၁၅-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်ရှုံးထွက်ပွဲစဉ် ၊ ဒုတိယအကျော့မှာ ပြင်သစ်ကလပ် ရင်းနက်စ်အသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ယူပြီးနောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ပထမအကျော့ ရင်းနက်စ်အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရစဉ်က ကစားသမားတစ်ယောက် ထုတ်ပယ်ခံရမှုနဲ့အတူ (၃-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်ဟာ ယူရိုပါလိဂ်မှာ အောင်မြင်မှုတွေရယူနိုင်စွမ်းရှိတဲ့ အမ်မရီရဲ့ စွမ်းဆောင်ရည်နဲ့အတူ နိုင်ပွဲရခဲ့တာပါ။ အာဆင်နယ်အသင်းအတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် (၅)မိနစ်နဲ့ (၇၂)မိနစ်မှာ အူဘာမီယန်း ၊ ပွဲချိန် (၁၅)မိနစ်မှာ မစ်လန်း နိုင်းလ်စ် တို့က သွင်းယူပေးခဲ့ကြပါတယ်။

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းကလည်း မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒိုင်နမိုကိဗ်ကို (၀-၅)ဂိုးနဲ့ အနိုင်ယူခဲ့ပြန်ပါတယ်။ ပထမအကျော့က (၃-၀)ဂိုးနဲ့ နိုင်ထားတာမို့ ဒီပွဲမှာ ချယ်လ်ဆီးတို့ သက်သောင့်သက်သာပဲ ကစားခဲ့ကြပြီး ပွဲထွက်ခွင့်ရတဲ့ ဂျီရော့ဒ်က အသင်းအတွက် Hat-Trick သွင်းဂိုး သွင်းယူပေးသွားခဲ့တာပါ။ ဂျီရော့ဒ် ၊ အိုဒွိုင်းနဲ့ ၀ီလျံ တို့ရဲ့တိုက်စစ်ပိုင်းက အလုပ်ဖြစ်ခဲ့ပြီး ရရှိခဲ့တဲ့အခွင့်အရေးတွေကိုလည်း အကောင်းဆုံးအသုံးချနိုင်ခဲ့လို့ အခုလို ဂိုးပြတ်နိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့တာပါ။ ချယ်လ်ဆီးအသင်းအတွက် သွင်းဂိုးတွေကို ပွဲချိန် (၅)မိနစ်၊ (၃၃)မိနစ်နဲ့ (၅၉)မိနစ်တွေမှာ ဂျီရော့ဒ် ၊ ပွဲချိန် (၄၅)မိနစ်မှာ မားကို့စ်အလွန်ဆို၊ ပွဲချိန် (၇၈)မိနစ်မှာ အိုဒွိုင်း တို့က သွင်းယူပေးခဲ့ကြပါတယ်။

READ
FA Cup ပြိုင်ပွဲ စတုတ္ထဆင့် မဲခွဲမှုများထွက်ပေါ်လာ( မန်ယူနှင့်ဒါဘီအသင်းတွေ့ဆုံ)
AFP

ပေါလ်စခိုးလ် ။  ။ လိဂ်(၂)ကလပ် အိုးလ်ဟမ်အသင်းရဲ့ မန်နေဂျာအဖြစ် တာဝန်ယူနေတဲ့ မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်ဟာ နည်းပြဖြစ်ပြီး တစ်လအကြာမှာတော့ ရာထူးကနေ နုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။ စခိုးလ် ဟာ အိုးလ်ဟမ်အသင်းရဲ့ ပွဲစဉ်(၇) ပွဲကိုသာ တာဝန်ယူခဲ့ရပြီး အဲဒီ(၇)ပွဲမှာ ရှုံးပွဲ(၆)ပွဲရှိခဲ့လို့ စခိုးလ်တစ်ယောက် ရာထူးကနေ နုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။ စခိုးလ်ကတော့ သူ့အနေနဲ့ အသင်းကို ရလဒ်ကောင်းတွေရအောင် ပြောင်းလဲပေးဖို့ ခက်ခဲတဲ့အနေအထားကြောင့် အသင်းကနေ နုတ်ထွက်သွားခဲ့တာလို့ ပြောဆိုသွားခဲ့ပါတယ်။

AFP

ရီးယဲလ် ။        ။ ရီးယဲလ်အသင်းဟာ ချယ်လ်ဆီးကွင်းလယ်ကစားသမား ဟာဇက်အတွက် ကမ်းလှမ်းမှုကို စတင်လိုက်ပြီး ပေါင်သန်း(၇၀)ပေးနဲ့ စတင်ကမ်းလှမ်းသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ကတော့ ဟာဇက်အတွက် ပေါင်သန်း(၁၀၀)လောက် လိုချင်နေကြောင်း အသိပေးထားခဲ့ပေမယ့်လည်း ရီးယဲလ်က သူတို့ရဲ့ ကမ်းလှမ်းမှုကို ပေါင်သန်း(၇၀)နဲ့ အစပျိုးလိုက်တာပါ။ ရီးယဲလ်နည်းပြ ဖြစ်လာခဲ့တဲ့ ဇီဒန်းဟာ ရီးယဲလ်အသင်းမှာ ရှိခဲ့စဉ်ကတည်းက ဟာဇက်ကို ခေါ်ယူဖို့ ကြိုးစားနေခဲ့တာဖြစ်ပြီး အသင်းဆီ ပြန်လည်ရောက်ရှိလာချိန်မှာတော့ ဟာဇက်အတွက် ကြိုးပမ်းမှုတွေဟာ ပြန်လည်စတင်လာခဲ့ပြီဖြစ်ပါတယ်။

EPA

ဒက်စ်ချမ့် ။      ။ အာဆင်နယ်အသင်းပရိသတ်တွေဟာ သူတို့ရဲ့တိုက်စစ်မှူး လာကာဇက် ကို အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့ပြီး ချယ်လ်ဆီးတိုက်စစ်မှူး ဂျီရော့ဒ်ကို လူစာရင်းထဲ ထည့်သွင်းသွားခဲ့တဲ့ ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒက်စ်ချမ့် ကို လှောင်ပြောင်နေကြပါတယ်။ မော်လ်ဒိုဗာ ၊ အိုက်စလန် တို့နဲ့ ကစားရမယ့် ယူရို (၂၀၂၀) ခြေစစ်ပွဲစဉ်တွေအတွက် နည်းပြ ဒက်စ်ချမ့် က ဂျီရော့ဒ်ကိုရွေးချယ်ခဲ့ပြီး ဒီရာသီ အာဆင်နယ်မှာ ခြေစွမ်းပြနေတဲ့ လာကာဇက်ကိုတော့ လူစာရင်းကနေ ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။

READ
ဂိုးသမားများ၏ အရယ်ရဆုံးအမှားများစုစည်းမှု

မာရှယ် ။         ။ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တဲ့ မန်ယူ ကွင်းလယ်ကစားသမား မာရှယ်ဟာ ယူရို (၂၀၂၀) ခြေစစ်ပွဲတွေ ကစားရမယ့် ပြင်သစ်အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ပြင်သစ်အသင်းဟာ မတ်လ (၂၂)နဲ့ (၂၅)ရက်တွေမှာ မော်လ်ဒိုဗာ ၊ အိုက်စလန် တို့နဲ့ ယူရိုခြေစစ်ပွဲတွေကို ကစားရမှာဖြစ်ပြီး မာရှယ်တစ်ယောက် ဒဏ်ရာပြန်လည်ရရှိသွားမှာကို နည်းပြ ဆိုးလ်ရှားက စိုးရိမ်နေပါတယ်။ ဒါပေမယ့်လည်း နိုင်ငံအသင်းအတွက် ကစားပေးဖို့ဆိုတာ ကစားသမားရဲ့ ဆန္ဒသာ ဖြစ်တာကြောင့် သူ့အနေနဲ့ တားဆီးတာမျိုး လုပ်မှာမဟုတ်ဘူးလို့ ဆိုးလ်ရှားက မှတ်ချက်ပေးထားခဲ့ပါတယ်။

EPA

Linn

Source : TheSun , Goal , ESPN

SHARE