၈)သန်းကို ပေးချေဖို့ သဘောတူလိုက်ပြီဖြစ်ပြီး အပြောင်းအရွှေ့ဟာ တနင်္လာနေ့မှာ ဖြစ်ပေါ်လာလိမ့်မယ်လို့ သတင်းစာတွေက ဖော်ပြနေကြပါပြီ။

မန်ယူ ။ ။ သြစတြေးလျနိုင်ငံကို ခြေစမ်းပွဲခရီးစဉ်အတွက် ရောက်နေတဲ့ မန်ယူအသင်းရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးဟာ မူးယစ်စေတဲ့ဆေးတွေအလွန်အကျွံသုံးစွဲမိခဲ့လို့ ဆေးရုံမှာ ကုသမှုခံယူခဲ့ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ TheSun က ဖော်ပြပါတယ်။ သြစတြေးလျနိုင်ငံ၊ ပတ်သ် မြို့ရဲ့ Royal Perth ဆေးရုံမှာ ကုသမှု ခံယူခဲ့ရတာဖြစ်ပြီး မန်ယူအသင်းက အဖျားရောဂါကြောင့်လို့ ပြောဆိုခဲ့ပေမယ့် စစ်ဆေးမှုတွေအရတော့ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ မူးယစ်စေတဲ့ဆေးတွေ သုံးတာများသွားတာကြောင့်လို့ သိရပါတယ်။

အဲဗာတန် ။      ။ မန်ယူအသင်းဟာ ကိုပါအမေရိကပြိုင်ပွဲမှာ ဘရာဇီးအသင်းနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ လူငယ်တိုက်စစ်မှူး အဲဗာတန်ရဲ့ခြေစွမ်းကို စောင့်ကြည့်ဖို့ ဘရာဇီးကို ကင်းထောက်တစ်ဦး စေလွှတ်ခဲ့တယ်လို့ Mirror က ဖော်ပြပါတယ်။ ဘရာဇီးကလပ် ဂရီမီယို အသင်းရဲ့ တိုက်စစ်မှူး အဲဗာတန် ကို ၀က်စ်ဟမ်းအသင်းကလည်း ကမ်းလှမ်းမှု ပြုလုပ်ခဲ့သေးပြီး ဂရီမီယိုအသင်းက ပယ်ချသွားခဲ့တာပါ။

READ
၁၄-၁၁-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
(AP Photo/Silvia Izquierdo)

PSG ။  ။ PSG အသင်းဟာ အသင်းကနေ ထွက်ခွာဖို့များနေတဲ့ တိုက်စစ်မှူးနေမာရဲ့ နေရာမှာ မန်စီးတီးတောင်ပံကစားသမား ဆာနေး ကို အစားထိုးဖို့ စဉ်းစားနေပါတယ်။ PSG အသင်းမှာ ဆာနေးရဲ့ ဂျာမနီအသင်းဖော် ဒရက်စ်လာ ရှိနေတာကလည်း ဆာနေးတစ်ယောက် ပြင်သစ်မြေကို ရောက်လာဖို့ ပိုမိုစဉ်းစားလာစေတယ်လို့ Mirror က ဖော်ပြပါတယ်။

(AP Photo/Martin Meissner)

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ အသင်းခေါင်းဆောင် ကိုစီယယ်နီ ကိုရောင်းချဖို့ ပြင်ဆင်နေပြီး ပေါင်(၉)သန်းလောက်ရဖို့ မျှော်လင့်နေတယ်လို့ Evening Standard သတင်းစာက ဖော်ပြပါတယ်။ အာဆင်နယ်အသင်းနဲ့အတူ အမေရိကန်ခြေစမ်းခရီးစဉ်ကို လိုက်ပါဖို့ ငြင်းဆန်ခဲ့တဲ့ ကိုစီယယ်နီ ကို ဘော်ဒိုး ၊ လိုင်ယွန်နဲ့ ရင်းနက်စ်အသင်းတွေက ခေါ်ယူချင်နေကြပြီး အာဆင်နယ်အသင်းက အပြောင်းအရွှေ့အတွက် လက်ခံစဉ်းစားနေပြီဖြစ်ပါတယ်။

READ
၃-၆-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

လာဇီယို ။        ။ လာဇီယိုအသင်းဟာ SPAL အသင်းရဲ့ နောက်ခံလူ လက်ဇာရီ ကို တရားဝင်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလိုက်ပါပြီ။ လာဇီယိုဟာ ဒီရာသီမှာ ကိုပင်ဟေဂင်အသင်းနောက်ခံလူ ဗက်ဗရိုနဲ့ လီဗာပူးလ်ယူ(၂၃)တိုက်စစ်မှူး အဒီကန်ယီ တို့ကိုခေါ်ယူထားခဲ့ပြီး လက်ဇာရီဟာ တတိယမြောက်ခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။

ဘူဖွန် ။ ။ ဂျူဗင်တပ်စ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တဲ့ ဂိုးသမားကြီး ဘူဖွန်က သူ့အနေနဲ့ ဂျူဗင်တပ်စ်ဆီ ပြန်လည်မပြောင်းရွှေ့မီမှာ မန်ယူနဲ့ မန်စီးတီးအသင်းတို့ရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံရရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ PSG အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာခဲ့တဲ့ ဘူဖွန်ကို မန်ချက်စတာကလပ်အသင်းနှစ်သင်းက ခေါ်ယူဖို့ကြိုးစားခဲ့တာဖြစ်ပြီး အသက်(၄၁)နှစ်အရွယ် ဂိုးသမားကြီးက ဒီကမ်းလှမ်းမှုတွေကို ငြင်းပယ်သွားခဲ့တာပါ။

Linn

Source : TheSun , Goal , Mirror

 

SHARE