၁၂-၈-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Mirror"

မန်ယူ ။ ။ မန်ယူအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကို (၄-၀)ဂိုးနဲ့ အနိုင်ယူပြီး ရာသီအဖွင့်ပွဲစဉ်မှာ အကောင်းဆုံးရလဒ်ကို ရရှိသွားခဲ့ပါတယ်။ ခံစစ်မှာ မက်ဂွိုင်းယား၊ ဘစ်ဆာကာ တို့ပါဝင်လာတဲ့ မန်ယူခံစစ်က အမှားအယွင်းအချို့ရှိနေခဲ့ပေမယ့်လည်း ဂိုးသမားဒီဂီယာ လက်စွမ်းပြနိုင်ခဲ့တာကြောင့်ပေးဂိုးတော့မရှိခဲ့ပါဘူး။ ချယ်လ်ဆီးအသင်းကတော့ ကန်တီကိုအရန်ခုံမှာသာ ထားခဲ့တာကြောင့် ကွင်းလယ်အဖျက်ကစားမယ့် ကစားသမားရှိမနေခဲ့ပဲ ကိုဗာဆစ်၊ ဂျော်ဂျင်ဟိုနဲ့ ဘာကလေ တို့ရဲ့ကွင်းလယ်ကို မန်ယူက လွယ်လွယ်ကူကူပဲ အသာရခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းအတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် (၁၈)မိနစ်နဲ့ (၆၇)မိနစ်မှာ ရက်ရှ်ဖို့ဒ် ၊ ပွဲချိန် (၆၅)မိနစ်မှာ မာရှယ် နဲ့ ပွဲချိန် (၈၁)မိနစ်မှာ လူစားဝင်ကစားသမား ဂျိမ်းစ် က သွင်းယူပေးသွားခဲ့ကြတာပါ။

အင်တာ ။        ။ အင်တာမီလန်အသင်းဟာ ဘာစီလိုနာကွင်းလယ်လူ ရာကီတစ် ကို ယူရိုသန်း(၅၀)နဲ့ခေါ်ယူဖို့အတွက် ဆွေးနွေးနေတယ်လို့ Mirror က ဖော်ပြပါတယ်။ ဘာစီလိုနာအသင်းကလည်း နေမာကိုခေါ်ယူနိုင်ဖို့အတွက် ရာကီတစ်ကိုရောင်းချပြီး ပိုက်ဆံရှာဖို့ရှိနေတာမို့ ရာကီတစ်ရဲ့အပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

မက်ဂွိုင်းယား ။  ။ မန်ယူအသင်းနောက်ခံကစားသမားသစ် မက်ဂွိုင်းယားက ချယ်လ်ဆီးအသင်းကို (၄-၀)နဲ့ အနိုင်ရနေချိန်၊ ပွဲပြီးဖို့ (၁၀)မိနစ်အလိုမှာ အသင်းဖော်တွေကို ပေးဂိုးမရှိနိုင်ပွဲရယူကြဖို့ တိုက်တွန်းခဲ့တယ်လို့ ပွဲပြီးအင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။ မန်ယူအသင်းရဲ့ခံစစ်ဟာ မက်ဂွိုင်းယားနဲ့ ဘစ်ဆာကာ တို့ရောက်ရှိလာတာကြောင့် ပိုပြီးတောင့်တင်းလာတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးနေကြတာပါ။ မန်ယူနဲ့ချယ်လ်ဆီးပွဲကို သုံးသပ်နေတဲ့ နည်းပြဟောင်း မော်ရင်ဟို ကိုယ်တိုင်လည်း မက်ဂွိုင်းယားရဲ့ခြေစွမ်းကို ချီးကျူးသွားခဲ့ပြီး မန်ယူဟာ မက်ဂွိုင်းယားကြောင့် ဆုဖလားမျှော်လင့်ချက်ရှိလာနိုင်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

READ
ဇန်န၀ါရီအပြောင်းအရွှေ့ဈေးကွက်မှာ အသင်းပြောင်းဖွယ်ရှိတဲ့ ကမ္ဘာအဆင့်ကစားသမားများ

 

ရစ်ဘာရီ ။       ။ ဘိုင်ယန်မြူးနစ်အသင်းကနေ စာချုပ်ကုန်ဆုံးပြီး ထွက်ခွာလာခဲ့တဲ့ ကွင်းလယ်ကစားသမား ရစ်ဘာရီ ဟာ ဖီအိုရင်တီးနားအသင်းဆီပြောင်းရွှေ့တော့မယ်လို့ အီတလီမီဒီယာတွေက ဖော်ပြနေကြပါပြီ။ အသက် (၃၆)နှစ်အရွယ် တောင်ပံကစားသမားဟာ ဖီအိုရင်တီးနားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာဖြစ်ပြီး အပြောင်းအရွှေ့က ရက်ပိုင်းအတွင်း ဖြစ်လာဖို့ရှိနေပါတယ်။

မန်ယူ ။ ။ ဒီရာသီအပြောင်းအရွှေ့မှာ မန်ယူအသင်းရဲ့ ကစားသမားခေါ်ယူမှုနဲ့ပတ်သက်ပြီး စိတ်ပျက်နေကြတဲ့ မန်ယူပရိသတ်တွေကတော့ မန်ယူ-ချယ်လ်ဆီးပွဲစဉ်ကစားနေချိန်အတွင်းမှာ “Glazers Out” ဆိုတဲ့ စာတမ်းကို လေယာဉ်မှာချိတ်ဆွဲပြီး အိုးထရက်ဖို့ဒ်ကွင်းပေါ်ကနေ ပျံသန်းစေခဲ့ပါတယ်။ ဒေါသထွက်နေတဲ့ မန်ယူပရိသတ်တွေက ကွင်းလယ်နဲ့တိုက်စစ်ကစားသမားသစ်တွေ မခေါ်ယူနိုင်ခဲ့တဲ့အပေါ် ဂလေဇာမိသားစုကို စိတ်ဆိုးနေကြတာဖြစ်ပြီး အသင်းအတွက်ပိုက်ဆံသုံးဖို့ ဆန္ဒမရှိရင် အသင်းကို ပြန်ပြီးရောင်းချဖို့ တိုက်တွန်းနေကြပါတယ်။

READ
ပေါင် (၁၄၂)သန်းနဲ့ ကော်တင်ဟိုကို ခေါ်ယူဖို့ ဘာစီလိုနာ သဘောတူညီမှုရရှိ

 

လူကာကူ ။      ။ အင်တာမီလန်အသင်းရဲ့တိုက်စစ်မှူး လူကာကူ ဟာ အင်တာမီလန်အတွက် စတင်ကစားပေးတဲ့ ပထမဆုံးပွဲစဉ်မှာတင် အသင်းအတွက် တစ်ဦးတည်း သွင်းဂိုး(၄)ဂိုး သွင်းပေးခဲ့လို့ နည်းပြကွန်တီရဲ့ချီးကျူးမှုကို ခံခဲ့ရပါတယ်။ ဗလင်စီယာနဲ့အင်တာမီလန်တို့ရဲ့ခြေစမ်းပွဲကို မမှီခဲ့တဲ့ လူကာကူ ဟာ အီတလီစီးရီး(D) ကလပ် ဘာဂါမို နဲ့ ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာ ပါဝင်ခဲ့ပြီး (၈-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဲဒီပွဲမှာ လူကာကူ က တစ်ဦးတည်း (၄)ဂိုး သွင်းယူခဲ့တာပါ။

 

Linn

Source : Goal , Mirror , TheSun

SHARE