၁၂-၉-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Goal "Twitter"

မက်ဆီ ။         ။ ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီ က နေမာကိုမခေါ်နိုင်ခဲ့တာကြောင့် စိတ်ပျက်နေတယ်ဆိုတဲ့သတင်းတွေဟာ မဟုတ်မှန်ကြောင်းနဲ့ PSG အသင်းဆီကနေ နေမာကိုခေါ်ယူဖို့မလွယ်ဘူးဆိုတာ နားလည်ထားကြောင်းပြောဆိုလိုက်ပါတယ်။ မက်ဆီက သူ့အနေနဲ့ ဘာစီလိုနာအသင်းဆီနေမာကိုရောက်လာစေချင်တာကတော့ အမှန်တကယ်ပဲဖြစ်ပြီး ဘာစီလိုနာအသင်းဟာ နေမာကိုခေါ်ဖို့ တကယ်ပဲကြိုးစားခဲ့ရဲ့လားဆိုတာလည်း မသိနိုင်ခဲ့ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

အာဒါတူရန် ။    ။ ဘာစီလိုနာအသင်းကနေ တူရကီကလပ် ဘာဆာဆီဟာ အသင်းကို အငှားချထားခြင်းခံရတဲ့ ကွင်းလယ်လူ အာဒါတူရန်ဟာ ပတ်ဝန်းကျင်အထိတ်တလန့်ဖြစ်အောင် သေနတ်ပစ်ဖောက်မှု၊ တရားမ၀င်လက်နက်ကိုင်ဆောင်မှုတွေနဲ့ ဆိုင်းငံ့ထောင်ဒဏ် (၂)နှစ်နဲ့(၈)လ ကို ကျခံခဲ့ရပါတယ်။ (၂၀၁၈)၊အောက်တိုဘာလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အပျက်မှာ တူရန်တစ်ယောက် ဆေးရုံရောက်ခဲ့ရသလို သူနဲ့ရန်ပွဲဖြစ်ပွားခဲ့တဲ့ တူရကီအဆိုတော် ဆာဟင်ကလည်း နှာခေါင်းရိုးကျိုးသွားခဲ့ရတာပါ။ တူရန်က ရန်ပွဲပြီးဆုံးသွားခဲ့တဲ့နောက် ဆေးရုံမှာကုသမှုခံယူနေစဉ် သေနတ်ပစ်ဖောက်ခဲ့တာဖြစ်ပြီး တာဝန်ရှိသူတွေကတော့ တရားမ၀င်လက်နက်ကိုင်ဆောင်မှု၊ အများပြည်သူကိုခြိမ်းခြောက်မှုတွေနဲ့ တရားစွဲခဲ့ပြီး အခုလို ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။

 

ဒမ္ဘီလီ ။       ။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဆက်ဆူအိုလိုအသင်းကနေ ဘာစီလိုနာအသင်းဆီ အငှားလာရောက်ကစားခဲ့တဲ့ ကွင်းလယ်လူ ဘိုတန်က ဘာစီလိုနာတိုက်စစ်မှူး ဒမ်ဘီလီ ဟာ ငယ်ရွယ်တဲ့ကစားသမားတစ်ဦးဖြစ်တာကြောင့် အရာအားလုံးကိုအဆင်ပြေအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ မသိခဲ့ဘူးလို့မှတ်ချက်ပေးလိုက်ပါတယ်။ ဒမ်ဘီလီ ဟာ ဘာစီလိုနာအသင်းခေါ်ယူခဲ့တဲ့ တန်ကြေးမြင့်ကစားသမားတစ်ယောက်ဖြစ်ပေမယ့်လည်း စည်းကမ်းပိုင်းနဲ့ပတ်သက်လို့တော့ အမြဲတမ်းမေးခွန်းထုတ်စရာတွေဖြစ်နေခဲ့ပြီး လေ့ကျင့်ရေးကွင်းကိုလည်း မကြာခဏနောက်ကျပြီးမှ ရောက်လာတတ်သူပါ။

အလစ်ဆန် ။    ။ လီဗာပူးလ်အသင်းရဲ့ဂိုးသမား အလစ်ဆန်ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီး အပေါ့စားလေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်နေပြီဖြစ်ပါတယ်။ လီဗာပူးလ်အသင်းရဲ့ ဂိုးနည်းပြ ဖြစ်သူက အလစ်ဆန် တစ်ယောက် ဒဏ်ရာကနေပြန်လည်သက်သာလာပြီဆိုတဲ့အကြောင်းကို ပရိသတ်တွေဆီ အသိပေးခဲ့ပြီး ဒီရာသီမှာ လီဗာပူးလ်အတွက် (၃၉)မိနစ်သာ ကစားပေးထားရသေးတဲ့ အလစ်ဆန် တစ်ယောက် မကြာခင် ဘောလုံးပွဲတွေဆီ ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

အင်္ဂလန် ။       ။ အင်္ဂလန်အသင်းကစားသမားတွေဟာ ဘူလ်ဂေးရီးယားနဲ့ပွဲစဉ်မှာ လူမျိုးရေးခွဲခြားမှု ပြုလုပ်ခံခဲ့ရပြီးတဲ့နောက် ကွင်းထဲကနေ ထွက်သွားကြဖို့ တိုင်ပင်ခဲ့ကြကြောင်း Mirror က ဖော်ပြပါတယ်။ ဘူလ်ဂေးရီးယားပရိသတ်တွေဟာ လူမျိုးရေးခွဲခြားတဲ့နေရာမှာ နာမည်ကြီးသူတွေဖြစ်ပြီး ချက်၊ ကိုဆိုဗို တို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ လူမျိုးရေးခွဲခြားခဲ့ကြတာကြောင့် ကွင်းပိတ်ကစားစေတဲ့ ပြစ်ဒဏ်ချမှတ်ခံရဖို့လည်းရှိနေတာပါ။ ပြီးခဲ့တဲ့စနေနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း အင်္ဂလန်တိုက်စစ်မှူး စတာလင် ကို လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်ခဲ့ကြပြီး ကစားသမားတွေအနေနဲ့ ကွင်းထဲက ထွက်ခွာသွားဖို့ဆွေးနွေးခဲ့ကြလို့ နည်းပြဆောက်ဂိတ်က တားဆီးခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

READ
၁၁-၇-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

မန်ယူ ။ ။ မန်ယူအသင်းဟာ ဒီတစ်ပတ် ကစားရမယ့် လက်စတာအသင်းနဲ့ပွဲစဉ်မတိုင်မီ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နောက်ခံလူတွေဖြစ်တဲ့ လုခ်ရှော ၊ ဘစ်ဆာကာ ၊ လင်ဂတ် ၊ ပေါ့ဂ်ဘာနဲ့ မာရှယ် တို့ဟာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး လင်ဂတ်နဲ့မာရှယ်တို့ကိုတော့ အပေါ့စားလေ့ကျင့်ခန်းတွေ လုပ်နေတာ တွေ့နေရပြီလို့ TheSun က ဖော်ပြပါတယ်။

Linn

READ
အဓိက ကစားသမား ၇ ယောက်ခန့်မပါဝင်ပဲ ၀က်စ်ဘရွန်းကိုရင်ဆိုင်ရဖို့ရှိနေတဲ့မန်ယူ

Source : TheSun , Goal , Mirror

SHARE