၁၆-၆-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

(AP Photo/Natacha Pisarenko)

အာဂျင်တီးနား ။ ။ မက်ဆီ ဦးဆောင်လာတဲ့ အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလားရဲ့ ပထမဆုံးပွဲစဉ်မှာပဲ ကိုလံဘီယာအသင်းကို (၀-၂)ဂိုးနဲ့ အရှုံးပေးလိုက်ရပါတယ်။ မက်ဆီနဲ့အဂွီရိုတို့ ဦးဆောင်လာတဲ့ အာဂျင်တီးနားတိုက်စစ်က  ကိုလံဘီယာဖက်ကို သိသိသာသာ အသာစီးမရခဲ့ပဲ မီနာ၊ ဆန်းချက်ဇ် တို့ ရဲ့ ကိုလံဘီယာခံစစ်ကို ကျော်ဖြတ်နိုင်ဖို့ ရုန်းကန်ခဲ့ရတာပါ။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ကွာဒရာဒိုနဲ့ ဖယ်လ်ကာအိုတို့ပါဝင်လာတဲ့ ကိုလံဘီယာ တိုက်စစ်က အခွင့်အရေးအနည်းငယ်သာ ရခဲ့ပေမယ့် အဲဒီအခွင့်အရေးတွေကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တာပါ။ ကိုလံဘီယာအတွက် သွင်းဂိုးတွေကို ပွဲချိန် (၇၁)မိနစ်မှာ မာတီနက်ဇ်နဲ့ ပွဲချိန် (၈၆)မိနစ်မှာ ဇာပါတာ တို့က သွင်းယူပေးသွားခဲ့ပြီး ကိုပါအမေရိကဖလားဆွတ်ခူးမယ်လို့ ကြုံးဝါးထားတဲ့ မက်ဆီကတော့ ပထမဆုံးပွဲမှာတင် ရှုံးပွဲကြုံတွေ့ခဲ့ရပြီဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ် ။       ။ မန်ယူအသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့တဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို တစ်ပတ်လုပ်ခ ပေါင် (၃၅၀၀၀၀)အထိ တိုးမြှင့်ပေးပြီး စာချုပ်သစ်ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။ မန်ယူအသင်းအတွက်တော့ ဒီကမ်းလှမ်းမှုဟာ နောက်ဆုံးကမ်းလှမ်းမှု ဖြစ်လာဖို့များနေပြီး အသက် (၂၁)နှစ်အရွယ် တိုက်စစ်မှူးဟာ မန်ယူအသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းမှုတွေကို အစောပိုင်းမှာ ငြင်းပယ်ခဲ့ဖူးတာပါ။ ရက်ရှ်ဖို့ဒ်ကိုသာ မန်ယူအသင်း စာချုပ်သက်တမ်းမတိုးနိုင်ခဲ့ဘူးဆိုရင် ဘာစီလိုနာ၊ ရီးယဲလ်အသင်းတို့က ခေါ်ယူဖို့အသင့်စောင့်ဆိုင်းနေတာဖြစ်လို့ မန်ယူအတွက် အရေးကြီးတဲ့အခြေအနေတစ်ရပ်နဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

READ
၇-၆-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
(AP Photo/Luis Vieira)

ဘေးလ် ။        ။ ရီးယဲလ်အသင်းတိုက်စစ်မှူး ဂါရက်ဘေးလ်က သူ့အနေနဲ့ အခြားအသင်းတစ်သင်းဆီ အငှားသွားရောက်ကစားရမယ်ဆိုရင် ဘိုင်ယန်မြူးနစ်အသင်းဆီ သွားရောက်ကစားချင်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ဘေးလ်ဟာ မန်ယူအသင်းဆီကို အငှားနဲ့ရောက်လာလိမ့်မယ်လို့ သတင်းတွေ ထွက်နေခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင်ကတော့ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ကိုပဲ ဆန္ဒရှိနေခဲ့တာပါ။ ဒါပေမယ့်လည်း အခွန်ဆောင်ပြီး တစ်ပတ်လုပ်ခ ပေါင်(၃၅၀၀၀၀)ဆိုတဲ့ လစာနှုန်းထားက ဘေးလ်ကိုခေါ်ယူချင်တဲ့အသင်းတွေအတွက် စဉ်းစားစရာဖြစ်ခဲ့ပြီး အငှားနဲ့ခေါ်ယူဖို့ကိုတောင် နောက်တွန့်နေကြတာဖြစ်ပါတယ်။

(AP Photo/Bernat Armangue)

မက်ဂွိုင်းယား ။  ။ မန်ယူအသင်းအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝါ့ဒ် က လက်စတာနောက်ခံလူ မက်ဂွိုင်းယားအတွက် ပေါင်သန်း(၈၀)အထိ အသုံးပြုသွားဖို့ ပြင်ဆင်နေတယ်လို့ ESPN က ဖော်ပြပါတယ်။ မန်ယူအသင်းဟာ မက်ဂွိုင်းယားကို တစ်ပတ်လုပ်ခ ပေါင် (၃၅၀၀၀၀)အထိ ပေးချေသွားမယ်လို့ ကမ်းလှမ်းထားခဲ့ပြီး ဒီလစာနှုန်းထားက လက်စတာမှာ ရရှိနေတဲ့ လစာရဲ့ (၃)ဆနီးပါး ပိုများနေတာပါ။ မန်ယူဟာ မက်ဂွိုင်းယားကိုခေါ်ယူဖို့ မန်စီးတီးအသင်းနဲ့ အဓိက ပြိုင်ဆိုင်နေရပြီး ကစားသမားကိုယ်တိုင်ကလည်း မန်စီးတီးကိုပြောင်းဖို့ ဆန္ဒရှိနေလို့ မန်ယူရဲ့ခေါ်ယူမှုဟာ လက်ရှိအချိန်အထိ ကြန့်ကြာနေခဲ့ရတာပါ။

READ
၁၁-၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
(AP Photo/Luis Vieira)

ရစ်ချာလီဆင် ။  ။ အဲဗာတန်အသင်းတိုက်စစ်မှူး ရစ်ချာလီဆင် က ဘရာဇီးအသင်းဖော် တိုက်စစ်မှူး နီယက်စ်ကို အဲဗာတန်အသင်းဆီ ပြောင်းရွှေ့လာဖို့ တိုက်တွန်းမှု ပြုလုပ်ခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။ အေဂျက်ဇ်အသင်းနဲ့အတူ ချန်ပီယံလိဂ်မှာ ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူးဟာ အဲဗာတန်အသင်းရဲ့ ကမ်းလှမ်းမှုကို ခံထားရပြီး အေဂျက်ဇ်ကလည်းပေါင်သန်း(၃၀)လောက်နဲ့ရောင်းထုတ်ဖို့ အဆင်သင့်ဖြစ်နေတာပါ။ ရစ်ချာလီဆင် က အဲဗာတန်ဟာ နီယက်စ်အတွက် တံခါးဖွင့်ထားကြောင်း ပြောဆိုလိုက်ပြီး သူ့အနေနဲ့လည်း ကူညီပေးဖို့အသင့်ပဲလို့ ပြောခဲ့ကြောင်း မီဒီယာတွေကို ပြန်လည်ဝေမျှသွားခဲ့ပါတယ်။

Linn

Source : TheSun , Goal , ESPN

SHARE