၁၂-၇-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Mirror"

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ ရာသီကြို ပထမဆုံးခြေစမ်းပွဲအဖြစ် အင်္ဂလန် လိဂ်(၂)ကလပ် ထရန်မဲအသင်းနဲ့ ကစားခဲ့ပြီး (၀-၆)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ လူငယ်ကစားသမားအများစုကို အသုံးပြုသွားတဲ့ လီဗာပူးလ်ရဲ့လူစာရင်းမှာ အိုရီဂီ ၊ ဖာဘင်ဟို ၊ ကလိုင်း ၊ မစ်ဂ်နို်လက် ၊ မီလ်နာ ၊ ချိန်ဘာလိန်နဲ့ လယ်လာနာ တို့ ပါဝင်ခဲ့ပြီး ဂိုးပြတ်ခြေစမ်းပွဲတစ်ပွဲနဲ့ ရာသီသစ်ကို စတင်ဖွင့်လှစ်လိုက်တာပါ။

ရိုးမား ။ ။ ရိုးမားအသင်းဟာ အတ္တလန္တာအသင်းရဲ့နောက်ခံလူ မန်စီနီ ကို ယူရိုသန်း(၂၀)နဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ESPN က ဖော်ပြပါတယ်။ အသက် (၂၃)နှစ်အရွယ် ဗဟိုနောက်ခံလူဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အတ္တလန္တာအသင်းအတွက် (၃၅)ပွဲကစားပြီး (၆) ဂိုးအထိ သွင်းယူပေးထားခဲ့သူပါ။

 

ဆီဘယ်လို့စ် ။   ။ အာဆင်နယ်နဲ့ စပါးအသင်းတို့ရဲ့ ပစ်မှတ်ဖြစ်တဲ့ ရီးယဲလ်ကွင်းလယ်လူ ဆီဘယ်လို့စ်ဟာ ရီးယဲလ်အသင်းရဲ့ ICC ဖလားပွဲ လူစာရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိလို့ အသင်းကနေ ထွက်ခွာဖို့ အနီးစပ်ဆုံးအခြေအနေကိုရောက်နေပြီဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။ ဥရောပ ယူ(၂၁)ပြိုင်ပွဲမှာ စပိန်အသင်းနဲ့အတူ ပုံစံကောင်းပြသခဲ့တဲ့ အသက် (၂၂)နှစ်အရွယ် ကစားသမားကို အာဆင်နယ်၊ စပါး တို့နဲ့အတူ စီးရီးအေအသင်း အေစီမီလန်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။

READ
2016/2017 ဘောလုံးရာသီမှာ အပြေးအမြန်ဆုံးကစားသမားများ

 

PSG ။  ။ PSG အသင်းဟာ အဲဗာတန်ကွင်းလယ်ကစားသမား ဂွီယီ ကို ပေါင်(၂၇)သန်းနဲ့ ခေါ်ယူဖို့ ထပ်မံ ကမ်းလှမ်းလိုက်ကြောင်း Mirror သတင်းစာက ဖော်ပြပါတယ်။ PSG အသင်းဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီအပြောင်းအရွှေ့မှာကတည်းက ဂွီယီ ကိုခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး အဲဗာတန်အသင်းက မရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။

READ
(၂-၃-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဖာနန်ဒက်စ် ။    ။ ဘရူနိုဖာနန်ဒက်စ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ မန်ချက်စတာကို ရောက်ရှိလာကြတဲ့ စပို့တင်းအသင်းတာဝန်ရှိသူတွေဟာ မန်ယူအသင်းနဲ့ရော၊ မန်စီးတီးအသင်းနဲ့ပါ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားခဲ့လို့ ကစားသမားအနေနဲ့ ဘယ်အသင်းကိုရောက်ရှိမယ်မှန်း မသေချာသေးတဲ့အနေအထားနဲ့ ရင်ဆိုင်နေရပါတယ်။ ဗြိတိန်မီဒီယာတွေက ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူအသင်းကိုရောက်လိမ့်မယ်လို့ ရေးသားနေကြပေမယ့်လည်း စပို့တင်းတာဝန်ရှိသူတွေနဲ့ သီးသန့်တွေ့ဆုံခဲ့ကြောင်း မန်စီးတီးအသင်းက အသိပေးခဲ့တဲ့နောက် ကစားသမားအတွက် အခြေအနေတွေက ခန့်မှန်းရခက်လာခဲ့တာပါ။

(AP Photo/Luis Vieira)

ဇာဟာ  ။        ။ ဒီအပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ ရေပန်းစားနေခဲ့တဲ့ ပဲလေ့စ်တောင်ပံကစားသမား ဇာဟာ ဟာ အသင်းရဲ့ဂျာစီကြော်ငြာရိုက်ကူးမှုမှာ ပါဝင်ခဲ့ခြင်းမရှိတာကြောင့် အသင်းပြောင်းဖို့ သေချာသလောက် ဖြစ်သွားခဲ့ပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ပဲလေ့စ်အသင်းဟာလာမယ့် ရာသီသစ်မှာ ၀တ်ဆင်မယ့် အိမ်ကွင်းဂျာစီကို သူတို့ရဲ့တရားဝင် ၀က်ဆိုက်ကတစ်ဆင့် ပြသသွားခဲ့ပြီး အဲဒီအထဲမှာ ဇာဟာ တစ်ယောက်မပါခဲ့တာကြောင့် အခုလို သုံးသပ်မှုတွေ ပေါ်ထွက်လာခဲ့တာပါ။

Linn

Source : TheSun , Mirror , Goal

SHARE