၁၃-၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်မှာ (၂-၁) ဂိုးနဲ့ အနိုင်ယူပြီး သူတို့ရဲ့အဆင့်(၄)နေရာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက ဟာဇက်ကို အထောင်တိုက်စစ်မှူးအဖြစ် ကစားစေခဲ့ပြီး ပက်ဒရိုနဲ့ ၀ီလီယံတို့ကို တောင်ပံတွေမှာ ကစားစေခဲ့တာပါ။ ချယ်လ်ဆီးအသင်းဟာ ပွဲအစ (၉)မိနစ်မှာကတည်းက ပက်ဒရိုရဲ့ ဦးဆောင်ဂိုးကို ရရှိခဲ့တာဖြစ်ပြီး ပွဲချိန်မိနစ် (၄၀)မှာ နယူးကာဆယ်နောက်ခံလူ ကလော့ခ်က ခေါင်းတိုက်သွင်းဂိုးနဲ့ ပြန်လည်ချေပခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် (၅၇)မိနစ်မှာ ကွင်းလယ်လူ ၀ီလီယံက သွင်းယူပေးခဲ့တာပါ။

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်ဟာ သွင်းဂိုးတစ်ဂိုးထက် ပိုရသင့်တဲ့ပွဲတစ်ပွဲဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်ဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန်အသင်းကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ခဲ့ရပြီး ဆာလက်ရဲ့ ပင်နယ်တီသွင်းဂိုးနဲ့သာ အနိုင်ရရှိခဲ့တာပါ။ ကလော့ပ်က လီဗာပူးလ်ရဲ့တိုက်စစ်ကစားသမားတွေဟာ အကောင်းဆုံးအခွင့်အရေးတွေကို လွဲချော်ခဲ့ရပြီး အသင်းရဲ့ ကစားပုံဟာ ဒီ့ထက်ပိုများတဲ့သွင်းဂိုးတွေကို ရရှိသင့်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

Twitter

အိုဇေးလ် ။       ။ အာဆင်နယ်အသင်းက ၀က်စ်ဟမ်းကို (၁-၀)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အသင်းရဲ့လူစာရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိတဲ့ အိုဇေးလ်ကြောင့် ပရိသတ်တွေ အံ့အားသင့်ခဲ့ကြရပါတယ်။ အာဆင်နယ်အသင်းနည်းပြ အမ်မရီဟာ အသက် (၁၉)နှစ်အရွယ် အက်ဒ်ဝက် ကီတီယာ ကိုတောင် အရန်စာရင်းအတွက် ရွေးချယ်ခဲ့ပြီး အိုဇေးလ်ကိုတော့ နည်းစနစ်ပိုင်းလိုအပ်ချက်ကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူစာရင်းကနေ ထုတ်ပယ်သွားခဲ့တာပါ။ ဗြိတိန်သတင်းစာတွေကတော့ အိုဇေးလ်နဲ့ အမ်မရီတို့ရဲ့ကြားက အခြေအနေဟာ တင်းမာမှုတွေရှိနေပြီး အိုဇေးလ်အနေနဲ့ မကြာခင် အသင်းပြောင်းရွှေ့တာမျိုး ပြုလုပ်တော့မှာဖြစ်တယ်လို့ ရေးသားဖော်ပြနေခဲ့ကြပါတယ်။

READ
၎-၁၀-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Twitter

ပူယယ် ။         ။ လက်စတာအသင်းက ဆောက်သမ်တန်အသင်းကို (၁-၂) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ လက်စတာပရိသတ်တွေက နည်းပြ ပူယယ်ကို ထုတ်ပယ်ဖို့အတွက် ပိုစတာတွေကိုင်ဆွဲပြီး တောင်းဆိုခဲ့ကြပါတယ်။ လက်စတာဟာ ပထမပိုင်းပွဲချိန်မှာတင် ဆောက်သမ်တန်အသင်းရဲ့ ဦးဆောင်ဂိုး (၂) ဂိုးကို ခွင့်ပြုခဲ့ရပြီး ပွဲချိန် ဒုတိယပိုင်းတစ်ပိုင်းလုံး တစ်ယောက်အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် သရေတစ်မှတ်တောင် ရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး။ လက်စတာအသင်းပရိသတ်တွေကတော့ အသင်းရဲ့နောက်ဆုံး(၅)ပွဲမှာ (၃) ပွဲရှုံးထားတဲ့ နည်းပြ ပူယယ်ရဲ့ စွမ်းဆောင်မှုတွေကို စိတ်ပျက်နေပြီး ရာထူးကနေ ထုတ်ပယ်ပေးဖို့ တောင်းဆိုနေကြတာပဲဖြစ်ပါတယ်။

Twitter

နာဆရီ ။         ။ ၀က်စ်ဟမ်းအသင်းက အာဆင်နယ်အသင်းကို (၁-၀)နဲ့ အနိုင်ယူခဲ့တဲ့ ပွဲစဉ်မှာ  ၀က်စ်ဟမ်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ဖန်တီးပေးခဲ့သူ နာဆရီဟာ ဂိုးရရှိသွားခဲ့အချိန်မှာ အသင်းဟောင်းကို လေးစားမှုမရှိပဲ အောင်ပွဲခံခဲ့တယ်လို့ ပရိသတ်တွေက ဝေဖန်နေကြပါတယ်။ နာဆရီဟာ ကွင်းလယ်ကစားသမား ရိုက်စ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးကို ပွဲချိန် (၄၈)မိနစ်မှာ ဖန်တီးပေးခဲ့တာဖြစ်ပြီး အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံခဲ့တာပါ။ တွစ်တာပေါ်မှာကတော့ နာဆရီဟာ ၀က်စ်ဟမ်းအတွက် ပွဲချိန် (၄၈)မိနစ်သာ ကစားပြီး တစ်ဂိုးဖန်တီးပေးခဲ့ပေမယ့် အိုဇေးလ်ကတော့ အာဆင်နယ်အတွက် တစ်ဂိုးဖန်တီးပေးဖို့ (၉၈၁)မိနစ်ကြာ ကစားခဲ့ရတယ်လို့ လှောင်ပြောင်ရေးသားနေကြပါတယ်။

READ
၇-၁၀-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Twitter

အနော်တိုဗစ် ။  ။ ၀က်စ်ဟမ်းအသင်းနည်းပြ ပယ်လီဂရီနီ က အသင်းတိုက်စစ်မှူး အနော်တိုဗစ် အနေနဲ့ အသင်းပြောင်းရွှေ့ရမယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အနော်တိုဗစ် ဟာ လက်ရှိအချိန်မှာ တရုတ်စူပါလိဂ်ကလပ်အသင်းတစ်သင်းဆီက ပေါင် (၃၅)သန်းနဲ့ ကမ်းလှမ်းမှုကို ရရှိထားခဲ့ပြီး ၀က်စ်ဟမ်းအသင်းက ရောင်းချဖို့အတွက် ငြင်းဆန်ထားခဲ့တာပါ။ ဒါပေမယ့် ၀က်စ်ဟမ်းအသင်းနည်းပြ ပယ်လီဂရီနီကတော့ အနော်တိုဗစ်ရဲ့ ဆန္ဒကိုသာ အသင်းအနေနဲ့ ဦးစားပေးမှာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပြီး အကောင်းဆုံး ဆုံးဖြတ်ချက် ချနိုင်ဖို့ ယုံကြည်တယ်လို့လည်းပြောဆိုသွားခဲ့ပါတယ်။

Linn

Source : TheSun , Mirror , Goal

SHARE