၁၃-၈-၂၀၁၉ အတွက် မနက်ခင်းဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Mirror"

ပေါ့ဂ်ဘာ ။       ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အသင်းရဲ့ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ ဟာ ဒီအပြောင်းအရွှေ့ကာလမှာတော့ အသင်းကနေ ထွက်ခွာသွားမှာမဟုတ်တော့ဘူးလို့ အတည်ပြုလိုက်ပါပြီ။ အီတလီနဲ့စပိန်တို့ရဲ့အပြောင်းအရွှေ့ဈေးကွက် မပိတ်သေးတာကြောင့် ဂျူဗင်တပ်စ်နဲ့ရီးယဲလ်အသင်းတို့ဟာ ပေါ့ဂ်ဘာကို ခေါ်ယူသွားဖို့ရှိနေသေးတယ်ဆိုတဲ့ သတင်းတွေအပေါ် ဆိုးလ်ရှားက တုန့်ပြန်ခဲ့တာပါ။ ဆိုးလ်ရှားက ပေါ့ဂ်ဘာဟာ လက်ရှိအချိန်မှာ မန်ယူအတွက် ဆက်လက်ကစားပေးဖို့ဆုံးဖြတ်ထားပြီး နွေရာသီအပြောင်းအရွှေ့မှာတော့ ဘာတွေဖြစ်လာမလဲဆိုတာ မသိသေးဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။

ရှနိုက်ဒါ ။        ။ နယ်သာလန်ကွင်းလယ်ကစားသမား ရှနိုက်ဒါ ကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့ကစလို့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘ၀ ကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။ အသက် (၃၅)နှစ်အရွယ် ကွင်းလယ်လူ ဟာ နယ်သာလန်ရုပ်သံတစ်ခုနဲ့အင်တာဗျူး အစီအစဉ်မှာ ဘောလုံးသမားဘ၀ကနေ တနင်္လာနေ့ကစလို့ အနားယူလိုက်ပြီဖြစ်ကြောင်း ဖြေဆိုသွားခဲ့ပြီး ရှနိုက်ဒါရဲ့အေးဂျင့်ဖြစ်သူကတော့ ဒါဟာ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုဖြစ်ပြီး ရှနိုက်ဒါအနေနဲ့ နောက်ထပ်နှစ်အနည်းငယ်အထိ ဘောလုံးဆက်လက်ကစားလို့ရနေသေးကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။

ဘစ်ဆာကာ ။   ။ မန်ယူအသင်းကစားသမားဟောင်းကြီး ပေါလ်ပါကား က အသင်းရဲ့ညာနောက်ခံကစားသမား ဘစ်ဆာကာ ဟာ လီဗာပူးလ်ညာနောက်ခံလူ အာနိုး ထက်တောင် ပိုမိုကောင်းမွန်တဲ့ ကစားသမားဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ချယ်လ်ဆီးနဲ့ပွဲမှာ မန်ယူအတွက် ပွဲထွက်ခဲ့တဲ့ ဘစ်ဆာကာ ဟာ ခံစစ်ပိုင်းမှာအကောင်းဆုံးကစားနိုင်ပေမယ့် ဖြတ်တင်ဘောတွေပေးပို့မှုမှာတော့ လီဗာပူးလ်နောက်ခံလူ အာနိုး ကို မမှီဘူးဆိုတဲ့ နှိုင်းယှဉ်မှုတွေလည်း ရှိနေခဲ့ပါတယ်။

READ
ကိုလံဘီယာ နဲ့အတူ ရှင်သန်ရမယ့်ည

ရာမီ ။   ။ မာဆေးလ်အသင်းရဲ့နောက်ခံကစားသမား ရာမီ ဟာ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေဆီ မလာပဲ ရွှံ့နပမ်းပွဲကို သွားရောက်နေကြောင်း တွေ့ရှိခဲ့ရလို့ အသင်းကနေ ထုတ်ပယ်ခြင်းခံလိုက်ရပါတယ်။ အသက် (၃၃)နှစ်အရွယ် ပြင်သစ်နောက်ခံလူဟာ အေစီ၊ဗလင်စီယာ၊ ဆီးဗီးလား အစရှိတဲ့အသင်းတွေမှာ ကစားခဲ့ဖူးပြီး (၂၀၁၇)ခုနှစ်မှာ မာဆေးလ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တာပါ။ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ရယူထားတဲ့ ရာမီ ဟာ ရုပ်သံအစီအစဉ်တစ်ခုမှာပါဝင်ဖို့အတွက် အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကိုရောက်ရှိမလာခဲ့တာဖြစ်ကြောင်း အသင်းတာဝန်ရှိသူတွေက တွေ့ရှိခဲ့ပြီးတဲ့နောက် အခုလို ဖြစ်သွားခဲ့တာပါ။

 

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းရဲ့ ကစားသမားတွေဖြစ်ကြတဲ့ မွန်ရီယယ်၊ မူစတာဖီ၊ အယ်လ်နန်နီ နဲ့ စမစ်ရိုဝီ တို့ဟာ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေကြဆဲဖြစ်တယ်လို့ Mirror က ဖော်ပြပါတယ်။ ဥရောပအပြောင်းအရွှေ့ရာသီမပိတ်သေးခင်အချိန်အထိ ဒီကစားသမား(၄)ဦးဟာ အာဆင်နယ်ကနေ အချိန်မရွေးထွက်ခွာသွားနိုင်တယ်လို့ Mirror က သုံးသပ်ခဲ့ပြီး မူစတာဖီနဲ့ မွန်ရီယယ်တို့ကိုသာ ဆုံးရှုံးလိုက်ရရင် အာဆင်နယ်ရဲ့ခံစစ်က ဆိုးရွားသွားနိုင်တယ်လို့ ရေးသားသွားခဲ့ပါတယ်။

READ
၁၈-၉-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

မန်ဂါလာ ။       ။ ဗလင်စီယာ အသင်းဟာ မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးသွားခဲ့တဲ့ နောက်ခံလူ မန်ဂါလာ ကို (၂)နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။ အသက် (၂၈)နှစ်အရွယ် နောက်ခံလူဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီကတည်းက ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်နေခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဗလင်စီယာအသင်းဆီရောက်ရှိသွားခဲ့ပါပြီ။ မန်ဂါလာ ဟာ မန်စီးတီးအသင်းမှာ ကစားနေစဉ်အချိန်တုန်းကလည်း ဗလင်စီယာအသင်းဆီ အငှားချထားခြင်းခံခဲ့ရဖူးပြီး ဗလင်စီယာအသင်းအတွက် ပွဲပေါင်း(၃၀) ကစားပေးခဲ့ဖူးပါတယ်။

 

Linn

Source : TheSun , Goal , Mirror

SHARE