၁၅-၈-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Mirror"

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ UEFA စူပါဖလားပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူပြီး ချန်ပီယံဆုဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ ဒီ စူပါဖလားကို (၄)ကြိမ်မြောက်ရရှိခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ နိုင်ငံတူအသင်းချင်းတွေ့ဆုံခဲ့တဲ့ (၈)ကြိမ်မြောက် ပွဲစဉ်လည်းဖြစ်လာခဲ့တာပါ။ ချယ်လ်ဆီးအသင်းက ဦးဆောင်ဂိုးစတင်ရရှိခဲ့တာဖြစ်ပြီး ပွဲချိန်(၃၆)မိနစ်မှာ ပူလီဆစ်ရဲ့ပေးပို့မှုကတစ်ဆင့် ဂျီရော့ဒ်က သွင်းယူပေးခဲ့တာပါ။ ဖာမီနိုကို အရန်ခုံမှာထားခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့တိုက်စစ်မှာ မာနေး၊ဆာလက်၊ချိန်ဘာလိန် တို့နဲ့ပွဲထွက်လာခဲ့ပြီး ဖာမီနိုတစ်ယောက် လူစားဝင်လာချိန် ပွဲချိန်(၄၈)မိနစ်မှာ လီဗာပူးလ်တို့ချေပဂိုးရရှိသွားခဲ့ပါတယ်။ လူစားဝင်ကစားသမား ဖာမီနိုရဲ့ဖန်တီးမှုကတစ်ဆင့် မာနေးက သွင်းယူပေးသွားခဲ့တာပါ။ အဲဒီနောက် မိနစ်(၉၀)ပြည့်တဲ့အချိန်အထိ သရေကျနေခဲ့လို့ အချိန်ပိုဆက်ကစားခဲ့ရပြီး ပွဲချိန်(၉၅)မိနစ်အရောက်မှာ ဖာမီနိုရဲ့ပေးပို့မှုကနေပဲ မာနေးက ဦးဆောင်ဂိုးထပ်မံသွင်းယူလိုက်ပြန်ပါတယ်။ ဒါပေမယ့် ပွဲချိန်(၁၀၁)မိနစ်မှာတော့ အေဗရာဟင်ကို လီဗာပူးလ်ဂိုးသမား တားဆီးပုံကြမ်းတာကြောင့် ချယ်လ်ဆီးအသင်းပင်နယ်တီ ကန်ခွင့်ရခဲ့ပြီး ဂျော်ဂျင်ဟိုက ချေပဂိုးပြန်လည်သွင်းယူခဲ့တာပါ။ အဲဒီနောက်မှာတော့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ချယ်လ်ဆီးတိုက်စစ်မှူး အီဗရာဟင်ရဲ့ပင်နယ်တီကန်သွင်းမှု လွဲချော်ခဲ့တာကြောင့် လီဗာပူးလ်အသင်းက (၅-၄)ဂိုးနဲ့ ချန်ပီယံဆုဖလားကို ရရှိသွားခဲ့တာပဲဖြစ်ပါတယ်။

လိုဗရန် ။         ။ လီဗာပူးလ်အသင်းရဲ့ စူပါဖလားလူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိတဲ့ နောက်ခံလူ လိုဗရန်ဟာ ရိုးမားအသင်းကို ပေါင်(၁၅)သန်းနဲ့ပြောင်းရွှေ့ဖို့ အပြီးသတ်ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ Mirror က ဖော်ပြပါတယ်။ ဗန်ဒိုက် ၊ ဂိုမက်ဇ် နဲ့ မာတစ် တို့ရှိနေတဲ့ လီဗာပူးလ်ရဲ့ခံစစ်မှာ လိုဗရန် တစ်ယောက် ပွဲထွက်ခွင့်ရဖို့ မလွယ်ကူတဲ့အနေအထားမှာရှိနေတာကြောင့် ကစားသမားကိုယ်တိုင်လည်း အသင်းပြောင်းဖို့ ဆန္ဒရှိနေတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
၁၇-၁၀-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

PSG ။  ။ PSG အသင်းဟာ နေမာရဲ့အပြောင်းအရွှေ့အတွက် ရာကီတစ်+ကော်တင်ဟို အတွဲကို လိုချင်နေတာမဟုတ်ပဲ မိုဒရစ်နဲ့ဗီနီးစီယပ်စ်ဂျူနီယာ တို့နှစ်ဦးကို လိုချင်နေတာဖြစ်တယ်လို့ Marca သတင်းစာက ဖော်ပြပါတယ်။ ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ အဘီဒယ်တစ်ယောက် ပြင်သစ်ကို သွားရောက်ဆွေးနွေးခဲ့တဲ့ ရလဒ်တွေအရ PSG ဟာ ကော်တင်ဟိုနဲ့ရာကီတစ် ကိုခေါ်ယူဖို့ထက် ကွင်းလယ်လူ မိုဒရစ်နဲ့တောင်ပံကစားသမား ဗီနီးစီးယပ်စ် တို့ကိုသာ ခေါ်ဖို့ ဆန္ဒရှိနေခဲ့ကြောင်း သိခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

 

ဆယ်လ်တာဗီဂို ။         ။ ဆယ်လ်တာဗီဂို အသင်းဟာ လိုင်ယွန်အသင်းရဲ့ ကွင်းလယ်လူ ပါပီ ချိခ် ကို တစ်ရာသီအငှားနဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ အသင်းရဲ့တွစ်တာကနေတစ်ဆင့် အသိပေးသွားခဲ့ပါပြီ။ အသက် (၂၂)နှစ်အရွယ် ကွင်းလယ်လူဟာ ဆယ်လ်တာဗီဂိုလူငယ်အသင်းမှာ သူ့ရဲ့ငယ်ဘ၀ကို ဖြတ်သန်းခဲ့တာဖြစ်ပြီး (၂၀၁၅)ကနေ (၂၀၁၇)အထိ ဆယ်လ်တာအသင်းမှာ ကစားခဲ့ဖူးသူပါ။ အဲဒီနောက် (၂၀၁၇)ခုနှစ်မှာတော့ လိုင်ယွန်အသင်းဆီရောက်ရှိသွားခဲ့ပြီး လိုင်ယွန်အတွက် စုစုပေါင်း (၁၃)ပွဲသာ ကစားပေးထားရပါသေးတယ်။

READ
၂၀-၇-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

အိုဇေးလ် ။       ။ အာဆင်နယ်အသင်းကွင်းလယ်လူ အိုဇေးလ်ရဲ့အေးဂျင့်ဖြစ်သူဟာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်း တာဝန်ရှိသူတွေနဲ့ တရားဝင်တွေ့ဆုံနေပြီဖြစ်ကြောင်း ၀ါရှင်တန်ပို့စ်သတင်းစာက ဖော်ပြပါတယ်။ တိုက်စစ်မှူး ၀ိန်းရွန်နီကို လက်လွှတ်လိုက်ရတဲ့ ဒီစီယူနိုက်တက်ဟာ ကြယ်ပွင့်ကစားသမားတစ်ဦးကို အသင်းအတွက် ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး လီဗာပူးလ်တိုက်စစ်မှူးဟောင်း စတူးရစ်ခ်ျကိုလည်းခေါ်ယူဖို့ ဆက်သွယ်နေကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။

Linn

Source : TheSun , Mirror , Goal

SHARE