၁၆-၇-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဂျီရူး ။   ။ ပြင်သစ်အသင်းရဲ့ အထောင်တိုက်စစ်နေရာမှာ ကစားခဲ့တဲ့ တိုက်စစ်မှူး ဂျီရူးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲစဉ်တစ်လျှောက် ဂိုးပေါက်တစ်ကြိမ်မှ မတည့်ခဲ့ပဲ ချန်ပီယံဆုဖလားရရှိသွားတဲ့ တိုက်စစ်မှူး ဖြစ်လာခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းအတွက် စုစုပေါင်း (၅၆၄) မိနစ် ကစားပေးခဲ့ပြီး အသင်းအတွက် (၇) ပွဲ ကစားပေးခဲ့တဲ့ တိုက်စစ်မှူးအနေနဲ့ ဂိုးကန်သွင်းခွင့် (၁၃) ကြိမ်ရရှိခဲ့ပေမယ့် တစ်ကြိမ်မှာ ဂိုးပေါက်မတည့်ခဲ့တာကတော့ အံ့အားသင့်စရာဖြစ်ခဲ့ပြီး နောက်ဆုံးမှာ ချန်ပီယံဆုကို ကိုင်မြှောက်ခွင့်ရသွားခဲ့ပါတယ်။

ကမ္ဘာ့ဖလား ။   ။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးဘောလုံးသမားဆုဖြစ်တဲ့ ရွှေဘောလုံးဆု ကိုတော့ ခရိုအေးရှားအသင်းရဲ့ ကွင်းလယ်ကစားသမား မိုဒရစ်က ရရှိသွားခဲ့ပါတယ်။ ဂိုးသွင်းအများဆုံး ကစားသမားဆုဖြစ်တဲ့ ရွှေဖိနပ်ဆုကို အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက သွင်းဂိုး (၆) ဂိုးနဲ့ ရရှိသွားခဲ့ပြီး အကောင်းဆုံး လူငယ်ကစားသမားဆုကိုတော့ ပြင်သစ်အသင်းရဲ့ (၁၉) နှစ်အရွယ်တိုက်စစ်မှူး ဘက်ပီ က ရရှိသွားခဲ့ပါတယ်။ အကောင်းဆုံးဂိုးသမားဆုဖြစ်တဲ့ ရွှေလက်အိတ်ဆုကိုတော့ ဘယ်လ်ဂျီယံအသင်းရဲ့ ဂိုးသမား ကော့တွိုက်စ်က ရရှိသွားခဲ့ပါတယ်။

READ
လှလှပပသွင်းခဲ့တဲ့ Bicycle & Scissors Kick ဂိုးများ
PA

ပြင်သစ် ။        ။ ၂၀၁၈ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပြင်သစ်အသင်းရဲ့ ပရိသတ်တွေဟာ ပါရီမြို့အတွင်းမှာ အပြည့်အသိပ်အောင်ပွဲခံခဲ့ကြပြီး မောင့်ပယ်လီယာလမ်းမကြီးနဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ Arc De Triomphe မုဒ်ဦးရှေ့မှာ သောင်းချီတဲ့ လူတွေ စုဝေးလို့ အောင်ပွဲခံခဲ့ကြပါတယ်။ အပျော်လွန်နေတဲ့ ပရိသတ်တွေဟာ ရဲကားတွေကို ရေပုလင်းတွေနဲ့ ပစ်ခဲ့ကြသလို ကိုယ်လုံးတီးနဲ့အောင်ပွဲခံတဲ့ ပရိသတ်တွေလည်း များစွာရှိခဲ့ပါတယ်။

AFP

နောဝှစ်ခ်ျ ။      ။ ချန်ပီယံရှစ်ကလပ် နောဝှစ်ခ်ျအသင်းဟာ ဂျာမနီကလပ်အသင်းတစ်သင်းဖြစ်တဲ့ ပက်ဒါဘွန်းအသင်းနဲ့ ခြေစမ်းပွဲကစားဖို့ ဂျာမနီကို သွားရောက်ခဲ့ပြီး သူတို့ ခြေစမ်းပွဲ ကစားနေချိန်မှာပဲ ဟိုတယ်မှာကျန်ခဲ့တဲ့ သူတို့ရဲ့ပိုက်ဆံတွေ အခိုးခံခဲ့ရပါတယ်။ နောဝှစ်ခ်ျနောက်ခံလူ တင်ကလိုဆေးနဲ့ ကစားသမားအချို့ဟာ ဟိုတယ်မှာထားခဲ့တဲ့ သူတို့ရဲ့ပိုက်ဆံတွေ ခိုးယူခံခဲ့ရပြီး လက်ရှိအချိန်မှာတော့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီပဲ ဖြစ်ပါတယ်။

Splash News

စပါး ။   ။ စပါးအသင်းဟာ မန်ယူအသင်းကိုပြောင်းရွှေ့တော့မယ့် နောက်ခံလူ အယ်ဒါဝီးရဲ့နေရာမှာ အစားထိုးဖို့ ပြင်သစ်ခံစစ်ကစားသမား ပါဗက်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ စတုဂတ်အသင်းရဲ့ ခံစစ်ကစားသမားဟာ ဒီ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့အတူ ခြေစွမ်းပြနေသူဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာကမှ စတုဂတ်အသင်းနဲ့ (၃) နှစ်စာချုပ် ချုပ်ဆိုထားသူလည်းဖြစ်ပါတယ်။

READ
၅-၄-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
Press Association

ရော်နယ်ဒို ။     ။ ပေါ်တူဂီအသင်းရဲ့ အသင်းခေါင်းဆောင် ရော်နယ်ဒို အနေနဲ့ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၀င်ရောက်ကစားနိုင်ခြင်းရှိ၊ မရှိဆိုတာကို လောင်းကစားဒိုင်တွေက ၆ လေး ၄ လေးနဲ့ ကြေးဖွင့်လှစ်လိုက်ကြပါတယ်။ လက်ရှိမှာ အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ၂၀၂၂ ခုနှစ်မှာ အသက် ၃၇ နှစ်ရှိနေမှာဖြစ်ပြီး သူ့အနေနဲ့ ကာတာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားမှာ အသင်းအတွက် ကစားပေးဦးမလားဆိုတာ စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။

Linn

Source : TheSun , Dailymail , ESPN

SHARE