ဒီလစ် ။ ။ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တဲ့ ဒီလစ် က သူ့ရဲ့အပြောင်းအရွှေ့မှာ အဓိက ကျခဲ့သူက ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒို ဖြစ်တယ်လို့ ၀န်ခံပြောဆိုလိုက်ပါတယ်။ နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်အပြီးမှာ ဂျူဗင်တပ်စ်အသင်းဆီ လာရောက်ကစားဖို့ ရော်နယ်ဒိုရဲ့ဖိတ်ခေါ်ခြင်းခံခဲ့ရမှုက ဒီအပြောင်းအရွှေ့ကို အဓိက ကျစေခဲ့တယ်လို့ ဒီလစ်က ပြောဆိုလိုက်ပြီး သူ့ရဲ့စိတ်ထဲမှာ ရော်နယ်ဒိုနဲ့ တွဲဖက်ကစားဖို့ကိုပဲ တွေးနေမိတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
ကော်တင်ဟို ။ ။ ဘာစီလိုနာ အသင်း ကွင်းလယ်လူ ကော်တင်ဟိုရဲ့အေးဂျင့်ဖြစ်သူက ကော်တင်ဟိုဟာ လီဗာပူးလ်ကနေ ဘာစီလိုနာအသင်းဆီ ပြောင်းလာခဲ့ရပေမယ့်လည်း သူ့ရဲ့နှလုံးသားကတော့ လီဗာပူးလ်အသင်းမှာသာ ကျန်နေရစ်ခဲ့တယ်လို့ပြောဆိုလိုက်ပါတယ်။ ကော်တင်ဟိုရဲ့အေးဂျင့်ဖြစ်သူ ဂျိုရက်ချီယန် က ကော်တင်ဟို ဟာ လီဗာပူးလ်အသင်းနဲ့ ဆန့်ကျင်ပြီး ကစားရမှာစိုးတာကြောင့် မန်ယူ ၊ ချယ်လ်ဆီးတို့ရဲ့ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေကိုတောင် ငြင်းပယ်ခဲ့သူဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။ လက်ရှိအချိန်မှာတော့ လီဗာပူးလ်ဟာ ကော်တင်ဟိုကို အငှားနဲ့ပြန်လည်ခေါ်ယူဖို့ ကြိုးစားနေပြီး ဘာစီလိုနာအသင်းကတော့ သူတို့ရဲ့ကစားသမားကို အသင်းမှာပဲ ဆက်ရှိနေဖို့ ဆန္ဒရှိနေပါတယ်။

မာတန်စ် ။ ။ နာပိုလီအသင်း တိုက်စစ်မှူး ဒရိုင်းမာတန်စ် က နာပိုလီအသင်းအနေနဲ့ ထိပ်တန်းအဆင့် ကစားသမားတွေကို ခေါ်ယူနိုင်မှသာ ဆုဖလားစိန်ခေါ်မှုတွေကို ပြုလုပ်နိုင်မှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ နာပိုလီအသင်းဟာ ရီးယဲလ်ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုခေါ်ယူဖို့ ကြိုးစားမှု မအောင်မမြင်ဖြစ်ခဲ့တာကြောင့် မာတန်စ်က မကျေမနပ်ဖြစ်နေခဲ့ပြီး ထိပ်တန်းအဆင့် ကစားသမားတွေကသာ အသင်းရဲ့ရလဒ်ပိုင်းကို ပြောင်းလဲပစ်နိုင်မှာဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့တာပါ။
လိုက်ပ်ဇစ် ။ ။ ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းဟာ PSG အသင်းကွင်းလယ်လူ အန်ကွန်ကူ ကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီလို့ L’Equipe သတင်းစာက ဖော်ပြပါတယ်။ အသက် (၂၁)နှစ်အရွယ် ကစားသမားလေးကို လိုက်ပ်ဇစ်အသင်းက (၅)နှစ် စာချုပ်နဲ့ခေါ်ယူမှာဖြစ်ပြီး ပြောင်းရွှေ့ကြေးပမာဏကိုတော့ ဖော်ပြထားခဲ့ခြင်းမရှိပါဘူး။
Christopher Nkunku est attendu aujourd’hui à Leipzig. Le PSG va récupérer entre 10 à 15M€.
Bild 🗞 pic.twitter.com/8BJw2elfs7
— FootNews_07 (@footnews_07) July 13, 2019
စပါး ။ ။ စပါးအသင်းဟာ ရီးယဲလ်အသင်းတိုက်စစ်မှူး ဂါရက်ဘေးလ်အတွက် ပေါင်သန်း(၆၀)ပေးဖို့ အဆင်သင့်ရှိနေတယ်လို့ Marca သတင်းစာက ဖော်ပြပါတယ်။ ရီုးယဲလ်အသင်းဟာ ဂါရက်ဘေးလ်ကို ရောင်းချဖို့ စီစဉ်ထားပေမယ့်လည်း သူ့ရဲ့မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာတို့ကြောင့် ခေါ်ယူချင်တဲ့အသင်း မရှိတဲ့အနေအထားနဲ့ ရင်ဆိုင်နေရတာပါ။ ဒါပေမယ့် ပေါင်သန်း(၆၀)ဆိုတဲ့ ပမာဏ က ဘေးလ်အတွက် နည်းပါးလွန်းတဲ့ အခြေအနေမှာရှိနေလို့ ရီးယဲလ်အနေနဲ့ရောင်းချဖို့ စဉ်းစားမှာမဟုတ်ဘူးလို့ Marca က သုံးသပ်ပါတယ်။
နေမာ ။ ။ PSG အသင်းရဲ့အားကစားဒါရိုက်တာ လီယိုနာဒို ဟာနေမာ ကို အသင်းမှာ ဆက်ရှိနေစေဖို့ အစွမ်းကုန် ကြိုးစားနေပေမယ့် ကစားသမားကတော့ အသင်းကနေ ထွက်ခွာဖို့ကိုသာ မျှော်လင့်နေတယ်လို့ Sky Sports က ဖော်ပြပါတယ်။ နေမာဟာ လီယိုနာဒိုနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တွေ့ဆုံခဲ့ပြီး အနာဂတ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် အသင်းမှာ ဆက်ရှိနေဖို့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်သွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေခဲ့တာပါ။

Linn
Source : TheSun , Goal , Mirror