၁၆-၁၀-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

ဒီဂီယာ ။         ။ မနေ့ညက ကစားခဲ့တဲ့ ဆွီဒင်နဲ့ စပိန်အသင်းတို့ရဲ့ယူရိုခြေစစ်ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တဲ့ ဒီဂီယာ ကြောင့် မန်ယူအသင်းနည်းပြ ဆိုးလ်ရှားအတွက် ခေါင်းကိုက်စရာဖြစ်လာခဲ့ပါတယ်။ (၁-၁)ဂိုးနဲ့ သရေကျခဲ့တဲ့ အဲဒီပွဲရဲ့ မိနစ် (၆၀)မှာ ပေါင်ခြံဒဏ်ရာရသွားခဲ့တာကြောင့် ကီပါ နဲ့ လူစားလဲခဲ့ရပြီး ဒီတစ်ပတ် ကစားရမယ့် လီဗာပူးလ်နဲ့ပွဲစဉ်ကိုပါ လွဲချော်ဖို့ ဖြစ်သွားခဲ့တာပါ။ စပိန်အသင်းတာဝန်ရှိသူတွေကတော့ ဒီဂီယာ ရဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပေမယ့် လီဗာပူးလ်နဲ့ပွဲကို လွဲချော်ဖို့ကတော့ သေချာသလောက် ဖြစ်သွားခဲ့ရတာပါ။

နေမာ ။ ။ ဘာစီလိုနာအသင်းမှာရှိစဉ်တုန်းက ဆွာရက်ဇ်၊ မက်ဆီ တို့နဲ့အတူ အကောင်းဆုံး ခြေစွမ်းပြခဲ့ပေမယ့်လည်း ဘာစီလိုနာရဲ့ဆယ်စုနှစ်အကောင်းဆုံး အသင်းမှာတော့ နေမာ တစ်ယောက် ချန်လှပ်ခြင်းခံခဲ့ရပါတယ်။ MSN တိုက်စစ်အတွဲအဖြစ်နဲ့ ဘာစီလိုနာမှာ နာမည်ကျော်ခဲ့ပေမယ့်လည်း နေမာဟာ ဘာစီလိုနာတိုက်စစ်မှူး ဒေးဗစ်ဗီလာ ကိုမကျော်နိုင်ခဲ့ပဲ ဆယ်စုနှစ်အကောင်းဆုံး အသင်းမှာပါဝင်ခဲ့ခြင်းမရှိတာပါ။

ဘာစီလိုနာရဲ့ဆယ်စုနှစ်အကောင်းဆုံးအသင်း

ရှေ့တန်း – မက်ဆီ ၊ ဆွာရက်ဇ် ၊ ဒေးဗစ်ဗီလာ ။ ကွင်းလယ် – အင်နီယေစတာ ၊ ဇာဗီ ၊ ဘက်ဇ်ကွက် ။ နောက်တန်း – ဂျော်ဒီအယ်လ်ဘာ ၊ ပူယိုးလ် ၊ ပီကေး ၊ အဲဗက်စ် ။ ဂိုး – ဗဲလ်ဒက်စ်။

ဂျီရော့ဒ် ။        ။ ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဂျီရော့ဒ်က သူ့အနေနဲ့ နိုင်ငံအသင်းအတွက် ဂိုးသွင်းနိုင်ပေမယ့်လည်း လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာတော့ ချယ်လ်ဆီးကနေ ထွက်ခွာဖို့ ဖိအားပေးခံရဖွယ်ရှိနေတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းတိုက်စစ်မှာ ခြေစွမ်းပြနေပြီး ဒီရာသီမှာ သွင်းဂိုး(၈)ဂိုးအထိ သွင်းထားတဲ့ အေဗရာဟင် ကြောင့် ဂျီရော့ဒ်ဟာ အရန်ခုံမှာသာ ရှိနေခဲ့ရပြီး လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့မှာတော့ အသင်းကနေ ထွက်ခွာသွားရဖို့ရှိနေခဲ့တာပါ။

စကူဒါမိုး ။       ။ ပရီးမီးယားလိဂ်ပြိုင်ပွဲကို အမြတ်အစွန်းများစွာရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ အမှုဆောင်ချုပ်ဟောင်း စကူဒါမိုး ဟာ သြစတြေးလျ အေလိဂ်ရဲ့အထူးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်တော့မှာဖြစ်ပါတယ်။ စကူဒါမိုးဟာ သြစတြေးလျကလပ်အသင်း (၁၁)သင်းရဲ့ အထူးအကြံပေးတာဝန်ကို ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပြီး လိဂ်ပြိုင်ပွဲကို ၀င်ငွေတိုးလာအောင် စွမ်းဆောင်ပေးရမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
၃၀-၆-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

အာနိုး ။ ။ ၂၀၁၈/၁၉ ပရီးမီးယားလိဂ်ရာသီမှာ ဂိုးဖန်တီးမှု (၁၂)ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့တဲ့ လီဗာပူးလ်နောက်ခံလူ အာနိုး ကတော့ တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံး ပြုလုပ်ပေးနိုင်ခဲ့တဲ့ နောက်ခံကစားသမားအဖြစ် ဂင်းနစ်စံချိန်ဝင်သွားခဲ့ပါတယ်။ အသက် (၂၁)နှစ်အရွယ် နောက်ခံကစားသမားဟာ အဲဗာတန်ကစားသမားနှစ်ယောက်ဖြစ်တဲ့အန်ဒီ ဟင့်ခ်ျကလစ်ဖ် နဲ့ လေတန်ဘိန်းစ်တို့တင်ထားခဲ့တဲ့ တစ်ရာသီအတွင်း ဂိုးဖန်တီးမှု (၁၁)ကြိမ်ဆိုတဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Linn

READ
(၂၀၂၁)ခုနှစ်အထိ ဘာကာမှာဆက်ရှိနေမယ့် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့တဲ့မက်ဆီ

Source : TheSun , Goal , Mirror

SHARE