၁၄-၁၀-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

twitter / Mirror

ဆောက်ဂိတ် ။   ။ နေမကောင်းဖြစ်မှုကြောင့် အင်္ဂလန်အသင်းလူစာရင်းကနေ နုတ်ထွက်သွားခဲ့တဲ့ မက်ဒီဆင် တစ်ယောက် ကာစီနိုတစ်ခုအတွင်းမှာရောက်နေတဲ့ ပုံရိပ်တွေကို မြင်တွေ့ခဲ့ရလို့ နည်းပြ ဆောက်ဂိတ်က ဒေါသထွက်နေပါတယ်။ လက်စတာအသင်းကွင်းလယ်လူဟာ အဖျားရောဂါကြောင့် အင်္ဂလန်အသင်းလူစာရင်းကနေ နုတ်ထွက်သွားခဲ့တဲ့ညမှာပဲ ကာစီနိုတစ်ခုဆီရောက်နေတဲ့ ပုံရိပ်တွေကို  မြင်တွေ့ခဲ့ရတာပါ။ ဆောက်ဂိတ်က သူ့အနေနဲ့ ကစားသမားတွေအကြောင်း အားလုံးသိထားပြီးဖြစ်ကြောင်းနဲ့ မက်ဒီဆင်ရဲ့အနေအထားကိုလည်း သဘောပေါက်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ဘေးလ် ။        ။ မနေ့ညက ကစားခဲ့တဲ့ ဝေးလ်နဲ့ ခရိုအေးရှားအသင်းတို့ ပွဲစဉ်မှာ ဝေးလ်အသင်းတိုက်စစ်မှူး ဂါရက်ဘေးလ်နဲ့ ခရိုအေးရှားကွင်းလယ်လူ မိုဒရစ်တို့ ဒဏ်ရာရရှိသွားခဲ့လို့ ရီးယဲလ်အသင်း အခက်တွေ့ရတော့မှာပါ။ ဂါရက်ဘေးလ်က အဲဒီပွဲမှာ ဝေးလ်အတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ပွဲအပြီးမှာ ဒဏ်ရာရရှိသွားကြောင်း နည်းပြ ရွိုင်ယန်ဂစ်က အသိပေးခဲ့ပြီး မိုဒရစ်ကလည်း ဒူးဒဏ်ရာရရှိသွားခဲ့တာပါ။

 

ပီတာချက် ။     ။ ချယ်လ်ဆီးနဲ့ အာဆင်နယ်ဂိုးသမားဟောင်း ပီတာချက် ဟာ ရေခဲပြင်ဟော်ကီပြိုင်ပွဲရဲ့ ဂိုးသမားအဖြစ် ၀င်ရောက်ကစားတဲ့ပထမဆုံးပွဲစဉ်မှာပဲ အကောင်းဆုံး ကစားသမားအဖြစ် ဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်ဖို့အတွက် အသက် (၂၀)အရွယ် နယ်သာလန်တိုက်စစ်မှူးလေး မာလန် ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ PSV အသင်းရဲ့ တိုက်စစ်မှူးလေးဟာ နယ်သာလန်အသင်းနဲ့အတူ ယူရိုခြေစစ်ပွဲတွေကို ပါဝင်ကစားနေပြီး သူ့ရဲ့ခြေစွမ်းကို ဘာစီလိုနာအသင်း တာဝန်ရှိသူတွေက စောင့်ကြည့်နေပါတယ်။

ဘူဖွန် ။ ။ ဂျူဗင်တပ်စ်အသင်းဂိုးသမားကြီး ဘူဖွန်က အသင်းဖော်တိုက်စစ်မှူး ရော်နယ်ဒို ဟာ သူကြုံဖူးသမျှကစားသမားတွေထဲမှာ အဖော်ရွေဆုံးနဲ့ ဆက်ဆံရေးအကောင်းဆုံးဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ ဘူဖွန်က သူနဲ့ရော်နယ်ဒို ဟာ ဂျူဗင်တပ်စ်ရဲ့လေ့ကျင့်ရေးကွင်းမှာ အမြဲလိုလို ကစားပြောဖြစ်လေ့ရှိကြပြီး သူဟာ အလွန်နှိမ့်ချဆက်ဆံသူ တစ်ယောက်လည်းဖြစ်တယ်လို့ ပြောဆိုသွားခဲ့တာပါ။

ဘာလော့တယ်လီ ။      ။ ဘရက်စီယာအသင်းရဲ့တိုက်စစ်မှူး ဘာလော့တယ်လီ ဟာ သူ့ရဲ့ခြေစွမ်းနဲ့အသင်းရဲ့ရလဒ်ပိုင်းကြောင့် သတ်မှတ်ထားတဲ့ လစာငွေထက် ပိုမိုရရှိဖို့ ရှိနေပြီလို့ Mirror က ဖော်ပြပါတယ်။ ဘာလော့တယ်လီ ဟာ တစ်ရာသီလုပ်ခ ယူရို(၁)သန်းနဲ့ ဘရက်စီယာအသင်းဆီ ရောက်ရှိခဲ့တာ ဖြစ်ပေမယ့်လည်း အသင်းကို ပြန်လည်တန်းမဆင်းရအောင် ကူညီပေးနိုင်ရင် အပိုဆုကြေးအဖြစ် ယူရို(၃)သန်း ရရှိမယ်လို့ စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုထားခဲ့ကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
၁၀-၈-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE