၁၃-၉-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Mirror"

ဗန်ဒါးဆား ။ ။ မန်ယူအသင်းဂိုးသမားဟောင်း ဗန်ဒါးဆား က ဒီဂီယာအနေနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် အချိန်ဆွဲနေတဲ့အနေအထားအပေါ် ဝေဖန်လိုက်ပါတယ်။ ဗန်ဒါးဆား က ဒီဂီယာ ဟာ “Yes” ဒါမှမဟုတ် “No” လို့ပဲ ဖြေဖို့လိုတဲ့ ကိစ္စကို အချိန်တွေအကြာကြီး ဆွဲထားခဲ့ပြီး သူဟာ အစားထိုးလို့မရတဲ့ ဂိုးသမားတစ်ယောက် မဟုတ်ဘူးဆိုတာကို သိစေချင်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

ဗလင်စီယာ ။        ။ ဗလင်စီယာအသင်းနည်းပြ မာဆယ်လီနို ကို အသင်းပိုင်ရှင် ပီတာလင်း က ထုတ်ပယ်လိုက်ပြီးတဲ့နောက် ဗလင်စီယာ ကစားသမားတွေနဲ့ အုပ်ချုပ်မှုအဖွဲ့တွေကြားမှာ တင်းမာမှုတွေရှိလာခဲ့တယ်လို့ Marca က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက ဗလင်စီယာအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ မာဆယ်လီနို ဟာ ဗလင်စီယာအသင်းရဲ့ အအောင်မြင်ဆုံးနည်းပြတွေထဲက တစ်ယောက်ဖြစ်ခဲ့ပြီး ကစားသမားတွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားခဲ့တာပါ။ လက်ရှိမှာတော့ ဗလင်စီယာအသင်းရဲ့ ယာယီနည်းပြအဖြစ် ဆီလာဒက်စ်က တာဝန်ယူနေပြီး သူဟာ ရီးယဲလ်အသင်းမှာ လိုပီတီဂီရဲ့လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာကလွဲပြီး တခြားအတွေ့အကြုံမရှိခဲ့လို့ ဒီတစ်ပတ်ကစားရမယ့် ဘာစီလိုနာနဲ့ပွဲ၊ ချယ်လ်ဆီးအသင်းနဲ့ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဗလင်စီယာအသင်း အခက်တွေ့ဖွယ်ရှိနေပါတယ်။

 

မန်စီးတီး ။   ။ မန်စီးတီးအသင်းခေါင်းဆောင်ဟောင်း ကွန်ပနီက အင်္ဂလန်နောက်ခံလူ ဂျွန်စတုံးဟာ မန်စီးတီးအတွက် လိုအပ်နေတဲ့ နောက်ခံနေရာကို ဖြည့်ဆည်းပေးနိုင်မယ့်လူမျိုးဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ မန်စီးတီးအသင်းနောက်ခံကစားသမား လာပေါ်တေး တစ်ယောက် ဒဏ်ရာရသွားတဲ့ အခြေအနေမှာ ဂျွန်စတုံးက အသင်းရဲ့ အဓိက နောက်ခံလူ ဖြစ်လာလိမ့်မယ်လို့ ကွန်ပနီက မှတ်ချက်ပေးခဲ့ပြီး ဂျွန်စတုံးဟာ အရည်အသွေးအပြည့်ရှိတဲ့ နောက်ခံလူတစ်ယောက်လို့ ချီးကျူးသွားခဲ့ပါတယ်။

ဆီဘယ်လို့စ် ။      ။ အာဆင်နယ်အသင်းကွင်းလယ်ကစားသမား ဆီဘယ်လို့စ်က သူ့ရဲ့ကစားသမားဘ၀မှာ လီဗာပူးလ်လောက် အသင်းလိုက် ကစားပုံကောင်းတဲ့အသင်းမျိုး မတွေ့ဖူးခဲ့ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက လီဗာပူးလ်က အာဆင်နယ်ကို (၃-၁)နဲ့ အနိုင်ရသွားခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးလ်ရဲ့အသင်းလိုက် ကစားပုံက တကယ့်ကို အံ့အားသင့်စရာကောင်းပြီး အထင်ကြီးမိတယ်လို့ ဆီဘယ်လို့စ်က ဆိုပါတယ်။

ဆိုးလ်ကမ်းဘဲ ။    ။ အင်္ဂလန်၊လိဂ်(၂)ကလပ် အသင်းဖြစ်တဲ့ မက်ကလက်စ်ဖီးအသင်းမှာ နည်းပြအဖြစ် (၉)လကြာ တာဝန်ယူခဲ့တဲ့ အာဆင်နယ်နောက်ခံကစားသမား ဆိုးလ်ကမ်းဘဲ က သူ့အနေနဲ့ နည်းပြဘ၀ထဲကို ၀င်လာဖို့ အသင့်ဖြစ်နေပြီဆိုတဲ့အကြောင်း အသိပေးလိုက်ပါတယ်။ မက်ကလက်စ်ဖီးအသင်းက ထွက်ခွာခဲ့ပြီးတဲ့နောက် ပထမဆုံးအင်တာဗျူးမှာ ကမ်းဘဲ က ချန်ပီယံရှစ်၊ ပရီးမီးယားလိဂ် စတဲ့ပြိုင်ပွဲတွေမှာ စိန်ခေါ်မှုတွေကို လက်ခံဖို့အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်း ပြောဆိုသွားခဲ့တာပါ။

READ
မန်ယူအသင်းသို့ ပြန်လာပြီဖြစ်တဲ့ Adnan Januzaj

Linn

Source : TheSun , Mirror , Goal

SHARE