၁၇-၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

မန်စီးတီး ။       ။ မန်စီးတီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ FA ဖလားပွဲစဉ်မှာ နယူးပို့တ်အသင်းကို (၁-၄)ဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ စတာလင်၊ ဘာနာဒိုဆေးလ်ဗား ၊ အဂွီရို တို့ကို အရန်ခုံမှာသာ ထားခဲ့တဲ့ မန်စီးတီးဟာ ပထမပိုင်းတစ်ပိုင်းလုံး ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး ပွဲထွက်ကစားခဲ့တဲ့ ဆာနေး၊ မာရက်ဇ်တို့ရဲ့ တောင်ပံတိုက်စစ်တွေဟာ အိမ်ရှင်အသင်းကို ထိရောက်တဲ့ထိုးဖောက်မှုတွေ မပြုလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ နယူးပို့တ်အသင်း ကစားအားကျသွားခဲ့သလို ဂိုးသမားကလည်း အမှားအယွင်းအချို့ပြုလုပ်ခဲ့တာကြောင့် ပွဲချိန် (၅၁)မိနစ်မှာ ဆာနေး၊ ပွဲချိန် (၇၅)နဲ့ (၈၉)မိနစ်မှာ ဖိုဒန် နဲ့ (၉၄)မိနစ်မှာ မာရက်ဇ်က မန်စီးတီးအတွက် ဂိုးတွေသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ နယူးပို့တ်အတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် (၈၈)မိနစ်မှာ အမ်မွန်က သွင်းယူပေးခဲ့တာပါ။

မန်ယူ ။ ။ ဆော်ဒီမင်းသား မိုဟာမက်ဘင်ဆယ်လ်မန် ဟာ (၂၀၁၈-၁၉)ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ မန်ယူအသင်းကို ပေါင် (၃.၈)ဘီလီယံနဲ့ ၀ယ်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ TheSun က ဖော်ပြပါတယ်။ ဆော်ဒီမင်းသားဟာ ဂလေဇာမိသားစုကို ပေါင်(၂.၂) ဘီလီယံ အမြတ်အစွန်းရသွားစေမယ့် ကမ်းလှမ်းမှုမျိုး ပြုလုပ်ခဲ့တာဖြစ်ပြီး အမေရိကန်လုပ်ငန်းရှင်မိသားစုဟာ မန်ယူကို (၁.၆)ဘီလီယံနဲ့ ၀ယ်ယူထားခဲ့တာပါ။ သတင်းတွေကတော့ ဆော်ဒီမင်းသား သာ မန်ယူအသင်းကို ပိုင်ဆိုင်သွားခဲ့ရင် အကြီးအကျယ်ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပြီး တန်ဖိုးမြင့်ကစားသမားခေါ်ယူမှုတွေလည်း ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

READ
ထိပ်တန်းနည်းပြတွေနဲ့ရင်ဆိုင်ဖို့ ပရီးမီးယားလိဂ်ကိုပြောင်းချင်နေတဲ့ဆီမြွန်နီ
EPA

အော့စပင်နာ ။  ။ နာပိုလီအသင်းကို အငှားလာရောက်ကစားနေတဲ့ အာဆင်နယ်ဂိုးသမား အော့စပင်နာက အငှားစာချုပ်ကုန်ဆုံးချိန်မှာ နာပိုလီအသင်းကနေ ထွက်ခွာသွားရမှာကို စိုးရိမ်နေမိတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ နာပိုလီအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ ကိုလံဘီယာဂိုးသမားဟာ ရာသီကုန်ဆုံးချိန်မှာ နာပိုလီအသင်းမှာပဲ ဆက်လက်ရှိနေချင်တာဖြစ်ပြီး အပြီးသတ်ခေါ်ယူမှု ပြုလုပ်ပေးဖို့ မျှော်လင့်နေတာပါ။ အာဆင်နယ်အသင်းအနေနဲ့ အော့စ်ပင်နာကို ဒီရာသီကုန်ဆုံးချိန်အထိသာ အငှားချထားတာဖြစ်ပေမယ့် အပြီးသတ်ရောင်းချသွားဖို့လည်း ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

AFP

ဝက်စ်ဟမ်း ။     ။ ၀က်စ်ဟမ်းအသင်းနောက်ခံလူ ဇာဘလက်တာ ဟာ ဒီရာသီကုန်ဆုံးချိန်မှာ ကစားသမားဘ၀ကနေ အနားယူတော့မယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီအတွက် ၀က်စ်ဟမ်းအသင်းဟာ မန်ယူအသင်းကနေ ထွက်ခွာမယ့် ဗလင်စီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ အသည်းအသန် ကြိုးစားနေခဲ့ပြီး ဇာဘလက်တာရဲ့နေရာကို အစားထိုးဖို့ ရည်ရွယ်နေတာပါ။ ၀က်စ်ဟမ်းအသင်းနည်းပြ ပယ်လီဂရီနီ က ဗလင်စီယာ ဟာ သူအလိုရှိနေတဲ့ နောက်ခံကစားသမားတစ်ဦးပဲ ဖြစ်ပြီး သူ့ရဲ့ပွဲထွက်ခွင့်နဲ့ ပတ်သက်လို့လည်း စိတ်ပူစရာမရှိဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

REX

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ ခံစစ်ပိုင်းပြဿနာကို ဖြေရှင်းဖို့အတွက် အေဂျက်ဇ်အသင်းနောက်ခံကစားသမား ဒီလစ် ကိုခေါ်ယူဖို့ အံ့အားသင့်ဖွယ် ကြိုးစားလာခဲ့ပါတယ်။ ဘားကမ့် ၊ အိုဗားမားစ် စတဲ့ နယ်သာလန်ကစားသမားတွေနဲ့ အကျိုးပေးခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဒီလစ် ကို သူတို့ရဲ့ အကူအညီနဲ့ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပြီး ပေါင်သန်း(၇၀)အထိ အသုံးပြုဖို့ ပြင်ဆင်နေတာပါ။ အသက် (၁၉)နှစ်အရွယ်သာ ရှိသေးပေမယ့် အေဂျက်ဇ်ရဲ့အသင်းခေါင်းဆောင် ရာထူးကို ရယူထားသူ နောက်ခံကစားသမားလေးကို မန်ယူ၊ ဘာစီလိုနာ၊ မန်စီးတီးအသင်းတွေကလည်း ခေါ်ယူချင်နေပြီး လက်ရှိအချိန်မှာတော့ အာဆင်နယ်အသင်းကပါ ခေါ်ယူနိုင်ဖို့ ကြိုးစားလာခဲ့တာပါ။

READ
ဂရစ်ဇ်မန်းကိုနောက်ထပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ဖို့ အသင့်ရှိနေတဲ့မော်ရင်ဟို
AFP

ဆန်းချက်ဇ် ။    ။ မန်ယူအသင်းရဲ့တိုက်စစ်မှူး ဆန်းချက်ဇ်က သူ့အနေနဲ့ သူရရှိနေတဲ့ လုပ်ခလစာနဲ့ထိုက်တန်တဲ့ခြေစွမ်းကို ပြသသွားဖို့ ကြိုးစားတော့မှာဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။ မန်ယူအသင်းရဲ့ လစာအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့ ဆန်းချက်ဇ်ဟာ တစ်ပတ်လုပ်ခ ပေါင် (၅)သိန်း ရရှိနေတာဖြစ်ပြီး မနက်ဖြန် ကစားမယ့် FA ဖလားပြိုင်ပွဲကစလို့ သူ့ရဲ့အကောင်းဆုံး ပုံစံကို ပြန်မြင်ရမယ်လို့ ပရိသတ်တွေကို ကတိပေးလိုက်တာပါ။ ပြီးခဲ့တဲ့ (၁၃)လ အကြာက အာဆင်နယ်ကနေ မန်ယူအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူးဟာ မန်ယူမှာခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး နည်းပြဆိုးလ်ရှားလက်ထက်မှာလည်း အရန်ခုံမှာသာ အချိန်ကုန်နေခဲ့ရသူပါ။

Linn

Source : TheSun , Dailymail , Goal

SHARE