၁၄-၁၁-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဟီဂူအင် ။       ။ အေစီအသင်းတိုက်စစ်မှူး ဟီဂူအင်ကတော့ ဂျူဗင်တပ်စ်ကို (၀-၂)နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ရရှိခဲ့တဲ့ အနီကတ်ကြောင့် (၂) ပွဲပယ် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။ ကွင်းလယ်ဒိုင်ကို ပြင်းပြင်းထန်ထန်စောဒက တက်ခဲ့တာကြောင့် အနီကတ်ပြသခံခဲ့ရတဲ့ ဟီဂူအင်ကို စီးရီးအေဘောလုံးအဖွဲ့ချုပ်ကနေ (၂) ပွဲပယ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ဟီဂူအင်က သူ့ရဲ့အပြုအမူအတွက် အသင်းပရိသတ်တွေနဲ့ အသင်းဖော်တွေကို တောင်းပန်လိုက်ပြီး အနီကတ်ပြသခံရခြင်းဟာ သူနဲ့ထိုက်တန်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။

ပရီးမီးယားလိဂ် ။                   ။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ အမှုဆောင်ချုပ်အပြောင်းအလဲ ဖြစ်လာမှာဖြစ်ပြီး လက်ရှိအမှုဆောင်ချုပ် စကူဒါမိုးဟာ လာမယ့် ဒီဇင်ဘာလမှာ (၁၉)နှစ်ကြာထမ်းဆောင်ခဲ့တဲ့ ရာထူးကနေ နုတ်ထွက်တော့မှာဖြစ်ပါတယ်။ သူ့ရဲ့နေရာမှာ Animal Planet Channel ရဲ့ ဥက္ကဌဖြစ်သူ ဆူဆန်နာဒင်းနစ်က ၀င်ရောက်ထမ်းဆောင်မှာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့အမှုဆောင်ချုပ်ရာထူး သက်တမ်းတစ်လျှောက် ပထမဆုံးအမျိုးသမီးဖြစ်လာခဲ့ပါတယ်။

Foxnewsasia

ဆယ်လ်တာဗီဂို ။         ။ ဆယ်လ်တာဗီဂိုအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် (၁၀) ပွဲမှာ (၁) ပွဲသာ အနိုင်ရရှိခဲ့ပြီးတဲ့နောက် အသင်းနည်းပြ မိုဟာမက် ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး နန့်စ်အသင်းနည်းပြဟောင်း ကာဒိုဆို ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ မိုဟာမက်ဟာ ပြီးခဲ့တဲ့ မေလကမှ (၂)နှစ်စာချုပ်နဲ့ ခန့်အပ်ခံထားရတာဖြစ်ပြီး ရီးယဲလ်ကို (၂-၄)နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ထုတ်ပယ်ခံလိုက်ရတာပါ။ အသက် (၄၆)နှစ်အရွယ် ပေါ်တူဂီနည်းပြ ကာဒိုဆိုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ နန့်စ်အသင်းက ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ခံနေရသူပါ။

READ
(၂၅-၄-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Twitter

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ ဘာစီလိုနာကနေ ထွက်ခွာမယ့် ဒမ်ဘီလီ ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပေါင် (၈၅)သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ SkySports က ဖော်ပြပါတယ်။ ဒမ်ဘီလီကို အာဆင်နယ်အသင်းက ခေါ်ယူနိုင်ဖို့ တော်တော်လေး နီးစပ်တဲ့အခြေအနေမှာ ရောက်နေခဲ့ပြီး ကစားသမားရဲ့ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် နောက်ဆုတ်သွားခဲ့တာပါ။ ဒီအချိန်မှာ လီဗာပူးလ်အသင်းက ကြားဝင်လာခဲ့တာဖြစ်ပြီး နည်းပြ ကလော့ပ်က သူ့အနေနဲ့ ကစားသမားတွေရဲ့ စည်းကမ်းပိုင်းဆိုင်ရာကို အကောင်းဆုံး ထိန်းချုပ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

AFP

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ဒဏ်ရာရနေတဲ့ ခံစစ်ကစားသမားတွေကြောင့် ခံစစ်ပိုင်းကို အားဖြည့်ဖို့ ကြိုးစားနေရပြီး အက်စ်ပန်ညိုအသင်းရဲ့ နောက်ခံကစားသမား ဟာမာဆို ကိုစောင့်ကြည့်နေပါတယ်။ ခံစစ်ရဲ့နေရာစုံမှာ ကစားနိုင်စွမ်းရှိတဲ့ ဟာမာဆို ဟာ လာလီဂါရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ယောက်လို့တောင် သတ်မှတ်ခြင်းခံထားရသူဖြစ်ပြီး အမ်မရီအနေနဲ့ ဒီကစားသမားကို ရီးယဲလ်အသင်းနဲ့ အပြိုင်လုရဖို့ရှိနေပါတယ်။ အသက် (၂၃)နှစ်သာ ရှိသေးတဲ့ နောက်ခံလူဟာ သူ့ရဲ့ခြေစွမ်းပြမှုကြောင့် စပိန်လက်ရွေးစင်အသင်းမှာ အရွေးခံရတဲ့အထိ ဖြစ်လာခဲ့ပြီး ဇန်န၀ါရီမှာ အပြောင်းအရွှေ့တွေဖြစ်လာဖို့ရှိနေတာပါ။

READ
၂-၁၀-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

လင်ဒီလော့ဖ် ။  ။ မန်ယူအသင်းနောက်ခံကစားသမား လင်ဒီလော့ဖ်ဟာ ဆွီဒင်နိုင်ငံရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။ ဆွီဒင်ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကသာသိမ်းပိုက်ထားခဲ့တာဖြစ်ပြီး (၂၀၀၇)ခုနှစ်ကနေ (၂၀၁၆) ခုနှစ်အထိ သူတစ်ဦးတည်း ဆက်တိုက်ရရှိနေခဲ့တာပါ။ (၂၀၁၇) ခုနှစ်မှာတော့ နောက်ခံလူ ဂရွန်းဗစ်က ရရှိခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ လင်ဒီလော့ဖ်ရဲ့အလှည့်ဖြစ်လာခဲ့ပါတယ်။

Twitter

Linn

Source : TheSun , Dailymail , Mirror

SHARE