၁၆-၉-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Mirror"

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီ က ၀က်ဖို့ဒ်အသင်းကို သွင်းဂိုး(၂)ဂိုးနဲ့ ဦးဆောင်ပြီးမှ ချေပဂိုးတွေ ပြန်ပေးလိုက်ရတာဟာ နောက်ခံလူတွေရဲ့ အာရုံစိုက်မှုအပေါ် မူတည်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ မနေ့ညက ပွဲစဉ်ရဲ့ ပွဲချိန် ပထမပိုင်း (၂၂)မိနစ်နဲ့ (၃၂)မိနစ်တွေမှာ တိုက်စစ်မှူး အူဘာမီယန်း ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန် ဒုတိယပိုင်း (၅၃)မိနစ်မှာ ကလီဗာလေရဲ့ချေပဂိုး၊ ပွဲချိန် (၈၁)မိနစ်မှာ ပါရဲရား ရဲ့ ပင်နယ်တီဂိုးတွေကို ခွင့်ပြုလိုက်ရပြီး ပွဲအပြီးမှာ (၂)ဂိုးစီ သရေကျသွားခဲ့ရတာပဲဖြစ်ပါတယ်။

အိုဒွိုင်း ။         ။ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တဲ့ တောင်ပံကစားသမား အိုဒွိုင်းဟာ အသင်းကြီးမှာ ကစားပေးနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ အိုဒွိုင်းဟာ ဒီတစ်ပတ် ကစားခဲ့တဲ့ ချယ်လ်ဆီး ယူ(၂၃)ပွဲစဉ်မှာ မိနစ် (၆၀)အထိ ၀င်ရောက်ကစားပေးခဲ့ပြီး သူ့အနေနဲ့ ဒဏ်ရာအခြေအနေကနေ ပြန်လည်သက်သာလာပြီဆိုတဲ့အကြောင်းကို ပရိသတ်တွေဆီ အသိပေးလိုက်ပါတယ်။

 

အူဘာမီယန်း ။  ။ အာဆင်နယ်အသင်းတိုက်စစ်မှူး အူဘာမီယန်းက ၀က်ဖို့ဒ်အသင်းကို ချေပဂိုး(၂)ဂိုး ပေးလိုက်ရပြီး သရေကျဖို့ဆိုတာ လုံးဝမမျှော်လင့်ထားတဲ့ ဖြစ်ရပ်တစ်ခုလို့ ပြောဆိုလိုက်ပါတယ်။ အူဘာမီယန်းက  အာဆင်နယ်အသင်းပေးလိုက်ရတဲ့ ဂိုးတွေအတွက် ဘယ်သူ့ကိုမှ အပြစ်တင်လို့မရကြောင်းနဲ့ လာမယ့်ပွဲစဉ်တွေမှာ ဒီလို အဖြစ်အပျက်မျိုးထပ်မဖြစ်အောင် ကြိုးစားရမှာဖြစ်ကြောင်းပြောဆိုသွားခဲ့တာပါ။ အာဆင်နယ်အသင်းဟာ နောက်ခံလူ ဆိုကရက်တစ်ရဲ့အမှားကနေ ၀က်ဖို့ဒ်ကို ဦးဆောင်ဂိုးပေးခဲ့ရတာဖြစ်ပြီး ပွဲချိန် (၈၁)မိနစ်မှာလည်း နောက်ခံလူ ဒေးဗစ်လူးဝစ္စရဲ့မပါးနပ်တဲ့ဖျက်ထုတ်မှုကြောင့် ပင်နယ်တီဂိုးပေးခဲ့ရတာပါ။

READ
၂-၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

အဲရစ်ဆင် ။      ။ စပါးအသင်းကွင်းလယ်လူ အဲရစ်ဆင်ကတော့ စပါးရဲ့စာချုပ်သစ် ကမ်းလှမ်းမှုကို ထပ်မံ ငြင်းဆိုလိုက်ပြန်ပါပြီ။ ဒီရာသီကုန်ရင် စပါးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရတော့မယ့် အဲရစ်ဆင် အနေနဲ့ ရီးယဲလ်အသင်းဆီ ရောက်ရှိသွားမယ့် အခြေအနေတွေရှိနေပြီး ရီးယဲလ်တာဝန်ရှိသူတွေနဲ့ အဲရစ်ဆင်ရဲ့အေးဂျင့်တို့အကြား ချိတ်ဆက်မှုတွေရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

မာတစ် ။         ။ မန်ယူအသင်းကွင်းလယ်ကစားသမား မာတစ် က နည်းပြဆိုးလ်ရှားအနေနဲ့ အသင်းရဲ့ကွင်းလယ်မှာ တိုမီနေး ကို အသုံးပြုခဲ့ခြင်းဟာ တိုမီနေးက သူ့ထက်ပိုပြီး ပွဲထွက်ကစားဖို့ ထိုက်တန်တာကြောင့် ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပေမယ့် မာတစ် က တိုမီနေး ရဲ့ခြေစွမ်းကို အကောင်းမြင်နေပြီး တိုမီနေး ဟာ အသင်းအတွက် အစွမ်းကုန် ပေးဆပ်ကစားတဲ့ ကစားသမားမျိုးဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။

ရာမို့စ် ။ ။ လီဗန်တေးအသင်းကို အနိုင်ရခဲ့တဲ့ ဒီတစ်ပတ်ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တဲ့ ရာမို့စ်ဟာ PSG နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ဖို့ရှိနေပါတယ်။ လီဗန်တေးနဲ့ ပွဲစဉ်မှာ ခြေသလုံးကြွက်သား ဒဏ်ရာ ရရှိသွားခဲ့တဲ့ ရာမို့စ်ရဲ့နေရာမှာ နာချို ပွဲထွက်လာဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး ရီးယဲလ်တာဝန်ရှိသူတွေကတော့ ရာမို့စ်ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

Linn

READ
အပြောင်းအရွှေ့ရာသီအစမှာ ကော်တင်ဟိုကို ပေါင်သန်း(၁၃၀)နဲ့ ဘာကာကမ်းလှမ်းမည်

Source : TheSun , Goal , Mirror

SHARE