၁၃-၄-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter

အာဆင်နယ် ။ ။ အာဆင်နယ်အသင်းဟာ အသင်းကစားသမားတွေကို လစာငွေလျော့ယူပေးဖို့ညှိနှိုင်းမှု အဆင်မပြေပဲဖြစ်နေတယ်လို့ Goal က ဖော်ပြပါတယ်။ အာဆင်နယ်အသင်းရဲ့တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့မယ်ဆိုရင် အသင်းကစားသမားတွေအနေနဲ့ လစာငွေ ဖြတ်တောက်ခံရမှာဖြစ်ကြောင်း အသိပေးခဲ့တာပါ။ အဲဒီအတွက် အသင်းရဲ့ စီနီယာကစားသမားတွေနဲ့ ဘုတ်အဖွဲ့ရဲ့ကြားမှာ တင်းမာမှုတွေရှိနေခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း လစာငွေလျော့ယူပေးဖို့အတွက် ကစားသမားတွေက ငြင်းဆန်နေကြတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

လာမယ်လာ ။ ။ စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား အဲရစ် လာမယ်လာ ဟာ လာမယ့်အပြောင်းအရွှေ့မှာ စပါးအသင်းကနေ ထွက်ခွာသွားဖို့ရှိနေတယ်လို့ Mirror က ဖော်ပြပါတယ်။ (၂၀၁၃)ခုနှစ်ကတည်းက စပါးအသင်းကို ရောက်ရှိနေခဲ့တဲ့ ကွင်းလယ်လူ ဟာ နည်းပြ မော်ရင်ဟိုရဲ့ စိတ်ကြိုက်ကစားသမား ဖြစ်မလာခဲ့ပဲပွဲထွက်ခွင့်အတွက် ရုန်းကန်နေရတာကြောင့် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေခဲ့တာပါ။

ဂိုဒင် ။ ။ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ အင်တာမီလန်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာတော့မယ့် နောက်ခံလူ ဂိုဒင် ဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဆီ ရောက်လာဖွယ်ရှိတယ်လို့ Mirror ကဖော်ပြပါတယ်။ အက်သလက်တီကိုနဲ့ အင်တာမီလန်အသင်းတို့မှာ ခြေစွမ်းပြခဲ့တဲ့ အသက် (၃၄)နှစ်အရွယ် နောက်ခံကစားသမားကြီးကို မန်ယူနဲ့စပါးအသင်းတို့က ခေါ်ယူဖို့ ချိတ်ဆက်နေပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့်အခြေအနေကို လက်မလွှတ်နိုင်ပဲဖြစ်နေတယ်လို့ သိရပါတယ်။


ဘာစီလိုနာ ။ ။ ဘာစီလိုနာအသင်းဟာ ကွင်းလယ်လူ အာသာ အတွက် ကမ်းလှမ်းမှုတွေအားလုံးကို ပယ်ချသွားဖို့အဆင်သင့်ပြင်နေကြောင်း Marca က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ အာသာ အတွက် ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမယ့် ငြင်းဆန်သွားခဲ့တဲ့ ဘာစီလိုနာဟာ ဒီအပြောင်းအရွှေ့မှာလည်း အသက် (၂၃)နှစ်အရွယ် ကွင်းလယ်ကစားသမားကို ဆက်လက်ထိန်းသိမ်းထားဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ဟယ်ရီကိန်း ။ ။ စပါးအသင်းအနေနဲ့ သူတို့ရဲ့ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းကိုရောင်းချဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း Sky Sports က ဖော်ပြပါတယ်။ ဟယ်ရီကိန်းအတွက် ပေါင်သန်း(၂၀၀)အလိုရှိနေတဲ့ စပါးအသင်းဟာ မန်ယူ၊ ရီးယဲလ်အသင်းတို့နဲ့ အပြောင်းအရွှေ့အတွက် ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်နေခဲ့ပြီး မြင့်မားတဲ့ပြောင်းရွှေ့ကြေးကြောင့် ဟယ်ရီကိန်းဟာ မန်ယူအသင်းထက် ရီးယဲလ်အသင်းဆီကိုသာ ရောက်သွားဖို့ရှိနေတယ်လို့ သတင်းစာတွေက သုံးသပ်ပါတယ်။
Linn
Source : TheSun , Goal , Mirror

SHARE