၁၄-၇-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Mirror"

ကော်တင်ဟို ။   ။ ဘာစီလိုနာအသင်းကွင်းလယ်ကစားသမား ကော်တင်ဟို ရဲ့ အေးဂျင့်ဖြစ်သူက ဘာစီလိုနာ ဟာ နေမာနဲ့ကော်တင်ဟို ကို အလဲအလှယ်လုပ်ဖို့အတွက် PSG အသင်းနဲ့ လျို့ဝှက်ဆွေးနွေးမှု ပြုလုပ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ကော်တင်ဟိုရဲ့ အေးဂျင့်ဖြစ်သူ ကီယာ ဂျိုရက်ချီယန် က ကော်တင်ဟို ဟာ ဘာစီလိုနာအသင်းကနေ မပြောင်းရွှေ့ချင်ကြောင်း မိမိကို အသိပေးထားခဲ့တယ်လို့ပြောဆိုထားပေမယ့်လည်း ဘာစီလိုနာအသင်းတာဝန်ရှိသူတွေကတော့ နေမာနဲ့ကော်တင်ဟို တို့ကို အလဲအလှယ်ပြုလုပ်ဖို့ လျို့ဝှက်ဆွေးနွေးနေကြတယ်လို့ စွပ်စွဲလိုက်တာပါ။

မက်ဂွိုင်းယား ။  ။ လက်စတာအသင်းနောက်ခံကစားသမား မက်ဂွိုင်းယားက အသင်းတာဝန်ရှိသူတွေဟာ သူ့ရဲ့အပြောင်းအရွှေ့ ဖြစ်ပေါ်မလာဖို့အတွက် ပြောင်းရွှေ့ကြေးကို ပိုမိုတိုးမြှင့်တောင်းဆိုနေကြတယ်လို့ စွပ်စွဲလိုက်ပါတယ်။ အသင်းဖော်တွေကို အသင်းကနေ ထွက်ခွာလိုကြောင်းပြောဆိုထားခဲ့တဲ့ မက်ဂွိုင်းယားဟာ လက်ရှိအချိန်အထိ အပြောင်းအရွှေ့ ဖြစ်ပေါ်လာခြင်းမရှိသေးပဲ မန်ယူနဲ့မန်စီးတီးအသင်းတို့က ကမ်းလှမ်းတဲ့ ပေါင်သန်း(၇၀)ဆိုတဲ့ ပမာဏကို လက်စတာအသင်းတာဝန်ရှိသူတွေက ငြင်းပယ်ထားခဲ့တာပါ။ လက်ရှိအချိန်မှာတော့လက်စတာအသင်းက မက်ဂွိုင်းယားရဲ့ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၈၀)အထိ သတ်မှတ်ထားခဲ့ပြီး တိုးမြှင့်လိုက်တဲ့ပြောင်းရွှေ့ကြေးပမာဏကြောင့် မန်ယူအသင်းကလည်း ခေါ်ယူမှု ပြုလုပ်ဖို့ ပြန်လည်သုံးသပ်နေခဲ့ပါတယ်။

(AP Photo/Luis Vieira)

ဂျူဗင်တပ်စ် ။    ။ ဂျူဗင်တပ်စ်အသင်းဂိုးသမား မက်တီယာပါရင် ဟာ ဘင်ဖီကာအသင်းကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံးအခြေအနေကိုရောက်ရှိနေပြီဖြစ်ကြောင်း Goal က ဖော်ပြပါတယ်။ ဂျူဗင်တပ်စ်အသင်းကို ဂိုးသမားကြီး ဘူဖွန် ပြန်လည်ရောက်ရှိလာခဲ့တာကြောင့် ဒုတိယဂိုးသမားအဖြစ် ရှိနေတဲ့ ပါရင် ရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်သွားခဲ့ပြီး ဘင်ဖီကာအသင်းဆီ အငှားသွားရောက်ကစားဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

READ
ဗုံးလန့်လို့ ထွက်ပြေးရာမှ သေလုနီးပါးဒဏ်ရာရခဲ့တဲ့ ဂျူဗင်တပ်စ် ပရိသတ်(၂)ဦး

 

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ CSKA အသင်းတိုက်စစ်မှူး ဖီဒါချာလော့ဗ်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့အသင်းတွေကြား ပါဝင်လာခဲ့တယ်လို့ Mirror က ဖော်ပြပါတယ်။မန်စီးတီး ၊ မန်ယူ၊ စပါး၊ ဘိုင်ယန် စတဲ့အသင်းကြီးတွေက စောင့်ကြည့်နေတဲ့ ပေါင်သန်း(၂၀)တန် ကစားသမားကို လီဗာပူးလ်အသင်းက ဆက်သွယ်မှု ပြုလုပ်ခဲ့ကြောင်း သတင်းတွေက ဖော်ပြနေကြပြီး အသက်(၂၁)နှစ်အရွယ် ချာလော့ဗ်အနေနဲ့ လီဗာပူးလ်ကိုရောက်လာရင်တောင် ပွဲထွက်ရဖို့  ခက်ခဲနေလိမ့်မယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

 

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ ဆဲလ်တစ်ဘယ်နောက်ခံလူ တီယာနေး အတွက် ကမ်းလှမ်းမှုကို ပေါင်(၂၅)သန်းအထိ မြှင့်တင်လိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ (၃)ပတ်အကြာက တီယာနေးအတွက် ပေါင်(၁၅)သန်းနဲ့ စတင်ကမ်းလှမ်းခဲ့ပြီး ဆဲလ်တစ်အသင်းက ပယ်ချပြီးတဲ့နောက်မှာ အခုလို ထပ်မံကြိုးစားလာခဲ့တာပါ။ တီယာနေးဟာ ဆဲလ်တစ်အသင်းနဲ့ (၂၀၂၃)ခုနှစ်အထိ စာချုပ်သက်တမ်းရှိသူဖြစ်ပြီး နာပိုလီအသင်းကလည်း သူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

READ
၅-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အက်သလက်တီကို ။     ။ အက်သလက်တီကို ဟာ ရီးယဲလ်ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုခေါ်ယူဖို့ လျို့ဝှက်ဆက်သွယ်မှု ပြုလုပ်နေခဲ့ကြောင်း Marca သတင်းစာက ဖော်ပြပါတယ်။ နာပိုလီအသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်နေခဲ့ပေမယ့် ဆွေးနွေးမှု အဆင်မပြေခဲ့တဲ့ ဂျိမ်းစ် ဟာ အက်သလက်တီကိုအသင်းဆီ ပြောင်းရွှေ့မယ့် အခြေအနေတွေ ဖြစ်လာခဲ့ပြီး ရီးယဲလ်အသင်းကလည်း သူ့ကိုရောင်းချဖို့အဆင်သင့်ရှိနေပါတယ်။

Linn

Source : TheSun , Goal , Marca

SHARE