၁၃-၁၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

ဂရင်းဝုဒ် ။       ။ အယ်လ်ခမာအသင်းကို (၄-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မန်ယူအတွက် သွင်းဂိုး (၂) ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ဥရောပပြိုင်ပွဲကြီးတွေမှာ မန်ယူအသင်းအတွက် ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ မန်ယူအသင်းဟာ အဲဒီပွဲမှာ ပွဲချိန် ပထမပိုင်းအတွင်း ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ သွင်းဂိုး (၄) ဂိုးအထိ ရရှိခဲ့ပြီး ဂရင်းဝုဒ်ကလည်း မန်ယူအတွက် သွင်းဂိုး (၂)ဂိုး သွင်းပေးနိုင်ခဲ့တာပါ။

လီဗာပူးလ် ။     ။ ဆဲလ်ဘတ်အသင်းရဲ့ အားကစားဒါရိုက်တာ က လီဗာပူးလ်အသင်းဟာ သူတို့ရဲ့တောင်ပံကစားသမား မီနာမီနို ကိုခေါ်ယူဖို့ အမှန်တကယ်ချိတ်ဆက်နေပြီဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်ဟာ အသင်းခံစစ်ပိုင်းကို အခက်တွေ့အောင် ကစားပြခဲ့တဲ့ ဂျပန်ကစားသမားလေးရဲ့ ခြေစွမ်းကို သဘောကျနေခဲ့ပြီး မီနာမီနို ရဲ့ စာချုပ်လျော်ကြေးဖြစ်တဲ့ ပေါင်(၇.၂၅)သန်းကို ပေးချေသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

 

ဖယ်လိုင်နီ ။     ။ တရုတ်စူပါလိဂ်မှာ ကစားနေတဲ့ ဖယ်လိုင်နီ က သူ့အနေနဲ့ မော်ရင်ဟိုနဲ့အတူ စပါးအသင်းမှာ ပြန်လည်ပူးပေါင်းဖို့ မဖြစ်နိုင်သေးဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။ မန်ယူအသင်းကနေ တရုတ်စူပါလိဂ်ကလပ် ရှန်ဒေါင်းအသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ဖယ်လိုင်နီ က သူ့အနေနဲ့ တရုတ်မှာ ကစားရတာကို ပျော်ရွှင်နေကြောင်းနဲ့ မော်ရင်ဟိုရဲ့ အသင်းဆီ သွားရောက်ပူးပေါင်းဖို့ ဖြစ်နိုင်မှာ မဟုတ်သေးကြောင်း မှတ်ချက်ပေးလိုက်တာပါ။

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှား က လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ သူ့အနေနဲ့ ကစားသမားသစ်နှစ်ဦးကနေ သုံးဦးအထိ ခေါ်ယူသွားဖို့ ဆန္ဒရှိနေကြောင်း ပြောဆိုလိုက်ပါတယ်။ ဆိုးလ်ရှားက လူကာကူနဲ့ ဆန်းချက်ဇ်တို့ရဲ့ နေရာကို အစားထိုးဖို့အတွက် တိုက်စစ်ကစားသမားတစ်ဦးနဲ့ ကွင်းလယ်ကစားသမားတစ်ဦးကို မဖြစ်မနေခေါ်ယူသွားရဖို့ ရှိနေကြောင်း Goal နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာအနေနဲ့ (၂၀၂၁)ခုနှစ်မှာ ကုန်ဆုံးတော့မယ့် စာချုပ်သက်တမ်းကို တိုးမြှင့်ဖို့ စဉ်းစားနေပြီး မန်စီးတီးအသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပြီလို့ Daily Mail က ဖော်ပြပါတယ်။ မန်စီးတီးအသင်း တာဝန်ရှိသူတွေဟာ ဂွာဒီယိုလာသာ ထွက်ခွာသွားခဲ့ရင် ပိုချက်တီနို နဲ့ အစားထိုးဖို့ ပြင်ဆင်နေပြီး လက်ရှိအချိန်မှာတော့ စာချုပ်နဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲပဲလို့ သိရပါတယ်။

READ
စပါးကို ချန်ပီယံမဖြစ်စေချင်ဘူးလို့ပြောလာတဲ့ ဖာဘရီဂတ်စ်

Linn

Source : TheSun , Goal , Mirror

SHARE