၁၅-၁၀-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ရော်နယ်ဒို ။     ။ မနေ့ညက ကစားခဲ့တဲ့ ယူကရိန်းနဲ့ပေါ်တူဂီအသင်းတို့ ပွဲစဉ်မှာ ပင်နယ်တီကနေ ပေါ်တူဂီအတွက် ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့တဲ့ ရော်နယ်ဒို ဟာ သွင်းဂိုး (၇၀၀) ပြည့်မြောက်သွားခဲ့ပါပြီ။ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ရော်နယ်ဒိုက ဆဌမနေရာကိုရောက်လာခဲ့ပေမယ့် ပေါ်တူဂီအသင်းကတော့ ယူကရိန်းကို (၂-၁)ဂိုးနဲ့ အရှုံးပေးခဲ့ရပြီး အုပ်စုအဆင့်က လွတ်မြောက်ဖို့အတွက် မသေချာသေးတဲ့အခြေအနေတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်။ ယူကရိန်းအတွက် သွင်းဂိုးတွေကို ပွဲချိန် (၆)မိနစ်မှာ ရာရမ်ချော့ခ် ၊ ပွဲချိန် (၂၇)မိနစ်မှာ ယာမိုလန်ကို တို့က သွင်းယူခဲ့ပြီး ပေါ်တူဂီအတွက် တစ်လုံးတည်းသောချေပဂိုးကို ပွဲချိန် (၇၂)မိနစ်မှာ ရော်နယ်ဒိုက သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန် ။       ။ အင်္ဂလန်အသင်းက ဘူလ်ဂေးရီးယားအသင်းကို (၀-၆)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဘောလုံးအားကစားက လူမျိုးရေးခွဲခြားခြင်းတွေကို ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတာ ပြသခဲ့ခြင်းပဲလို့ နည်းပြ ဆောက်ဂိတ်က ဆိုလိုက်ပါတယ်။ ဘူလ်ဂေးရီးယားပရိသတ်တွေဟာ အင်္ဂလန်ကစားသမားတွေကို လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်ခဲ့ကြသလို နာဇီပုံစံအလေးပြုမှုတွေပါ ပြုလုပ်ခဲ့ကြလို့ ကစားသမားတွေက ပြိုင်ပွဲကို ဆက်မကစားဖို့ တိုင်ပင်ခဲ့ကြသေးတာပါ။ ဒီဖြစ်ရပ်တွေကြောင့် ပွဲကစားချိန် (၂)ခါအထိ ရပ်တန့်ခဲ့ရပြီး ပွဲအပြီးမှာ အင်္ဂလန်က (၀-၆)ဂိုးနဲ့အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဆောက်ဂိတ်ကတော့ အင်္ဂလန်အသင်းကစားသမားတွေဟာ သူတို့လုပ်စရာရှိတဲ့အလုပ်တွေကို အကောင်းဆုံး လုပ်ဆောင်ပြသွားခဲ့တာ ဖြစ်ကြောင်းနဲ့ လူမျိုးရေးခွဲခြားမှုတွေကို တွန်းလှန်နိုင်ခဲ့ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

READ
၂၆-၉-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

ဂျရတ် ။          ။ လီဗာပူးလ်အသင်းနောက်ခံလူဟောင်း ကာရေဂါ က နည်းပြ ဂျာဂန်ကလော့ပ်တစ်ယောက်သာ လီဗာပူးလ်နည်းပြရာထူးကနေ ထွက်ခွာသွားခဲ့မယ်ဆိုရင် ဂျရတ်က အသင့်တော်ဆုံးနည်းပြ ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဂျာဂန်ကလော့ပ်ဟာ ရီးယဲလ်အသင်းကို ရောက်ရှိဖို့ သတင်းတွေ ထွက်နေခဲ့ပြီး တကယ်လို့သာ ကလော့ပ်တစ်ယောက် လီဗာပူးလ်က ထွက်ခွာသွားခဲ့ရင် ဂျရတ်အနေနဲ့ သူ့ရဲ့အသင်းဟောင်းကို တာဝန်ယူဖို့ ချက်ချင်းရောက်ရှိလာလိမ့်မယ်လို့ ကာရေဂါက မှတ်ချက်ပေးလိုက်ပါတယ်။

ဘိုတန် ။         ။ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ဘိုင်ယန်အသင်းနဲ့ စာချုပ်ကုန်တော့မယ့် နောက်ခံလူ ဘိုတန်က သူ့အနေနဲ့ အီတလီ ဒါမှမဟုတ် စပိန်ကလပ်အသင်းတစ်သင်းဆီ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အသက် (၃၁)နှစ်အရွယ် နောက်ခံလူဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တုန်းက PSG အသင်းကိုရောက်ဖို့ နီးစပ်ခဲ့သေးပြီး အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရတာပါ။

ကာဗာနီ ။        ။ ဒီရာသီကုန်ဆုံးရင် PSG နဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် တိုက်စစ်မှူး ကာဗာနီ ဟာ ဂျူဗင်တပ်စ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ စီစဉ်နေပါတယ်။ ကာဗာနီရဲ့ ကိုယ်စားလှယ်က အီတလီသတင်းစာတစ်စောင်ကို ဒီသတင်းနဲ့ပတ်သက်လို့ ပြောဆိုခဲ့တာဖြစ်ပြီး အလွတ်ခေါ်ယူမှုတွေမှာ ကျွမ်းကျင်တဲ့ ဂျူဗင်တပ်စ်အနေနဲ့ ကာဗာနီကို ရရှိသွားဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
၁၂-၈-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : TheSun , Goal, Mirror

SHARE