ကလော့ပ် ။ ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က ကွင်းလယ်လူ ကီတာရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ သံသယမရှိခဲ့ဖူးကြောင်း ၀န်ခံလိုက်ပါတယ်။ ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာ တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးခဲ့တဲ့ ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ဧပရယ်လနောက်ပိုင်းမှာ ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ကို ရရှိခဲ့တာဖြစ်ပြီး ပုံစံကောင်းကို ပြသသွားနိုင်ခဲ့တာပါ။ ကလော့ပ်က ကီတာ ဟာ ထွန်းတောက်လာမယ့် ကစားသမားတစ်ယောက်ဖြစ်ကြောင်းနဲ့ ဒဏ်ရာပြဿနာတွေကြောင့်သာ ကစားခွင့်ပျောက်ဆုံးနေရတာဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။
Naby Keita vs Bournemouth (a)
[comp by @BassamLFC] pic.twitter.com/QIxejS62dA
— 🔴 The Red Debate 🎙 (@TheRedDebate) December 7, 2019
လက်စတာ ။ ။ လီဗာပူးလ်အသင်းကွင်းလယ်ကစားသမားဟောင်း ဂရေမီဆောင်းနက်စ် က လက်စတာအသင်းရဲ့ ကွင်းလယ်(၃)ယောက် အတွဲဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကွင်းလယ်ဖြစ်ကြောင်း ချီးကျုးလိုက်ပါတယ်။ တိုင်လီမန်း ၊ မက်ဒီဆင်နဲ့ အန်ဒီဒီ တို့ဟာ ဒီရာသီမှာ အကောင်းဆုံးတွဲဖက်မှုကို ရရှိနေပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကိုတောင် ခြိမ်းခြောက်နိုင်နေပြီလို့ ဆောင်းနက် က ဆိုလိုက်တာပါ။ ဗီလာအသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ လက်စတာဟာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်အသင်းနဲ့ (၈)မှတ်ကွာ အနေအထားမှာရှိနေပါတယ်။
ဆိုးလ်ရှား ။ ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ကွင်းလယ်လူ လင်ဂတ် တစ်ယောက် သူ့ရဲ့ပုံမှန်ခြေစွမ်း ပြန်လည်ရရှိလာတဲ့အပေါ် ၀မ်းသာမိကြောင်း ပြောဆိုလိုက်ပါတယ်။ အသက် (၂၇)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ စပါးအသင်းနဲ့ မန်စီးတီးအသင်းတို့ကို အနိုင်ယူခဲ့တဲ့ ပွဲစဉ်တွေမှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြခဲ့ပြီး အကောင်းဆုံး ပုံစံကို ပြန်လည်ပြသနိုင်ခဲ့တာပါ။ မန်ယူအသင်းအတွက် ကာလရှည် ဂိုးပေါက်ပျောက်ခဲ့ပြီး ၊ ဂိုးဖန်တီးမှုလည်း လုပ်နိုင်စွမ်းမရှိခဲ့တဲ့ လင်ဂတ် အနေနဲ့ အခုလိုခြေစွမ်းမျိုး ပြန်လည်ရရှိလာတာဟာ အသင်းအတွက် ကောင်းမွန်တဲ့လက်ဆောင်တစ်ခု ဖြစ်တယ်လို့လည်း ဆိုးလ်ရှားက မှတ်ချက်ပေးလိုက်ပါတယ်။
Solskjaer knows United must now replicate their impressive form against the big sides against the “lesser lights” they’ve routinely struggled against. Good here on Lingard’s off field struggles too but thinks he’s back in right frame of mind now #MUFC https://t.co/HICWDCsKUI
— James Ducker (@TelegraphDucker) December 8, 2019
ချယ်လ်ဆီး ။ ။ အပြောင်းအရွှေ့ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရသွားပြီဖြစ်တဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ လာမယ့် ဇန်န၀ါရီမှာ ဘန်ချင်းဝဲလ် ၊ ဆန်ချိုနဲ့ ဇာဟာ တို့ (၃) ဦးကို အဓိက ပစ်မှတ်အဖြစ် ထားရှိပြီး ခေါ်ယူဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ Calciomercato သတင်းစာက ဖော်ပြပါတယ်။ လမ်းပတ်အတွက်တော့ လာမယ့် အပြောင်းအရွှေ့ဟာ ပထမဆုံး ကစားသမားသစ် ခေါ်ယူရတဲ့ အပြောင်းအရွှေ့ ဖြစ်လာမှာ ဖြစ်ပြီး ဟာဇက် ထွက်သွားခဲ့တဲ့ နေရာကို အစားထိုးမှာဖြစ်သလို ခံစစ်ပိုင်းကိုလည်း အားဖြည့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Chelsea have informed Frank Lampard that he will have up to £150m to spend in January.
Chelsea’s list of January targets:
– Ben Chilwell
– Jadon Sancho
– Wilfried Zaha
– Hakim Ziyech
– Moussa Dembele
– Timo Werner
– Nathan Ake
– Kalidou Koulibaly pic.twitter.com/ofSEQAkYH8— Transfer News (@TransfersLlVE) December 6, 2019
အဲဗာတန် ။ ။ အဲဗာတန်အသင်းရဲ့ လစ်လပ်နေတဲ့ နည်းပြနေရာအတွက် ရှန်ဟိုင်း SIPG အသင်းနည်းပြ ပါရဲရား က ရေပန်းအစားဆုံးဖြစ်နေပါတယ်။ အဲဗာတန်အသင်းတာဝန်ရှိသူတွေဟာ မာကိုဆေးလ်ဗားရဲ့နေရာကို အစားဝင်ဖို့အတွက် ပါရဲရား ကို ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး အဲဗာတန်ရဲ့ အဓိက ရှယ်ယာရှင်တွေဖြစ်ကြတဲ့ မိုရှီယီ ၊ ကန်ရိုက်နဲ့ အားကစားဒါရိုက်တာ မာဆယ်ဘရန်း တို့က ပါရဲရားကိုခေါ်ယူဖို့ သဘောတူထောက်ခံထားကြတယ်လို့ Dailymail က ဖော်ပြပါတယ်။
Shanghai SIPG boss Vitor Pereira favourite for Everton job as club step up sea… #EFC https://t.co/d2DuJ80Xgp pic.twitter.com/OrVZnCvpPc
— Everton Report (@Everton_Fanly) December 8, 2019
Linn
Source : TheSun , Goal , Mirror