၁၃-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဂျူဗင်တပ်စ် ။    ။ ဂျူဗင်တပ်စ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်၊ ဒုတိယအကျော့ပွဲစဉ်မှာ အက်သလက်တီကိုအသင်းကို (၃-၀)ရလဒ်နဲ့ အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပထမအကျော့တုန်းက (၂-၀)ရလဒ်နဲ့ အရှုံးပေးထားရလို့ ဒီအဆင့်မှာ ဂျူဗင်တပ်စ်တို့ ပြုတ်ကျန်ခဲ့နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေခဲ့ပေမယ့်လည်း ရော်နယ်ဒိုက Hat-Trick သွင်းဂိုးနဲ့အတူ ဂျူဗင်တပ်စ်အသင်းကို ကယ်တင်သွားခဲ့တာပါ။ ဂျူဗင်တပ်စ်အတွက် ပွဲချိန် (၂၇)မိနစ်နဲ့ (၄၉)မိနစ်တွေမှာ ရော်နယ်ဒိုက ခေါင်းတိုက်သွင်းဂိုးတွေ သွင်းယူပေးနိုင်ခဲ့သလို ပွဲချိန် (၈၆)မိနစ်မှာလည်း ပင်နယ်တီကတစ်ဆင့် တတိယမြောက်သွင်းဂိုး သွင်းယူပေးခဲ့လို့ ဂျူဗင်တပ်စ်အသင်းဟာ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

မန်စီးတီး ။       ။ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ရှော်လ်ကေးအသင်းကို (၇-၀) ဆိုတဲ့ရလဒ်နဲ့ အနိုင်ယူလိုက်ပြီး အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်မှာ စံချိန်တင် ဂိုးပြတ်နိုင်ပွဲတစ်ပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ပထမပိုင်းမှာတင်ပဲ မန်စီးတီးအသင်းဟာ အဂွီရိုရဲ့ သွင်းဂိုး (၂) ဂိုး ၊ ဆာနေးရဲ့ သွင်းဂိုးတစ်ဂိုးတို့နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် ဒုတိယပိုင်းမှာ (၄) ဂိုး ထပ်မံသွင်းယူပေးခဲ့တာပါ။ မန်စီးတီးအတွက် ဒုတိယပိုင်းသွင်းဂိုးတွေကိုတော့ ပွဲချိန် (၅၆)မိနစ်မှာ စတာလင် ၊ ပွဲချိန် (၇၁)မိနစ်မှာ ဘာနာဒိုဆေးလ်ဗား ၊ ပွဲချိန် (၇၈)မိနစ်မှာ ဖိုဒန် နဲ့ ပွဲချိန်(၈၄)မိနစ်မှာ တိုက်စစ်မှူး ဂျီးဆပ် တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

READ
၂၄-၇-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
EPA

ဗယ်လ်ဗာဒီ ။    ။ ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီက ဒီနေ့ညမှာ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာစီလိုနာပဲ အနိုင်ရမယ်ဆိုတာ ယုံကြည်မှုအပြည့်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာဟာ လိုင်ယွန်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရတဲ့ ပထမအကျော့ပွဲစဉ်တုန်းက ဂိုးမရှိသရေသာ ကစားနိုင်ခဲ့လို့ ဒီနေ့ည အိမ်ကွင်းပွဲစဉ်အတွက် ဖိအားရှိနေတာဖြစ်ပါတယ်။ ဗယ်လ်ဗာဒီ က ဒီနေ့ညပွဲစဉ်ဟာ သူ့အတွက် စိတ်ပူစရာမရှိကြောင်းနဲ့ ကစားသမားတွေအနေနဲ့လည်း ဖိအားကင်းကင်းရင်ဆိုင်သွားကြမှာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

AFP

 

ဖာဒီနန် ။         ။မန်ယူအသင်းနောက်ခံကစားသမားဟောင်း ဖာဒီနန်က မနေ့ညက ပွဲစဉ်မှာ ဂျူဗင်တပ်စ်အတွက် Hat-Trick သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒို ဟာ ဘောလုံးနတ်ဘုရားတစ်ပါး ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ အဲဒီပွဲစဉ်မှာ ဂျူဗင်တပ်စ်အတွက် ခေါင်းတိုက်သွင်းဂိုး(၂)ဂိုးနဲ့ ပင်နယ်တီသွင်းဂိုးတစ်ဂိုး သွင်းယူပေးသွားခဲ့တဲ့ ရော်နယ်ဒို ဟာ ဂျူဗင်တပ်စ်အသင်းအတွက် အမှန်ကန်ဆုံး ခေါ်ယူမှုဖြစ်ပြီး သူ့ရဲ့ပြောင်းရွှေ့ကြေးဟာ ဒီနိုင်ပွဲတစ်ပွဲနဲ့တင် ထိုက်တန်သွားခဲ့ပြီဖြစ်တယ်လို့ အသင်းဖော်ဟောင်းကို ချီးကျူးလိုက်တာပါ။

READ
အားလုံးရဲ့ အာရုံတွေကို အမိုက်စားဖက်ရှင်နဲ့ ဖမ်းစားလိုက်တဲ့ နိုင်ဂျီယားအသင်း

ရာမို့စ် ။ ။ နည်းပြသစ် ဇီဒန်း ရောက်လာတဲ့အချိန်မှာ အရင်ထက်ပိုပြီး ကြိုးစားနေတဲ့ ရာမို့စ်ကို အချိန်ပိုလေ့ကျင့်ခန်းတွေ ပြုလုပ်နေတာ တွေ့ခဲ့ရတယ်လို့ စပိန်သတင်းစာတွေက ဖော်ပြနေကြပါတယ်။ ရာမို့စ်ဟာ နည်းပြရဲ့ ခိုင်းစေမှုမပါပဲ သူ့ရဲ့ဆန္ဒအလျောက် အချိန်ပိုလေ့ကျင့်ခန်းအစီအစဉ်တွေ ပြုလုပ်နေခဲ့ပြီး ဇီဒန်းကို ကြိုဆိုကြောင်း ပြသနေခဲ့တာ ဖြစ်တယ်လို့ သတင်းတွေက ရေးသားနေကြတာပါ။ ရာမို့်စ်ဟာ သူ့ရဲ့ အချိန်ပို လေ့ကျင့်ခန်းအစီအစဉ်ကို ဗီဒီယိုရိုက်ကူးပြီး အင်စတာဂရမ်ပေါ် တင်ခဲ့လို့ အဲဒီအကြောင်းကို သူ့ရဲ့ပရိသတ်တွေလည်း သိရှိခဲ့ရပါတယ်။

Dailymail

ဂရစ်ဇ်မန်း ။      ။ အက်သလက်တီကိုအသင်းတိုက်စစ်မှူး ဂရစ်ဇ်မန်းက ဂျူဗင်တပ်စ်ဟာ သူတို့ထက် အဆင့်မြင့်မားတဲ့အသင်းဖြစ်ကြောင်းနဲ့ ယှဉ်ပြိုင်ကစားနိုင်ဖို့ မလွယ်ကူခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။ အက်သလက်အသင်းဟာ သူတို့ရဲ့ အိမ်ကွင်းမှာ (၂-၀)နဲ့ နိုင်ခဲ့ပေမယ့် အဝေးကွင်းပွဲစဉ်မှာတော့ ပုံစံကောင်း ပျောက်ဆုံးသွားခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။ ဂရစ်ဇ်မန်းက အက်သလက်အသင်းသားတွေဟာ ဒီပွဲစဉ်ကို အကောင်းဆုံး ပုံစံနဲ့ ကစားနိုင်ခြင်းမရှိခဲ့ပဲ အဲဒီအခြေအနေက ဂျူဗင်တပ်စ်အတွက် ပိုမိုလွယ်ကူသွားစေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Linn

Source : TheSun , Dailymail , Goal

SHARE