၁၄-၈-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Mirror"

မာနေး ။                   ။ လီဗာပူးလ်အသင်းတိုက်စစ်မှူး မာနေး ဟာ ဒီနေ့ညကစားမယ့် ချယ်လ်ဆီးအသင်းနဲ့ စူပါဖလားပွဲစဉ်မှာ လီဗာပူးလ်ကပဲ အနိုင်ယူသွားဦးမှာဖြစ်ပြီး အကြောင်းကတော့ ကစားသမားတွေရဲ့ နိုင်လိုစိတ်ပြင်းပြမှုကြောင့်ပဲဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်အသင်းရဲ့ အဖွင့်ပွဲစဉ်ကို လွဲချော်ထားခဲ့တဲ့ မာနေးဟာ ချယ်လ်ဆီးနဲ့ပွဲမှာတော့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာဖို့ရှိနေခဲ့ပြီး ကစားသမားတွေဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အမြင့်ဆုံးအနေအထားကိုရောက်နေကြပြီလို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

စပါး ။   ။ စပါးအသင်းဟာ ဒီရာသီအပြောင်းအရွှေ့မှာ နောက်ခံလူ အယ်လ်ဒါဝီး ကိုရောင်းမထုတ်နိုင်ခဲ့တာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမယ့်အနေအထားကိုရောက်ရှိဖို့ နီးစပ်လာခဲ့ပါတယ်။ ဒီရာသီကုန်ဆုံးရင် စပါးနဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် နောက်ခံလူဟာ ပေါင်(၂၅)သန်းဆိုတဲ့ စာချုပ်လျော်ကြေးရှိထားသူဖြစ်ပေမယ့် သူ့ရဲ့စာချုပ်လျော်ကြေးက ဒီလကုန်ရင် သက်တမ်းကုန်သွားပါပြီ။ စပါးအသင်းအနေနဲ့လာမယ့်  ဇန်န၀ါရီအပြောင်းအရွှေ့မှာသာ ကစားသမားကိုမရောင်းချနိုင်ဘူးဆိုရင် ရာသီကုန်ဆုံးချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့လက်လွှတ်ရတော့မှာဖြစ်ပါတယ်။

 

ကီတာ ။         ။ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမား ကီတာ ဟာ ဒီနေ့ညကစားမယ့် UEFA စူပါဖလားပွဲစဉ်အကြို လေ့ကျင့်ခန်းအစီအစဉ်မှာ ဒဏ်ရာရရှိသွားခဲ့လို့ ဒီပွဲစဉ်ကိုလွဲချော်ရမှာဖြစ်ပါတယ်။ ကီတာ ဟာ လီဗာပူးလ်အသင်းကို ရောက်ရှိလာချိန်ကတည်းက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ပေါင်ခြံဒဏ်ရာကြောင့် အသင်းရဲ့ပွဲစဉ်တော်တော်များများကို လွဲချော်ခဲ့ရတာပါ။ ကလော့ပ်ကတော့ ကီတာဟာ ကြွက်သားဒဏ်ရာကို ခံစားနေရကြောင်းမှတ်ချက်ပေးလိုက်ပြီး ဒီနေ့ညပွဲစဉ်အတွက် မသေချာတဲ့အနေအထားကိုရောက်နေပြီလို့ ဆိုလိုက်ပါတယ်။

READ
ဒဏ်ရာပြဿနာကြောင့်ယူရိုမှာပါဝင်ဖို့ မသေချာတော့တဲ့စတာရစ်ခ်ျ

 

လမ်းပတ် ။      ။ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ် က ဒီနေ့ည ကစားမယ့် စူပါဖလားပွဲစဉ်မှာ လူငယ်ကစားသမားတွေကို နေရာပေးဖို့ စီစဉ်ထားတယ်ဆိုတဲ့အကြောင်းပြောဆိုလိုက်ပါတယ်။ လမ်းပတ် က လူငယ်ကစားသမားတွေဟာအတွေ့အကြုံပိုင်းမှာအားနည်းပေမယ့်  ပြိုင်ဆိုင်လိုစိတ် ပြင်းထန်ကြသူတွေဖြစ်တာကြောင့် သူတို့ကိုအခွင့်အရေးပေးဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့အကြောင်းအသိပေးလိုက်တာပါ။ လမ်းပတ်က ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ မေဆွန်မောင့်တ် ဟာ ဒီပွဲရဲ့လူစာရင်းမှာ သေချာပေါက်ပါဝင်လာမယ့်ဆိုတာကိုလည်း ပြောခဲ့ပါသေးတယ်။

READ
၁၉-၇-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းရဲ့တာဝန်ရှိသူတွေဟာ နေမာကိုခေါ်ယူဖို့အတွက် ပြင်သစ်မြေဆီ သွားရောက်နေကြပြီလို့ Marca သတင်းစာက ဖော်ပြပါတယ်။ ဘာစီလိုနာအသင်းရဲ့အားကစားဒါရိုက်တာ အဘီဒယ်နဲ့ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂျာဗီးယား ဘော်ဒက်စ်တို့ဟာ ပဲရစ်မြို့ကိုရောက်ရှိနေကြပြီဖြစ်ပြီး သူတို့ရဲ့ ကစားသမားဟောင်း နေမာ ကို ပြန်လည်ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြပြီဖြစ်ပါတယ်။

ဆန်းချက်ဇ် ။    ။ မန်ယူအသင်းတိုက်စစ်မှူး ဆန်းချက်ဇ်အနေနဲ့ အသင်းပြောင်းဖို့ ငြင်းဆန်နေဦးမယ်ဆိုရင် မန်ယူအရန်အသင်းဆီ ပို့ထားခံရဖို့ရှိနေတယ်လို့ TheSun က  ဖော်ပြပါတယ်။ တစ်ပတ်လုပ်ခ ပေါင်(၅၀၀၀၀၀) ပေးနေရတဲ့အသက် (၃၀)အရွယ် တိုက်စစ်မှူးကို အငှား ဒါမှမဟုတ်ရင် ရောင်းချဖို့ မန်ယူအသင်းကပြင်ဆင်နေခဲ့ပေမယ့်လည်း ဆန်းချက်ဇ်ကတော့ အသင်းပြောင်းဖို့အတွက် ဆန္ဒမရှိကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့တာပါ။ လက်ရှိအချိန်မှာ ဆန်းချက်ဇ်ကိုအငှားနဲ့ခေါ်ယူဖို့ ရိုးမားအသင်းက ဆွေးနွေးနေပြီး ဆန်းချက်ဇ်သာ ဒီအပြောင်းအရွှေ့ကို ငြင်းဆန်ခဲ့မယ်ဆိုရင် မန်ယူအရန်အသင်းဆီ သွားရောက်ကစားရဖို့ရှိနေတယ်လို့ TheSun က ဖော်ပြခဲ့တာပါ။

Linn

Source : TheSun , Goal , Mirror

SHARE