၁၆-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

မန်ယူ ။ ။ မန်ယူအသင်းဟာ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ ပေါင်သန်း(၂၀၀)အထိ အသုံးပြုသွားဖို့ ပြင်ဆင်နေပြီး ဆန်ချိုနဲ့ ဆဲလ်ဘတ်တိုက်စစ်မှူး ဟာလန်း တို့က အဓိက ပစ်မှတ်တွေ ဖြစ်လာခဲ့တယ်လို့ Mirror သတင်းစာက ဖော်ပြပါတယ်။ မန်ယူအသင်းအမှုဆောင်ချုပ် ၀ုဒ်ဝါ့ဒ် ဟာ ဆိုးလ်ရှားအတွက် ကစားသမားသစ်တွေ ထပ်မံခေါ်ယူပေးမယ်လို့ ကတိပြုထားခဲ့ပြီး ဆန်ချိုအတွက် ပေါင်သန်း(၁၀၀)၊ ဟာလန်းအတွက် ပေါင်(၈၅)သန်း အသုံးပြုသွားဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

မက်ဆီ ။         ။ ဘာစီလိုနာအသင်းတိုက်စစ်မှူး ဆွာရက်ဇ် က သူ့ရဲ့အသင်းဖော် မက်ဆီ ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆိုတာ လူတိုင်းသိကြကြောင်းနဲ့ မက်ဆီ ဟာ သူ့ရဲ့အရည်အချင်းကို နေ့စဉ် သက်သေပြနေသူဖြစ်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ဆွာရက်ဇ်က လက်ရှိအချိန်မှာ အကောင်းဆုံး ကစားသမားတွေအဖြစ် မက်ဆီနဲ့ရော်နယ်ဒို တို့ကို ပရိသတ်တွေက သတ်မှတ်ထားခဲ့ကြပေမယ့်လည်း သူ့အမြင်မှာတော့ မက်ဆီကသာ အကောင်းဆုံးဖြစ်ပြီး ကွင်းအတွင်းမှာလည်း အကောင်းဆုံး ကြိုးစားလွန်းသူ ဖြစ်တယ်လို့ ဆွာရက်ဇ်က မှတ်ချက်ပေးလိုက်တာပါ။

 

လူကာကူ ။      ။ အင်တာမီလန်အသင်းတိုက်စစ်မှူး လူကာကူ က  စီးရီးအေပြိုင်ပွဲရဲ့ ပရိသတ်တွေဟာ လူမျိုးရေးခွဲခြားသူတွေဖြစ်ကြောင်း သိထားခဲ့ပေမယ့်လည်း ဒီနေရာမှာ လာရောက်ကစားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ အင်တာမီလန်အသင်းနဲ့အတူ ခြေစွမ်းပြနေနိုင်ပေမယ့်လည်း စီးရီးအေပြိုင်ပွဲမှာ လူမျိုးရေးခွဲခြားမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အပေါ် လူကာကူ က မှတ်ချက်ပေးလိုက်ပြီး သူ့အနေနဲ့ ဒီလိုခွဲခြားမှုတွေနဲ့ ကြုံတွေ့ရမယ်ဆိုတာ ကြိုတင်တွေးထားပြီးဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ဘေးလ် ။        ။ ရီးယဲလ်အသင်းတိုက်စစ်မှူး ဂါရက်ဘေးလ် က သူ့အနေနဲ့ နိုင်ငံလက်ရွေးစင် ဝေးလ်အသင်းအတွက် ကစားပေးရတာဟာ ရီးယဲလ်အတွက် ကစားပေးရတာထက် ပိုပြီး စိတ်လှုပ်ရှားမိကြောင်း ဖွင့်ဟလိုက်ပါတယ်။ ဂါရက်ဘေးလ်ရဲ့ ဝေးလ်အသင်းဟာ ဒီနေ့ည (၁၁း၃၀)အချိန်မှာ အဇာဘိုင်ဂျန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲကိုသာ အနိုင်ရရင် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်ရှိသွားမှာဖြစ်လို့ စိတ်လှုပ်ရှားနေမိတာလို့ ဘေးလ်က အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

အက်သလက်တီကို ။     ။ အက်သလက်တီကို အသင်းဟာ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့အတွက် ရီးယဲလ်နဲ့ ဘာစီလိုနာအသင်း ကစားသမားတွေကိုအဓိက ပစ်မှတ်ထားနေပုံပါ။ ဘာစီလိုနာကွင်းလယ်လူ ရာကီတစ် ကိုခေါ်ဖို့ ကြိုးစားနေတဲ့ အက်သလက် ဟာ ရီးယဲလ်ကွင်းလယ်လူ မာရီယာနို ဒီယာ့ဇ် ကိုလည်း ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ Don Balon က ဖော်ပြသွားခဲ့ပါတယ်။ အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီဟာ အသင်းရဲ့တိုက်စစ်မှာ မိုရာတာ နဲ့ တွဲဖက်ပေးဖို့ ကစားသမားတစ်ဦးထပ်မံခေါ်ယူဖို့ စီစဉ်နေတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။

READ
၃၀-၁၀-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE