၁၄-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ဆွာရက်ဇ် ။      ။ ဘာစီလိုနာအသင်းတိုက်စစ်မှူး ဆွာရက်ဇ်က သူ့နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးတစ်ဦး ထပ်မံခေါ်ယူဖို့ လိုနေပြီဖြစ်ကြောင်း အသင်းတာဝန်ရှိသူတွေဆီ ထပ်မံတိုက်တွန်းလိုက်ပြန်ပါတယ်။ လက်ရှိမှာ အသက် (၃၃)နှစ်ရှိနေပြီဖြစ်တဲ့ တိုက်စစ်မှူးဟာ ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏ ရင်ဆိုင်နေရပြီး သူ့ရဲ့အသက်အရွယ်နဲ့ ကြံ့ခိုင်မှုကြောင့် သူ့နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူး လိုနေပြီဖြစ်ကြောင်း အသင်းတာဝန်ရှိသူတွေကို အသိပေးလိုက်တာပါ။

ဘာနာဒိုဆေးလ်ဗား ။    ။ မန်စီးတီးအသင်းကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗား ကတော့ အသင်းဖော် မန်ဒီ ကို တွစ်တာကနေ စနောက်ခဲ့မှုအတွက် တစ်ပွဲပယ်ပြစ်ဒဏ် ကျခံရမယ်လို့ FA က အတည်ပြုလိုက်ပါပြီ။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ မန်ဒီ ကို လူမျိုးရေးးခွဲခြားတဲ့ လှောင်ပြောင်မှုမျိုး ပြုလုပ်ခဲ့သူ ဆေးလ်ဗား ဟာ တစ်ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ပေါင်(၅၀၀၀၀) ချမှတ်ခြင်းခံခဲ့ရတာပါ။

 

ဖရက်ဒ် ။         ။ မန်ယူအသင်းကွင်းလယ်ကစားသမား ဖရက်ဒ်က သူ့အနေနဲ့ မန်ယူအသင်းမှာပွဲထွက်ခွင့်ရရှိခဲ့ပြီး ပုံစံကောင်း ပြန်လည်ပြသနိုင်ခြင်းဟာ အသင်းနည်းပြ ဆိုးလ်ရှားကြောင့်ဖြစ်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ အသက် (၂၆)နှစ်အရွယ် ကွင်းလယ်လူ ဟာ ရှက်တာဒိုးနက်ကနေ မန်ယူအသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက်မှာ ပွဲထွက်ခွင့်အတွက် ရုန်းကန်ခဲ့ရပြီး ပေါင်(၅၂)သန်းဆိုတဲ့ သူ့ရဲ့ပြောင်းရွှေ့ကြေးအပေါ် သံသယရှိစေခဲ့တာပါ။ ဖရက်ဒ်က နည်းပြဆိုးလ်ရှားဟာ သူ့ရဲ့ပုံမှန်ခြေစွမ်း ပြန်လည်ရရှိနိုင်ဖို့ ကူညီပေးခဲ့ပြီး လက်ရှိအချိန်မှာ ပုံမှန်ပွဲထွက်ခွင့်ရနေလို့ ပျော်ရွှင်နေမိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ဂွာဒီယိုလာ ။    ။ ဘိုင်ယန်မြူးနစ်အသင်းကစားသမားတွေဖြစ်ကြတဲ့ ဂိုးသမား နူအာနဲ့ ကွင်းလယ်လူ ဂိုရက်ဇ်ကာ တို့က အသင်းနည်းပြအဖြစ် ဂွာဒီယိုလာ ပြန်ရောက်လာမလား ဆိုတဲ့ မေးခွန်းကို အသင်းတာဝန်ရှိသူတွေဆီ မေးမြန်းခဲ့ကြတယ်လို့ Mirror က ဖော်ပြပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ လစ်လပ်နေတဲ့ လက်ရှိနည်းပြ ရာထူးအတွက် ဂွာဒီယိုလာ ပြန်လည်ရောက်ရှိလာတာကို ပရိသတ်တွေနဲ့ ကစားသမားတွေက မျှော်လင့်နေကြပြီး ဂွာဒီယိုလာ ဖက်ကတော့ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေဆဲပါ။

ဆန်ချို ။          ။ ဒေါ့တ်မွန်အသင်းတောင်ပံကစားသမား ဆန်ချိုဟာ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ ဒေါ့တ်မွန်အသင်းကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ Dailymail က ဖော်ပြပါတယ်။ အသက် (၁၉)နှစ်အရွယ် ကွင်းလယ်လူဟာ လီဗာပူးလ်၊ ရီးယဲလ်နဲ့ မန်ယူ အပါအ၀င် ဥရောပ ထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီး သူ့ရဲ့တန်ကြေးက ပေါင်သန်း(၁၀၀) ၀န်းကျင်ရှိတယ်လို့ Dailymail က သုံးသပ်ပါတယ်။

READ
၇-၁၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE