၁၇-၈-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "TalkSports"

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းကတော့ မနေ့ညက ကစားခဲ့တဲ့ လာလီဂါအဖွင့်ပွဲစဉ်မှာ ဘီလ်ဘာအိုအသင်းကို (၁-၀)ဂိုးနဲ့ အရှုံးပေးလိုက်ရပါတယ်။ မက်ဆီမပါတဲ့ ဘာစီလိုနာဟာ ဘီလ်ဘာအိုကို ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း ဆွာရက်ဇ် ၊ ဂရစ်ဇ်မန်းနဲ့ ဒမ်ဘီလီ တို့ရဲ့တိုက်စစ်ကတော့ ဂိုးရဖို့ ခက်ခဲနေခဲ့တာပါ။ ပွဲချိန် (၈၉)မိနစ်မှာတော့ ဘီလ်ဘာအို တိုက်စစ်မှူး အဒူရစ်ဇ်က လူစားဝင်ပြီးတစ်မိနစ်အကြာမှာပဲ ဘီလ်ဘာအိုအတွက် ဂိုးသွင်းပေးသွားခဲ့လို့ ပွဲအပြီးမှာ ဘာစီလိုနာတို့ (၁-၀)ဂိုးနဲ့ ရှုံးနိမ့်ကာ တိုက်စစ်မှူးသစ် ဂရစ်ဇ်မန်းအတွက်တော့ မျက်နှာပန်းမလှပဲ ဖြစ်သွားခဲ့ရပါတယ်။

ပိုချက်တီနို ။     ။ စပါးအသင်းနည်းပြ ပိုချက်တီနို က သူ့အနေနဲ့ ပြိုင်ဖက်မန်စီးတီးအသင်းကို ဆုဖလားမရအောင် လုပ်ဖို့ဆိုရင် ရာသီအစကတည်းကအလဲထိုးထားဖို့ လိုမှာဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ စပါးအသင်းဟာ ဒီနေ့ည မြန်မာစံတော်ချိန် (၁၁း၀၀)နာရီအချိန်မှာ မန်စီးတီးအသင်းရဲ့ အိမ်ကွင်းဆီ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပိုချက်တီနို က မန်စီးတီးကို အမှတ်ဆုံးရှုံးအောင် ကစားဖို့အတွက် ကြိုးစားသွားမယ်လို့ အသိပေးလိုက်တာပါ။

Twitter “TheSun”

ဟက်ဒါဖီးလ် ။   ။ ဟက်ဒါဖီးလ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်မှာ (၁-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် နည်းပြ ဂျန် ဆီဝတ် ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ဟက်ဒါဖီးလ်ကို နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခြင်းမရှိတဲ့ ဂျာမန်နည်းပြ  ဟာ အသင်းကို ပရီးမီးယားလိဂ်ကနေ တန်းဆင်းစေခဲ့သလို နောက်ဆုံးတာဝန်ယူခဲ့တဲ့ (၁၉)ပွဲမှာ နိုင်ပွဲ(၁)ပွဲသာ ရခဲ့တဲ့ ရလဒ်ပိုင်းကြောင့် ထုတ်ပယ်ခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။

READ
အာဆင်နယ်တိုက်စစ်မှူးဆန်းချက်ဇ် ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့စီစဉ်နေ

 

လိုနာဂန် ။       ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ လီဗာပူးလ်အသင်းဆီ အငှားနဲ့ရောက်ရှိလာခဲ့တဲ့ ဂိုးသမား လိုနာဂန် တစ်ယောက်ကတော့ ဒီနေ့ည ပွဲစဉ်မှာ လီဗာပူးလ်အတွက် ပွဲထွက်ကစားပေးရတော့မှာပဲဖြစ်ပါတယ်။ လီဗာပူးလ်ရဲ့ပွဲထွက်ဂိုးသမား အလစ်ဆန်ရော၊ အရန်ဂိုးသမား အက်ဒရီယန်ပါ ဒဏ်ရာရနေတဲ့အခြေအနေကြောင့် လိုနာဂန်တစ်ယောက် ပွဲထွက်ရဖို့ရှိနေခဲ့ပြီး ဒီနေ့ည ကစားမယ့် ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ လီဗာပူးလ်အတွက် စတင်ပွဲထွက်လာဖို့ရှိနေပါတယ်။

ဟာဇက် ။        ။ ရီးယဲလ်အသင်း ကွင်းလယ်လူ ဟာဇက် ဟာ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပေါင်ခြံဒဏ်ရာ ရရှိသွားခဲ့လို့ ဆယ်လ်တာဗီဂိုအသင်းနဲ့ ကစားရမယ့် အဖွင့်ပွဲစဉ်ကို လွဲချော်ရမှာဖြစ်ပါတယ်။ အသင်းရဲ့တာဝန်ရှိသူတွေကတော့ ဟာဇက်ရဲ့ဒဏ်ရာဟာ တစ်လလောက်အနားယူရလိမ့်မယ်လို့ ခန့်မှန်းထားပြီး ဟာဇက်ရဲ့ညာဖက်ပေါင် ကြွက်သားမှာ ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်ထားပါတယ်။

Linn

READ
၁၂-၃-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Source : TheSun , Goal , Mirror

SHARE