၁၆-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ ဘာစီလိုနာအသင်းကို ရင်ဆိုင်နိုင်ဖို့ ဘာစီလိုနာအသင်းရဲ့ပွဲစဉ်ဗီဒီယိုဖိုင်တွေကို ပြန်လည်ကြည့်ရှုရတော့မှာ ဖြစ်တယ်လို့ အရွှန်းဖောက်လိုက်ပါတယ်။ မန်ယူအသင်းဟာ ဧပြီလအတွင်းမှာ ကစားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေတဲ့ ဘာစီလိုနာနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး နည်းပြဆိုးလ်ရှားအတွက် ထပ်မံအစမ်းသပ်ခံရဦးမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ။ ဆိုးလ်ရှားက မန်ယူအသင်းဟာ စိန်ခေါ်မှုအသစ်တွေကို ကြောက်ရွံ့နေမယ့်အသင်းမဟုတ်ဘူးလို့လည်း ပြောဆိုသွားခဲ့ပါသေးတယ်။

ဘက်ပီ ။         ။ ရီးယဲလ်အသင်းက ခေါ်ယူမယ်လို့ သတင်းတွေထွက်နေတဲ့ PSG အသင်းတိုက်စစ်မှူး ဘက်ပီဟာ အသင်းအစည်းအဝေးကို နောက်ကျပြီးမှ ရောက်ရှိလာခဲ့လို့ ဒဏ်ငွေ ပေါင်(၁၅၀၀၀၀) အရိုက်ခံခဲ့ရပါတယ်။ ဘက်ပီနဲ့ အလားတူပဲ PSG အသင်းကွင်းလယ်လူ ရာဘီယော့လည်း နောက်ကျပြီးမှ ရောက်ရှိလာခဲ့ပြီး ဒဏ်ငွေရိုက်ခံခဲ့ရတာပါ။ ဒီအဖြစ်အပျက်ဟာ အောက်တိုဘာလ (၂၈)ရက်နေ့ကတည်းက ဖြစ်ပျက်ခဲ့တာဖြစ်ပြီး မာဆေးလ်နဲ့ကစားမယ့် ပွဲမတိုင်မီ အသင်းအစည်းအဝေးကို နှစ်ယောက်သား နောက်ကျခဲ့ကြတာဖြစ်ပါတယ်။ PSG အသင်းအနေနဲ့ လက်ရှိအချိန်မှာမှ ကစားသမားတွေကို ဒဏ်ငွေချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

READ
အသလက်တီကို VS ဘိုင်ယန်(ပွဲကြိုအပြည့်အစုံ)
AFP

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာ က ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခြင်းခံရမယ်ဆိုရင်တောင် အသင်းရဲ့လူစာရင်းအရ စိုးရိမ်စရာမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ မန်စီးတီးအသင်းရဲ့ လက်ရှိလူစာရင်းဟာ တောင့်တင်းနေဆဲဖြစ်တယ်လို့ ဂွာဒီယိုလာက ယုံကြည်နေပြီး ကစားသမားသစ်တွေ ထပ်ရောက်မလာရင်လည်း ပြဿနာ ရှိမှာမဟုတ်ဘူးလို့ဆိုလိုက်တာပါ။ မန်စီးတီးအသင်းဟာ လူငယ်ကစားသမားခေါ်ယူမှုတွေကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိခဲ့ရတဲ့အတွက် FIFA ရဲ့ ပြစ်ဒဏ်ချမှုကို ရက်ပိုင်းအတွင်း ခံရဖွယ်ရှိနေပါတယ်။

REX

FIFA ။ ။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က (၂၀၁၉) အမျိုးသမီးကမ္ဘာ့ဖလားပွဲစဉ်မှာ VAR စနစ်ကို အသုံးပြုသွားမှာဖြစ်တယ်လို့ကြေညာလိုက်ပါတယ်။ ရုပ်သံဒိုင်လူကြီးစနစ်ဟာ ဝေဖန်မှုတွေ ရှိနေခဲ့ပေမယ့်လည်း FIFA က သူတို့ရဲ့ လက်အောက်က ပြိုင်ပွဲစုံမှာ အသုံးပြုသွားဖို့ စီစဉ်နေခဲ့တာပါ။ ဖီဖာဥက္ကဌ အင်ဖန်တီနို က VAR စနစ်ဟာ ကွင်းလယ်ဒိုင်တွေအတွက် အထောက်အကူဖြစ်တဲ့ စနစ်တစ်ခုဖြစ်ကြောင်း ယုံကြည်ထားပြီး ပွဲချိန်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အငြင်းပွားမှုတွေကို အကောင်းဆုံးဖြေရှင်းပေးတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

READ
ပြိုင်ဘက်စီရော်နယ်ဒိုကို အမှန်အကန်ချီးကျူးလိုက်တဲ့ မက်ဆီ
FIFA

စခိုးလ် ။                   ။ အိုးလ်ဟမ်အသင်းပိုင်ရှင် အက်ဘ်ဒယ်လာ က ပေါလ်စခိုးလ်ဟာ အသင်းနည်းပြအဖြစ်ကနေ နုတ်ထွက်သွားကြောင်းကို မက်ဆေ့ခ်ျပို့ပြီးသာ အသိပေးခဲ့ခြင်းဖြစ်တယ်လို့ မီဒီယာတွေကို သတင်းပေးပို့လိုက်ပါတယ်။ အက်ဘ်ဒယ်လာ က သူ့အနေနဲ့ စခိုးလ်နဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း စခိုးလ်က ညှိနှိုင်းမှုတွေကို လက်မခံခဲ့ကြောင်းနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကိုလည်း ရှင်းလင်းမပြခဲ့ကြောင်း ပြောဆိုလိုက်တာပါ။ အသင်းပိုင်ရှင်ရဲ့ စကားကြောင့် စခိုးလ်ရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြတဲ့ မီဒီယာတွေက စခိုးလ်တစ်ယောက် အခုလို ပြုလုပ်ခဲ့တာဟာ ပရော်ဖက်ရှင်နယ် နည်းပြတစ်ယောက်ရဲ့ အပြုအမူမျိုးမဟုတ်ဘူးလို့ ပြန်လည် ဝေဖန်ရေးသားခဲ့ကြပါတယ်။

ဂျူဗင်တပ်စ် ။     ။ ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက ချန်ပီယံလိဂ်မှာ ရင်ဆိုင်ရမယ့် အေဂျက်ဇ်အသင်းဟာ လူငယ်ကစားသမားတွေကို အခြေခံတည်ဆောက်ထားတာကြောင့် လျှင်မြန်ပြီးတောင့်တင်းတဲ့အသင်းတစ်သင်းဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ ဂျူဗင်တပ်စ်ဟာ လာမယ့် ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်မှာ အေဂျက်ဇ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ရီးယဲလ်လိုအသင်းမျိုးကို အနိုင်ယူလာတဲ့ ခြေစွမ်းကြောင့် အေဂျက်ဇ်ကို ပိုမိုဂရုစိုက်ပြီး ကစားရမယ်လို့ နည်းပြ အယ်လီဂရီက မှတ်ချက်ပေးသွားခဲ့ပါတယ်။

Linn

Source : TheSun , Dailymail , Goal

SHARE