၁၇-၅-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဆာလက် ။      ။ ရီးယဲလ်အသင်းဟာ တိုက်စစ်ပိုင်းအတွက် လီဗာပူးလ်တိုက်စစ်မှူး ဆာလက် ကို ဦးစားပေး ပစ်မှတ်အဖြစ်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ Dailymail သတင်းစာက ဖော်ပြသွားခဲ့ပြန်ပါတယ်။ ရီးယဲလ်နည်းပြ ဇီဒန်းဟာ တိုက်စစ်ပိုင်းအတွက် ဟာဇက် အပြင် နောက်ထပ်ကစားသမားတစ်ယောက် ခေါ်ယူဦးမယ်လို့ ပြောဆိုခဲ့ပြီးတဲ့နောက်မှာ ဆာလက်နဲ့ ပတ်သက်တဲ့သတင်းတွေက ပိုမိုကျယ်ပြန့်လာခဲ့တာပါ။ Canal+ က ဖော်ပြတဲ့သတင်းထဲမှာတော့ ဇီဒန်းဟာ ရီးယဲလ်တိုက်စစ်မှာ ဟာဇက်၊ ဘင်ဇီမာနဲ့ ဆာလက် တို့အတွဲကို ပုံဖော်ချင်နေတာဖြစ်ပြီး ဆာလက်အနေနဲ့လည်း ရီးယဲလ်ကိုရောက်ရှိသွားဖို့  အခွင့်အရေးတွေရှိနေတယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

စတာလင် ။      ။ မန်စီးတီးအသင်းတိုက်စစ်မှူး စတာလင် က ဒီရာသီမှာ မန်စီးတီးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဆုရရှိခဲ့ခြင်းရဲ့ လျို့ဝှက်ချက်ကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ စတာလင် က အသင်းနည်းပြ ဂွာဒီယိုလာ ဟာ ကစားသမားတွေရဲ့ စိတ်ဓာတ်ကို တဖြည်းဖြည်းမြင့်မားလာအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် နောက်ဆုံးမှာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုလိုက်တာပါ။ မန်စီးတီးဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်ရဲ့နောက် (၈)မှတ်ပြတ်နေရာကနေ ပြန်လည်ကြိုးစားခဲ့ရပြီး နောက်ဆုံးမှာ ချန်ပီယံဆုကို ဆွတ်ခူးသွားနိုင်ခဲ့တာဖြစ်ပါတယ်။

READ
၂၀-၆-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းတိုများ
AP

မားကို့စ်အလွန်ဆို ။       ။ အက်သလက်တီကိုအသင်းဟာ အသင်းကနေ ထွက်ခွာသွားတဲ့နောက်ခံလူတွေရဲ့နေရာကို အစားထိုးဖို့အတွက် ချယ်လ်ဆီးဘယ်နောက်ခံလူ မားကို့စ်အလွန်ဆိုကို ပစ်မှတ်ထားနေပါတယ်။ လူးကပ်စ်ဖာနန်ဒက်ဇ်နဲ့ ဖိလစ်ပီလူးဝစ္စတို့ မရှိတော့တဲ့ အခြေအနေကို နည်းပြ ဆီမြွန်နီက ဖြည့်ဆည်းဖို့ကြိုးစားနေတာဖြစ်ပြီး စပိန်နောက်ခံလူ အလွန်ဆို က နံပတ်(၁) ပစ်မှတ်ဖြစ်လာခဲ့တာပါ။ အလွန်ဆို ဟာ (၂၀၁၆)ခုနှစ်က ချယ်လ်ဆီးအသင်းကိုရောက်ရှိခဲ့သူ ဖြစ်ပြီး သူ့ရဲ့ပထမဆုံးရာသီမှာပဲ အသင်းအတွက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်ခဲ့သူပါ။

AFP

ဒါနီအဲဗက်စ် ။   ။ PSG အသင်းရဲ့နောက်ခံကစားသမား ဒါနီအဲဗက်စ် က သူ့ကို ကမ်းလှမ်းလိုက်တဲ့ စာချုပ်သစ်ကို ဆွေးနွေးဖို့ ရပ်ဆိုင်းထားခဲ့ပြီး ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားနေပြန်ပါတယ်။ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်နဲ့ PSG အသင်းတွေမှာ အောင်မြင်မှုတွေရယူထားနိုင်ခဲ့တဲ့ နောက်ခံကစားသမားဟာ ဂွာဒီယိုလာ ရှိတဲ့ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေခဲ့ပြီး သူ့အတွက် ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေတယ်လို့ ပြင်သစ်သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။

READ
၅-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
AP

ဂျိုဗစ် ။ ။ ရီးယဲလ်အသင်းဟာ ဖရန့်ဖတ်အသင်းရဲ့လူငယ်တိုက်စစ်မှူး ဂျိုဗစ် ကို ယူရိုသန်း(၆၀)နဲ့ ခေါ်ယူဖို့ဆွေးနွေးမှုတွေကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဖရန့်ဖတ်အသင်းရဲ့ တိုက်စစ်မှာ အရေးပါခဲ့တဲ့ကစားသမားဟာ ရီးယဲလ်အသင်းနဲ့ (၅)နှစ် စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး တစ်နှစ်လုပ်ခအဖြစ် ယူရို (၈.၇)သန်းကို ရရှိမှာပဲ ဖြစ်ပါတယ်။

Linn

Source : TheSun , Dailymail , Goal

SHARE