၁၄-၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဒီဂီယာ ။         ။ မန်ယူအသင်းကစားသမားတွေဟာ မနေ့ညက ကစားခဲ့တဲ့ စပါးအသင်းနဲ့ ပွဲစဉ်မှာ လက်စွမ်းပြသွားခဲ့တဲ့ ဂိုးသမားဒီဂီယာ ကို သူတို့ရဲ့ တွစ်တာအကောင့်တွေကနေ ချီးကျူးသွားခဲ့ပြီး ဒီဂီယာနဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို ကိုယ်စီတင်ခဲ့ကြပါတယ်။ စပါးအသင်းကို (၀-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဲဒီပွဲစဉ်မှာ ဒီဂီယာရဲ့ ကာကွယ်မှုတွေက အဓိက ကျခဲ့ပြီး ပွဲချိန်ဒုတိယပိုင်းမှာ စပါးအသင်းရဲ့ ကန်သွင်းမှု (၁၁)ကြိမ်အထိ ကာကွယ်နိုင်ခဲ့တာပါ။ ဒီဂီယာ ဟာ အဲဒီပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုရရှိခဲ့ပြီး မန်ယူအသင်းဖော်တွေက သူတို့ရဲ့တွစ်တာအကောင့်တွေကနေ ချီးကျူးစကားဆိုခဲ့ကြပါတယ်။

ဆောင်းနက်စ် ။ ။ ဘောလုံးပွဲ သုံးသပ်သူတစ်ယောက်ဖြစ်တဲ့ ဆောင်းနက်စ်ကတော့ ပေါ့ဂ်ဘာအနေနဲ့ စပါးကွင်းလယ်လူ ဒယ်လီအယ်လီအပေါ် ကျူးလွန်ခဲ့တဲ့ အပြစ်ဒဏ်ဟာ သေချာပေါက် အနီကတ်ပြသခံရမယ့်ပြစ်ဒဏ်မျိုးဖြစ်ပြီး ကွင်းလယ်ဒိုင် မိုက်ဒိန်းဟာ ဘောလုံးအကြောင်းဘာမှမသိဘူးလို့ ဝေဖန်လိုက်ပါတယ်။ စပါးနဲ့ မန်ယူတို့ရဲ့ ပွဲချိန် (၇၈)မိနစ်မှာ ပေါ့ဂ်ဘာရဲ့ဘောလုံးရယူပုံဟာ အယ်လီကို တက်နင်းသလိုဖြစ်ခဲ့ပြီး ကွင်းလယ်ဒိုင်က အ၀ါကတ်ပြသ သွားခဲ့တာပါ။ ဆောင်းနက်စ်ကတော့ ဒီအဖြစ်အပျက်ဟာ သေချာပေါက်အနီကတ် ပြသခံရမယ့်ကိစ္စဖြစ်ပြီး ပေါ့ဂ်ဘာအနေနဲ့ ကံကောင်းသွားခဲ့တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Twitter

ဒူကူရီ ။ ။ PSG အသင်းက ခေါ်ယူဖို့ ကြိုးစားနေတဲ့ ၀က်ဖို့ဒ်ကွင်းလယ်လူ ဒူကူရီ က သူ့အနေနဲ့ အသင်းကနေ ထွက်ခွာချင်တယ်လို့ အသိပေးလိုက်ပါတယ်။ အသက် (၂၆)နှစ်အရွယ် ကွင်းလယ်ကစားသမားကို ဒီအပြောင်းအရွှေ့မှာ PSG က သန်း(၅၀)ပေးပြီး ခေါ်ယူချင်နေတာဖြစ်ပြီး ဒူုကူရီက ပြင်သစ်ရုပ်သံတစ်ခုနဲ့ အင်တာဗျူးမှာ အသင်းကနေ ထွက်သွားချင်တယ်လို့ ဖြေဆိုသွားခဲ့တာဖြစ်ပါတယ်။ ဒူကူရီဟာ ပြင်သစ်လီဂူးပွဲစဉ်တွေနဲ့ ရင်းနှီးခဲ့သူတစ်ယောက်ဖြစ်ပြီး ရင်းနက်စ်အသင်းမှာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ကို စတင်ခဲ့သူဖြစ်ပါတယ်။

READ
(၁၁-၄-၁၈)အတွက် ညနေခင်းပိုင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အိုဇေးလ် ။       ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီက ကွင်းလယ်လူ အိုဇေးလ်ကို ဒီအပြောင်းအရွှေ့မှာပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာသွားဖို့ ဆန္ဒရှိနေတယ်လို့ DailyMail က ဖော်ပြပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်အသင်းရဲ့နောက်ပိုင်းပွဲစဉ်တွေမှာ အသင်းရဲ့အရန်စာရင်းထဲတောင် ပါဝင်နိုင်ခြင်းမရှိတော့ပဲ နည်းပြ အမ်မရီရဲ့ မျက်ကွယ်ပြုခြင်းကို ခံထားခဲ့ရတာပါ။ Dailymail ရဲ့ ဖော်ပြချက်အရ အမ်မရီ အနေနဲ့ တစ်ပတ်လုပ်ခလစာ ပေါင်(၃၅၀၀၀၀)အထိ ပေးချေနေရတဲ့ အိုဇေးလ်ရဲ့လစာ ပမာဏဟာ မြင့်မားလွန်းနေတယ်လို့ ဆုံးဖြတ်ခဲ့ပြီး အိုဇေးလ်ကို အလွတ်ထွက်ခွာစေခြင်းအားဖြင့် ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ အခွင့်အရေးများစေတယ်လို့ ယူဆနေခဲ့တာပါ။

Arsenal FC

ကာရက်စ်ကို ။   ။ ဘယ်လ်ဂျီယံတောင်ပံကစားသမား ကာရက်စ်ကိုရဲ့ ဇနီးဖြစ်သူက မန်ယူအသင်းတာဝန်ရှိသူတွေဟာ ကာရက်စ်ကို ကိုခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်နေကြတယ်လို့ အတည်ပြုလိုက်ပါတယ်။ လက်ရှိမှာ တရုတ်ကလပ် ဒါလီယန်အသင်းအတွက် ကစားပေးနေတဲ့ ကာရက်စ်ကို ကို မန်ယူ၊ အာဆင်နယ် စတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းကြီးတွေက ခေါ်ယူချင်နေတာဖြစ်ပြီး ကာရက်စ်ကို ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်မှာ လာရောက်ကစားဖို့ ဆန္ဒရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့တာပါ။ အသက် (၂၅)နှစ်အရွယ် တောင်ပံကစားသမားရဲ့ ဇနီးသည် နိုမီ က မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ကာရက်စ်ကို အတွက် ကမ်းလှမ်းခဲ့တယ်လို့ အတည်ပြုပေးသွားခဲ့တာဖြစ်ပါတယ်။

READ
၁-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Instagram

ဟယ်ရီကိန်း ။   ။ စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းဟာ မန်ယူအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒူးဒဏ်ရာ ရရှိသွားခဲ့ပြီး စပါးအသင်းအတွက် စိုးရိမ်စရာအနေအထားဖြစ်တယ်လို့ နည်းပြ ပိုချက်တီနိုက ဆိုလိုက်ပါတယ်။ မန်ယူအသင်းဖက်ကို နောက်ဆုံးမိနစ်မှာ ဂိုးသွင်းဖို့ကြိုးစားခဲ့တဲ့ တိုက်စစ်မှူးဟာ ဖြတ်တင်ဘော ဘောလုံးကို ပိတ်သွင်းဖို့ ကြိုးစားရာကနေ ဟန်ချက်ပျက်သွားခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ကုသမှုခံယူခဲ့ရပါတယ်။ စပါးအသင်းဟာ သူတို့ရဲ့တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ကိုလည်း အာရှဖလားပွဲအတွက် လက်လွှတ်ရမှာဖြစ်လို့ ဟယ်ရီကိန်းသာ  ဒဏ်ရာရခဲ့ရင် တိုက်စစ်ပြဿနာကို ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

AFP

မက်ဆီ ။         ။ ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီ ဟာ မနေ့ညက ကစားခဲ့တဲ့ အီဘာအသင်းနဲ့ ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးတဲ့နောက် လာလီဂါသွင်းဂိုး (၄၀၀) ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ အီဘာ အသင်းကို (၃-၀) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဲဒီပွဲစဉ်မှာ မက်ဆီက ဒုတိယမြောက်သွင်းဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး အခြားဂိုးတွေကိုတော့ ဆွာရက်ဇ်က သွင်းယူပေးခဲ့တာပါ။ မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် ပထမဆုံးသွင်းဂိုးကို (၂၀၀၅)ခုနှစ်မှာ စတင်သွင်းယူခဲ့တာဖြစ်ပြီး (၁၃)နှစ်တာ ကာလအတွင်းမှာ အသင်းအတွက် လာလီဂါဂိုး(၄၀၀) သွင်းယူပေးနိုင်ခဲ့တာပါ။

Linn

Source : TheSun , Goal , Dailymail

SHARE