(၁၄-၄-၂၀၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အန်ဖီးလ်ဒ်ရဲ့ စွမ်းအား – လီဗာပူးအသင်းနည်းပြ ကလော့ပ်က ချယ်လ်ဆီးနဲ့ ရင်ဆိုင်ကစားရမယ့်ပွဲစဉ်ဟာ အရေးကြီးတဲ့ ပွဲစဉ်တစ်ခုဖြစ်ပြီး၊ လီဗာပူးပရိသတ်တွေအနေနဲ့ အန်ဖီးလ်ဒ်ရဲ့စွမ်းအားကို ကျကျနနအသုံးချပြီး အားပေးကြဖို့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

ဂျိုးယေးဘာတန် – တစ်ချိန်က ဘောလုံးလူကြမ်းအဖြစ် ပရီးမီယားလိဂ် မျက်ခင်းပြင်ထက်မှာ ပြည်သူမေတ္တာခံယူခဲ့တဲ့ ဂျိုးယေးဘာတန်ဟာ လက်ရှိအချိန်မှာ လိဂ်(၁)ကလပ် ဖလိဝုဒ်တောင်း အသင်းကို နည်းပြအဖြစ် ကိုင်တွယ်နေသူပါ။

ပြီးခဲ့တဲ့ စနေနေ့ညက ဘန်စလေအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ တစ်ဖက်အသင်းနည်းပြ ဒန်နီယယ်စတန်ဒယ်လ်ကို ခေါင်းနဲ့ပြေးပြီး တိုက်ခိုက်ခဲ့တဲ့အတွက် အခုဆိုရင် အမှုဖွင့်ခံနေရပြန်ပြီ ဖြစ်ပါတယ်။ စတန်ဒယ်လည်း သွားနှစ်ချောင်းအထိ ကျွတ်သွားပါတယ်တဲ့။ အဲဒီပွဲမှာ အိမ်ရှင်ဘန်စလေအသင်းက (4-2)ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဖလိဝုဒ်အသင်းက တစ်ယောက်ထုတ်ခံခဲ့ရပါတယ်။

မန်ယူ – မန်ယူအသင်းဟာ စပါးအသင်းမှာ ခြေစွမ်းပြနေတဲ့ အဲရစ်ဆင်ကို ယခုနှစ်နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဲရစ်ဆင်ကို ခေါ်ယူဖို့ကြိုးစားခြင်းဟာ ရီးယဲလ်ကို ပြောင်းရွှေ့ဖို့တာစူနေတဲ့ ပေါ့ဂ်ဘာရဲ့နေရာကို အစားထိုးဖို့ ဖြစ်နိုင်တယ်လို့ သတင်းတွေက သုံးသပ်နေကြပါတယ်။

AP Photo/Rui Vieira

ဆိုးလ်ရှား – မန်ယူနည်းပြ ဆိုးလ်ရှားကတော့ ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ကစားခဲ့တဲ့ပွဲမှာ မန်ယူအသင်း အနိုင်သုံးမှတ် ရရှိခဲ့ခြင်းဟာ ကံကောင်းလွန်းလို့ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ အဲဒီပွဲမှာ မန်ယူအသင်းဟာ ပင်နယ်တီကန်သွင်းခွင့် နှစ်ကြိမ်ရရှိခဲ့ပြီး အဖိုးတန်ဂိုးတွေအဖြစ် ပေါ့ဂ်ဘာက ပြောင်းလဲနိုင်ခဲ့ပါတယ်။

ပေါလ်စခိုး – မန်ယူအသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး ပေါလ်စခိုးက မန်ယူအသင်းဟာ လာမယ့်နှစ်မှာလည်း ပရီးမီယားလိဂ်မှာ အောင်မြင်မှုရဖို့မလွယ်ကြောင်း၊ အရှိန်ယူပြီး ပြန်လည်တည်ဆောက်မှုတွေ လိုအပ်နေပြီး၊ ပေါင်သန်း(၂၀၀)လောက်အထိ စွန့်စားနိုင်ကာမှ တန်ကာကျလိမ့်မယ်လို့ ဆိုပါတယ်။

ရီးယဲလ် VS PSG – ထိပ်သီးကလပ်တွေဖြစ်တဲ့ ရီးယဲနဲ့ PSG အသင်းတို့ဟာ ဂျပန်လူငယ်ကွင်းလယ်တိုက်စစ် ကစားသမား Takefusa Kubo ကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေကြောင်း သိရပါတယ်။ Kubo ဟာ အသက်(၁၇)နှစ်သာ ရှိသေးပြီး လူငယ်ကစားသမားဘဝကို ဘာကာမှာစတင်ခဲ့တာပါ။

ဒါပေမယ့် အပြောင်းအရွှေ့စည်းမျဉ်းကြောင့် ဘာစီလိုနာဟာ Transfer Ban ထိခဲ့ပြီး၊ သူ့ကို ခေါ်ယူဖို့မဖြစ်နိုင်တဲ့အချက်ထဲမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ Kubo ကို ဘာကာအသိုင်းအဝန်းက Take လို့သာ အလွယ်ခေါ်ကြပြီး၊ အခုဆိုရင် ဂျပန်မက်ဆီဆိုပြီး နာမည်ကြီးနေသူ ဖြစ်ပါတယ်။ ဘာကာကလည်း သူ့ကို တရားဝင် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

 

READ
နာမည်မကြီးသော်လည်း သွားရှုပ်လို့မရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားများ

နတ်စည်တော် (SportAhtar)

Source : thesun.co.uk/skysports.com

SHARE