၁၆-၉-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဟာဇက် ။        ။မနေ့ညက ကစားခဲ့တဲ့ ကာဒစ်ဖ်အသင်းနဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအတွက် ဟတ်ထရစ်သွင်းဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ဟာဇက် ကို နည်းပြ ဆာရီက ချီးကျူးလိုက်ပြီး အသင်းရဲ့ တိုက်စစ်ကစားသမားဟာ ဒီရာသီမှာ အနည်းဆုံး ဂိုး(၄၀) သွင်းနိုင်မယ်လို့  ခန့်မှန်းလိုက်ပါတယ်။ “ပြီးခဲ့တဲ့ ရာသီတုန်းက ဆာလက်နဲ့ ဟယ်ရီကိန်းတို့ သွင်းခဲ့ကြတဲ့ ဂိုးသွင်းနှုန်းမျိုးကို ဒီရာသီမှာ ဟာဇက်က လုပ်ပြပါလိမ့်မယ်” လို့ ဆာရီက ချီးကျူးလိုက်ပါတယ်။

AFP

တိုလစ်ဆို ။      ။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်ကစားသမား တိုလစ်ဆို ဟာ လေဗာကူဆင်အသင်းကို (၃-၁) ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တဲ့ ပွဲစဉ်မှာ ဆိုးရွားတဲ့ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့ပြီးတဲ့နောက် လအနည်းငယ်လောက် အနားယူရတော့မှာဖြစ်ပါတယ်။ ဘိုင်ယန်အသင်းက တိုလစ်ဆိုရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်လို့ တရားဝင်ထုတ်ပြန်ခဲ့ပြီး တိုလစ်ဆိုဟာ ခွဲစိတ်မှု ခံယူရမှာဖြစ်ကာ အနည်းဆုံး (၂) လလောက် နားရမယ်လို့ ကြေညာသွားခဲ့ပါတယ်။

PA

ဖာမီနို ။          ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က အသင်းတိုက်စစ်မှူး ဖာမီနိုရဲ့ မျက်လုံးဒဏ်ရာအခြေအနေကို စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ စပါးအသင်းကို (၁-၂) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဒုတိယအနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဖာမီနိုဟာ စပါးနောက်ခံလူ ဗာတွန်ဂန်နဲ့ ထိခိုက်မိခဲ့တာဖြစ်ပြီး ပွဲချိန် (၇၄) မိနစ်မှာ လူစားလဲခဲ့ရပါတယ်။ ကလော့ပ်က ဖာမီနိုရဲ့ မျက်လုံးမှာ ဒဏ်ရာအနည်းငယ်ရသွားခဲ့ကြောင်းနဲ့ စမ်းသပ်မှုတွေ ပြုလုပ်နေရပြီဖြစ်ကြောင်း ဆိုလိုက်ပါတယ်။

READ
ရေပန်းစားနေတဲ့အတိုင်း ပြင်သစ်တွေ ချန်ပီယံဖြစ်ပါ့မလား….

တော်ရဲရား ။     ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီ က ကွင်းလယ်လူ တော်ရဲရားရဲ့ ခြေစွမ်းကို ချီးကျူးသွားခဲ့ပြီး နယူးကာဆယ်ကို (၁-၂)နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လူစားဝင်ကစားခဲ့တဲ့ တော်ရဲရားဟာ သူ့ရဲ့ပွဲထွက်ခွင့်အတွက် အဆင်သင့်ဖြစ်နေပြီလို့ မှတ်ချက်ပေးလိုက်ပါတယ်။ အမ်မရီက တော်ရဲရားဟာ အာဆင်နယ်အသင်းကစားပုံနဲ့ တဖြည်းဖြည်း အံဝင်လာနေပြီး ပွဲထွက်ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ မှတ်ချက်ပေးခဲ့တာပါ။ အာဆင်နယ်အသင်းကို ပေါင် (၂၆)သန်းနဲ့ ရောက်ရှိလာတဲ့ ကွင်းလယ်လူဟာ လက်ရှိအချိန်မှာ ပွဲထွက်ကစားခွင့်မရသေးပဲ (၅) ပွဲဆက်တိုက် လူစားဝင်ကစားသမားအဖြစ်နဲ့သာ ကစားနေခဲ့ရပါတယ်။

ManCity FC

ဆေးလ်ဗား ။    ။ မန်စီးတီးအသင်းရဲ့ နည်းပြ ဂွာဒီယိုလာ က အသင်းအတွက် ကစားပေးခဲ့တဲ့ ပွဲပေါင်း (၃၅၀) ပြည့်မြောက်သွားပြီဖြစ်တဲ့ ဆေးလ်ဗားဟာ အသင်းရဲ့ ပုံရိပ်တစ်ခု ဖြစ်လာခဲ့ပြီလို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ မန်စီးတီးအသင်းက ဖူလ်ဟမ်ကို (၃-၀) နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းနဲ့အတူ ပွဲ (၃၅၀) ပြည့်ခဲ့တဲ့ ကွင်းလယ်လူဟာ အသင်းအတွက် အနိုင်ဂိုး တစ်ဂိုး သွင်းယူပေးခဲ့ပြီး သူ့ရဲ့ကစားသမားဘ၀မှာ မှတ်တိုင်သစ်တစ်ခုကို စိုက်ထူလိုက်ပါတယ်။

READ
(၁၇-၄-၂၀၁၉)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ပိုချက်တီနို ။     ။ စပါးအသင်းနည်းပြ ပိုချက်တီနို က လီဗာပူးလ်ကို (၁-၂) နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပင်နယ်တီ ရရှိခဲ့သင့်ပြီး ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့် ရမှတ်တွေ ဆုံးရှုံးလိုက်ရတာဖြစ်တယ်လို့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ နာကျင်အချိန်ပိုမှာ ဂိုးဧရိယာထဲကို ဘောလုံးဆွဲဝင်လာတဲ့ ဆွန်ဟောင်မင် ကို မာနေးက ဖျက်ထုတ်ဖို့ ကြိုးစားခဲ့ရာကနေ လဲကျသွားခဲ့ရပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီ သတ်မှတ်ပေးခြင်းမရှိတဲ့အပေါ် ပိုချက်တီနိုက စိတ်ပျက်နေခဲ့တာပဲ ဖြစ်ပါတယ်။

Linn

Source : Dailymail , TheSun . Goal

SHARE