၁၅-၉-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter 'Mirror"

ဂွာဒီယိုလာ ။    ။ နောဝှစ်ခ်ျအသင်းကို (၃-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က မန်စီးတီးဟာ လီဗာပူးလ်နဲ့ (၅)မှတ်ကွာ အနေအထားကို ရောက်ရှိနေပေမယ့်လည်း ချန်ပီယံဆုအတွက် စိတ်ပူရမယ့်အချိန်မဟုတ်သေးကြောင်း ပြောဆိုလိုက်ပါတယ်။ မန်စီးတီးဟာ အမှတ်ပေးဇယားထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းနဲ့ (၅)မှတ်ကွာအနေအထားကို ရောက်ရှိနေခဲ့ပြီဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ကြေးဖွင့်လှစ်မှုမှာ လီဗာပူးလ်ရဲ့အနောက်ကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

နေမာ ။ ။ PSG အသင်းပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ နေမာ ဟာ မနေ့ညက ကစားခဲ့တဲ့ စထရာဘိုးအသင်းနဲ့ပွဲစဉ်မှာတော့ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။ PSG အသင်းကနေ ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့မှုကြောင့် ပရိသတ်တွေရဲ့ မုန်းတီးခြင်းကို ခံခဲ့ရတဲ့ နေမာ ဟာ ပွဲချိန် ပထမပိုင်းမှာ ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်ခြင်းကို ခံခဲ့ရပေမယ့်လည်း ဒုတိယပိုင်းပွဲပြီးခါနီးမှာတော့ အလှပဆုံးသွင်းဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပြီး အသင်းအတွက် အရေးကြီးတဲ့ ကစားသမားအဖြစ် ရှိနေဆဲပဲဆိုတာ ပြသသွားခဲ့ပါတယ်။

မက်ဆီ ။         ။ ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီရဲ့ ဖခင်ဖြစ်သူဟာ ဒေးဗစ်ဘက်ခမ်ပိုင်ဆိုင်တဲ့ အင်တာမီယာမီအသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ Marca သတင်းစာရဲ့ဖော်ပြချက်အရ မက်ဆီရဲ့ဖခင်ဖြစ်သူဟာ မေဂျာလိဂ်ကလပ်အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး မက်ဆီတစ်ယောက် ဘာစီလိုနာကနေ ထွက်ခွာဖို့ ကြိုးစားနေကြောင်း အတည်ပြုလိုက်သလို ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။

READ
၁၂-၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

တာဟစ်ချောင် ။ ။ မန်ယူအသင်းရဲ့ကွင်းလယ်ကစားသမားလေး တာဟစ်ချောင် က နည်းပြဆိုးလ်ရှားအနေနဲ့ သူ့အတွက် အခွင့်အရေးပေးမယ့်နေ့ကို စိတ်ရှည်လက်ရှည်နဲ့စောင့်မျှော်နေဆဲဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်းက PSG နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင်ကစားခဲ့ရတဲ့ အတွေ့အကြုံက သူ့ရဲ့ဦးနှောက်ထဲမှာ အမြဲရှိနေခဲ့တယ်လို့ တာဟစ်ချောင်က ဖွင့်ဟလိုက်ပြီး အသင်းနဲ့အတူ ပွဲထွက်ခွင့်ရဖို့ စောင့်မျှော်နေဆဲပါ လို့ ပြောဆိုသွားခဲ့ပါတယ်။

အေဗရာဟင် ။  ။ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် Hat Trick သွင်းဂိုး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး အေဗရာဟင် ဟာ ချယ်လ်ဆီးအတွက် အရေးပါတဲ့ ကျောနံပတ်(၉) ဖြစ်လာခဲ့ပြီလို့ နည်းပြ လမ်းပတ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ ကျောနံပတ်(၉) ၀တ်တဲ့ တိုက်စစ်မှူးတိုင်း ရုန်းကန်ရလေ့ရှိတဲ့ အသင်းရဲ့အစဉ်အလာဆိုးကို အေဗရာဟင်က ချေဖျက်ပြသွားလိမ့်မယ်လို့ လမ်းပတ်က ပြောဆိုလိုက်ပြီး ၀ုဗ်လို ကစားရခက်တဲ့အသင်းတစ်သင်းကို ဂိုးပြတ်နိုင်ခဲ့လို့ ပျော်ရွှင်မိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ဖာတီ ။ ။ ဗလင်စီယာအသင်းကို (၅-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဘာစီလိုနာအတွက် ပွဲထွက်ကစားသမားအဖြစ် စတင်ပါဝင်ခွင့်ရခဲ့တဲ့ ဖာတီ ဟာ မက်ဆီထက်ပိုပြီး အဖွင့်ကောင်းခဲ့တဲ့ ကစားသမားလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ အသက် (၁၆)နှစ်အရွယ် ကစားသမားလေးဟာ ပွဲအစ (၇)မိနစ်မှာပဲ အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့သလို ဂိုးဖန်တီးမှု တစ်ကြိမ်ကိုလည်း ပြုလုပ်ပေးသွားခဲ့လို့ သူ့ရဲ့ လာလီဂါ ပွဲဦးထွက်က မက်ဆီထက်ပိုပြီး တောက်ပခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။

READ
ဆန်းချက်ဇ်ကို ပေါင် 128 သန်းဖြင့် ကမ်းလှမ်းဖို့ အဆင်သင့်ရှိနေတဲ့ အင်တာမီလန်

Linn

Source : TheSun , Mirror , Goal

SHARE