(၁၃-၄-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

တွမ်မီစမစ် – လီဗာပူးဂန္ထဝင်ကစားသမားကြီး တွမ်မီစမစ်ဟာ အသက် (၇၄)နှစ်အရွယ်မှာ သေဆုံးသွားပြီလို့ သိရပါတယ်။ စမစ်ဟာ Dementia ရောဂါကို ခံစားခဲ့ရသူဖြစ်ပါတယ်။ သူ့ကို လီဗာပူးပရိသတ်တွေက Anfield Iron လို့ တင်စားကြပါတယ်။ သူဟာ လီဗာပူးနဲ့အတူ လိဂ်ဖလား(၄)ကြိမ်၊ FA ဖလား (၂)ကြိမ်၊ ဥရောပဖလား (၁)ကြိမ် ရယူနိုင်ခဲ့သူပါ။

ဟာဇက် – ရီးယဲလ်အသင်းကနေ စိတ်ဝင်စားနေတဲ့ ချယ်လ်ဆီးကစားသမား ဟာဇက်က နည်းပြဇီဒန်းဟာ သူအလွန်လေးစားချစ်ခင်ရတဲ့ Idol တစ်ဦးဖြစ်ပြီး၊ ဇီဒန်း ရီးယဲလ်အသင်းကို ပြန်လာခြင်းဟာ သူ့ကို ပျော်ရွှင်စေတဲ့ သတင်းဖြစ်စေခဲ့ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ ဒါကြောင့် သတင်းမီဒီယာတွေက ဟာဇက်အနေနဲ့ ရီးယဲလ်ကို ပြောင်းဖို့ အတော်လေး သေချာနေပြီလို့ ကောက်ချက်ချနေကြပါတယ်။

Liverpool FC

မန်ယူ – မန်ယူအသင်းဟာ လာမယ့်အပြောင်းအရွှေ့ရာသီမှာ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ခိုင်မာဖို့အတွက် အသင်းမှာ အန်မဝင်တဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ သေချာနေကြောင်း နီးစပ်တဲ့အသိုင်းအဝိုင်းမှ သိရပါတယ်။ ရောင်းထုတ်မယ့် ကစားသမားတွေထဲမှာ ဆန်းချက်ဇ်၊ ဖရက်ဒ်နဲ့ အီရစ်ဘိုင်လေတို့ ပါဝင်ဖို့ရှိနေပါတယ်။

READ
အသလက်တီကို VS ဘိုင်ယန်(ပွဲကြိုအပြည့်အစုံ)

လီဗာပူး – လီဗာပူးအသင်းဟာ Nike နဲ့ Adidas ကုမ္ပဏီတို့နဲ့ အသင်းဝတ်စုံစပွန်ဆာအတွက် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေပြီး၊ သဘောတူညီမှု ရရှိပါက မန်ယူအသင်းရရှိခဲ့တဲ့ Adidas နဲ့ (၁၃)နှစ်စာ ဝတ်စုံစပွန်ဆာတန်ကြေး ပေါင်သန်း (၇၅၀)စံချိန်ကိုပင် ကျော်ဖြတ်နိုင်ဖို့ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။ လီဗာပူးအသင်းဟာ လက်ရှိမှာတော့ အမေရိကန်အခြေစိုက် New Balance ကုမ္ပဏီနဲ့ လက်တွဲထားပြီး တစ်နှစ်ကို ၀တ်စုံစပွန်ဆာကြေး (၅၈)သန်းသာရရှိနေတာပါ။ New Balance ကုမ္ပဏီနဲ့ စာချုပ်သက်တမ်းဟာ ၂၀၁၉/၂၀  ဘောလုံးရာသီအပြီးမှာ ကုန်ဆုံးမှာဖြစ်တယ်လို့လည်း သိရပါ တယ်။

အာဆင်နယ် – အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ လက်လွှတ်ရတော့မယ့် ရမ်ဆေးရဲ့နေရာမှာ အစားထိုးဖို့အတွက် ပီအက်စ်ဂျီကစားသမား Nkunku ကို ခေါ်ယူဖို့ကြိုးစားနေကြောင်း သိရပါတယ်။ Nkunku ဟာ အသက်(၂၁)နှစ်သာ ရှိပါသေးတယ်။

 

READ
၂၈-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

နတ်စည်တော် (SportAhtar)

Source : thesun.co.uk

SHARE