၁၅-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Dailymail

ရော်နယ်ဒို ။     ။ မနေ့ညက ကစားခဲ့တဲ့ ပေါ်တူဂီနဲ့ လစ်သူယေးနီးယား အသင်းတို့ရဲ့ ပွဲစဉ်မှာ ပေါ်တူဂီ အသင်းအတွက် Hat Trick သွင်းဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ရော်နယ်ဒို ဟာ သူ့ရဲ့ ကစားသမား ဘ၀ (၅၅)ကြိမ်မြောက် Hat Trick သွင်းဂိုးကို ရရှိသွားခဲ့တာဖြစ်ပြီး ပေါ်တူဂီ အသင်းအတွက်တော့ (၉)ကြိမ်မြောက် Hat Trick ဖြစ်လာခဲ့ပါတယ်။ ဒါဟာ နိုင်ငံလက်ရွေးစင်အသင်း ကစားသမားတွေထဲမှာ အများဆုံး Hat Trick သွင်းဂိုးရှင် ဖြစ်စေခဲ့ပြီး သူ့ရဲ့ နိုင်ငံတကာ သွင်းဂိုးအရေအတွက်ကလည်း (၉၈)ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။

https://twitter.com/i/status/1195108415586131971

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က အယ်လ်အေဂလက်ဆီအသင်းကနေ ထွက်ခွာလာမယ့် တိုက်စစ်မှူး မိုဗစ် ကို ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်းနဲ့မိုဗစ် အနေနဲ့ မန်ယူအသင်းမှာ ကစားဖို့ ဆန္ဒမရှိဘူးဆိုရင် လီဗာပူးလ်အသင်းက ကြိုဆိုနေကြောင်း ပြောဆိုလိုက်ပါတယ်။ အတွေ့အကြုံရှိပြီး၊ ဂိုးသွင်းကောင်းနေဆဲဖြစ်တဲ့ တိုက်စစ်မှူးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့်အခွင့်အရေးကြောင့် အင်တာ၊အေစီနဲ့ မန်ယူအသင်းတွေက လှုပ်ရှားနေကြပြီး လီဗာပူးလ်ကလည်း ခေါ်ယူချင်တဲ့အသင်းစာရင်းထဲမှာ ပါဝင်လာခဲ့တာပါ။

ဟယ်ရီကိန်း ။   ။ အင်္ဂလန်အသင်းက မွန်တီနီဂရိုးအသင်းကို (၇-၀)နဲ့ အနိုင်ယူခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် Hat-Trick သွင်းဂိုး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းသူစာရင်းမှာ အဆင့်(၆)နေရာကို ရောက်ရှိလာခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန်အသင်း သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းခဲ့တဲ့ အသင်းခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး လက်ရှိသွင်းဂိုး (၃၁)ဂိုးက အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း အလန်ရှီးယား တင်ထားခဲ့တဲ့ သွင်းဂိုး (၃၀) စံချိန်ကို ကျော်ဖြတ်သွားနိုင်ခဲ့တာပါ။

ဂျီးဆပ် ။         ။ မန်စီးတီးအသင်းတိုက်စစ်မှူး ဂါဘရီယယ် ဂျီးဆပ် က မန်စီးတီးရဲ့ လက်ရှိအနေအထားဟာ (၃)နှစ်ဆက် ချန်ပီယံဆုကို ရယူဖို့ အခွင့်အရေးရှိနေသေးကြောင်း ပြောဆိုလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ (၉)မှတ်ကွာ အနေအထားမှာ ရှိနေပေမယ့်လည်း ပွဲစဉ် (၂၆)ပွဲ ကျန်ရှိနေတဲ့ အနေအထားမှာ ဘာမဆို ဖြစ်လာနိုင်သေးကြောင်း ဂျီးဆပ် က ဆိုလိုက်တာပါ။

နာပိုလီ ။         ။ နာပိုလီအသင်းဟာ နောက်ခံလူ ဟိုဆက်ခ်ျ အတွက် ချယ်လ်ဆီးအသင်းရဲ့ ယူရိုသန်း(၅၀)နဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ဖူးပြီး ပယ်ချသွားခဲ့တယ်လို့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက ဖွင့်ဟလိုက်ပါတယ်။ ဟိုဆက်ခ်ျရဲ့ အေးဂျင့်ဖြစ်သူ ဂူဖရက်ဒီ က ဒီသတင်းကို အတည်ပြုပေးခဲ့ပြီး  (၂၀၁၈) နွေရာသီ အပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းက ဒီကစားသမားကို ကမ်းလှမ်းခဲ့ပြီး နာပိုလီအသင်းက မရောင်းပဲ ပယ်ချသွားခဲ့တယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့တာပါ။

READ
(၂၅-၄-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ရာကီတစ် ။      ။ ဘာစီလိုနာအသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ကွင်းလယ်လူ ရာကီတစ်အတွက် ယူရို သန်း(၄၀)ပေးဖို့ အဆင်သင့်ရှိနေကြောင်း အက်သလက်တီကို က အသိပေးလိုက်ပါတယ်။ Marca သတင်းစာရဲ့ ဖော်ပြချက်အရ အက်သလက်အသင်းရဲ့ တာဝန်ရှိသူတွေဟာ အသက် (၃၁)နှစ်အရွယ် ကွင်းလယ်လူရဲ့ အနေအထားကို စောင့်ကြည့်နေပြီး ကစားသမားကို ခေါ်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE