၁၇-၇-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "TheSun"

ဒီလစ် ။ ။ ဂျူဗင်တပ်စ်အသင်းရဲ့ ကစားသမားသစ် ဖြစ်လာတော့မယ့် ဒီလစ် ဟာ ဆေးစစ်မှု အောင်မြင်သွားခဲ့ပြီဖြစ်ပြီး တူရင်မြေကို ရောက်ရှိလာခဲ့ပါပြီ။ ဂျူဗင်တပ်စ်အသင်းက ဒီလစ် ရောက်ရှိကြောင်း ဗီဒီယို ဖိုင်ကို သူတို့ရဲ့ တရားဝင်တွစ်တာအကောင့်ကနေ ဖော်ပြသွားခဲ့ပြီး ပရိသတ်တွေကတော့ ဒီလစ်ကြောင့် ဂျူဗင်တပ်စ်ရဲ့ဒီရာသီ လူစာရင်းဟာ အတောင့်တင်းဆုံးဖြစ်သွားခဲ့ပြီလို့ ပြောဆိုနေကြပါတယ်။

ပေါ့ဂ်ဘာ ။       ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ အသင်းကနေ ထွက်ခွာချင်နေတဲ့ ပေါ့ဂ်ဘာ ကို အသင်းခေါင်းဆောင်ရာထူး ပေးအပ်သွားဖို့ စီစဉ်နေကြောင်း Goal က ဖော်ပြသွားခဲ့ပြီး ပေါ့ဂ်ဘာအတွက် စိန်ခေါ်မှုအသစ်တစ်ခု ဖန်တီးပေးဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ ဆိုးလ်ရှားကိုယ်တိုင်က ပြောဆိုသွားခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ မန်ယူအသင်းကနေ ထွက်ခွာသွားဖို့ ကြိုးစားနေခဲ့ပေမယ့်လည်း ဆိုးလ်ရှားကတော့ ပေါ့ဂ်ဘာကို အသင်းမှာ ဆက်ရှိနေစေဖို့ ကြိုးစားနေခဲ့ပြီး ရာသီသစ်မှာ အသင်းခေါင်းဆောင်တစ်ယောက်အဖြစ် အသင်းကိုဦးဆောင်စေဖို့ တာဝန်ပေးသွားမယ့်အခြေအနေမှာ ရှိနေပါတယ်။

 

ဂျိမ်းစ်ရိုဒရီဂွက်ဇ် ။        ။ ရီးယဲလ်အသင်း ကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ နာပိုလီအသင်းကိုရောက်ဖို့ထက် အက်သလက်တီကိုအသင်းကို ရောက်ရှိဖို့ ပိုပြီး နီးစပ်နေတယ်လို့ Marca သတင်းစာက ဖော်ပြပါတယ်။ နာပိုလီအသင်းအနေနဲ့ ဂျိမ်းစ်ကို အငှားခေါ်ယူချင်နေခဲ့တာဖြစ်ပြီး အက်သလက်တီကို ကတော့ ၀ယ်ယူဖို့ ကြိုးစားနေတာဖြစ်လို့ အက်သလက်ရဲ့ ဆွေးနွေးမှုတွေက ပိုပြီး ဖြစ်လာနိုင်ချေရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။

READ
၃၀-၁၀-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

တူချယ် ။         ။ PSG အသင်းနည်းပြ တူချယ် က ကိုပါအမေရိကပြိုင်ပွဲ မတိုင်မီကတည်းက နေမာ ဟာ PSG ကနေ ထွက်ခွာချင်နေခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တူချယ် က နေမာ ဟာ လက်ရှိမှာ အသင်းပြောင်းရွှေ့ဖို့အတွက် ကြိုးစားနေခဲ့တာကြောင့် တရုတ်နိုင်ငံဆီ သွားရောက်ရမယ့် ရာသီကြို ခြေစမ်းပွဲခရီးစဉ်နဲ့လည်း လွဲချော်ဖို့ရှိနေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

 

အင်တာ ။        ။ အင်တာမီလန်ဟာ မန်ယူတိုက်စစ်မှူး လူကာကူရဲ့ ပြောင်းရွှေ့ကြေး ပေါင်(၇၅)သန်းကို ပေးချေဖို့ သဘောတူညီခဲ့ပေမယ့် ပေါင်သန်း(၄၀)ကို ကနဦး ပေးချေသွားမှာဖြစ်ပြီး လက်ကျန်ငွေကိုတော့ လာမယ့် (၂)နှစ်အတွင်းမှာ အပြီးသတ် ပေးချေဖို့ ကမ်းလှမ်းခဲ့တယ်လို့ TheSun က ဖော်ပြပါတယ်။ မန်ယူအသင်းအနေနဲ့ အင်တာမီလန်ရဲ့ ကမ်းလှမ်းမှုကို လက်ခံစဉ်းစားနေဆဲဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ ဆုံးဖြတ်ချက် ချသွားဖို့ရှိနေတယ်လို့ TheSun က ဖော်ပြပါတယ်။

အေစီ ။ ။ အေစီမီလန်ဟာ ရီးယဲလ်ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေခဲ့တဲ့ ကွင်းလယ်လူ မိုဒရစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ရီးယဲလ်အသင်းအနေနဲ့လည်း မိုဒရစ်ကို ရောင်းချသွားဖို့ ဆန္ဒရှိနေပြီး မိုဒရစ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ Gianluca Di Marzio သတင်းစာက ဖော်ပြပါတယ်။

READ
၁၉-၇-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ စုစည်းမှု

အေဂျက်ဇ် ။     ။ အေဂျက်ဇ်အသင်းရဲ့နည်းစနစ်ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ အိုဗားမားစ် က အာဆင်နယ်အသင်းဟာ ကွင်းလယ်လူ အိုဇေးလ်ကိုရောင်းချသင့်နေပြီး အေဂျက်ဇ်ကွင်းလယ်လူ ဇီယာ့ခ်ျ ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ အသက် (၂၆)နှစ်အရွယ် မော်ရိုကို တောင်ပံကစားသမားရဲ့ ဈေးနှုန်းဟာ ပေါင်(၂၅)သန်းနီးပါး ရှိနေတာမို့ အာဆင်နယ်အနေနဲ့ အိုဇေးလ်ကိုအရင်ဆုံးရောင်းချပြီး ဇီယာ့ခ်ျကိုခေါ်သင့်ကြောင်း ပြောဆိုလိုက်တာပါ။

Linn

Source :TheSun , Goal , Mirror

SHARE