၁၇-၉-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Goal"

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က လီဗာပူးလ်အသင်းအနေနဲ့ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေရပေမယ့်လည်း မန်စီးတီးအသင်းကသာ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ ကလော့ပ်က လီဗာပူးလ်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက နာမည်ကြီးအသင်းတွေကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးခဲ့ပေမယ့်လည်း ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းအဖြစ် သတ်မှတ်လို့မရသေးကြောင်းပြောဆိုသွားခဲ့တာပါ။ ဒါပေမယ့် မန်စီးတီးကတော့ အကောင်းဆုံးကစားပုံကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ရမှာဖြစ်ကြောင်း ကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာ ။    ။ ဂျာမနီကွင်းလယ်ကစားသမားဟောင်း အိုလက်ဖ် သွန်း က ဒီနေ့ည ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ် အုပ်စု (F) မှာ ဒေါ့တ်မွန်အသင်းက နောက်တစ်ဆင့်တက်ဖို့ ရေပန်းအစားဆုံးအသင်းဖြစ်ပြီး ဘာစီလိုနာကတော့ သာမန်အသင်းတစ်သင်းသာ ဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ လာလီဂါပြိုင်ပွဲမှာရလဒ်ကောင်းတွေ ပြန်လည်ရရှိလာပြီဖြစ်ပေမယ့်လည်း မက်ဆီ မပါဝင်နိုင်ဘူးဆိုရင် ဘာစီလိုနာဟာ အဆိပ်မရှိတဲ့အသင်းလို့ သွန်း က မှတ်ချက်ပေးခဲ့ပြီး ဘာစီလိုနာအနေနဲ့ နောက်တစ်ဆင့်တက်ဖို့အတွက် အင်တာ၊ ဒေါ့တ်မွန်တို့ကို ခက်ခက်ခဲခဲ ရင်ဆိုင်ရမှာဖြစ်တယ်လို့ သုံးသပ်လိုက်ပါတယ်။

 

ဖာတီ ။ ။ ဘာစီလိုနာအသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ အသက် (၁၆)နှစ်အရွယ် ကွင်းလယ်ကစားသမားလေး ဖာတီ ကို စာချုပ်သစ် ပြင်ဆင်ချုပ်ဆိုဖို့ ညှိနှိုင်းနေပြီလို့ Goal က ဖော်ပြပါတယ်။ ဖာတီ နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ စာချုပ်ဟာ (၂၀၂၂)ခုနှစ်အထိ ရှိနေပေမယ့်လည်း လက်ရှိမှာ ဖာတီရဲ့အရည်အသွေးနဲ့ စွမ်းဆောင်မှုတွေကြောင့် တစ်နှစ်ကို ယူရို (၁.၅)သန်းအထိ တိုးမြှင့်ပေးဖို့ ဘာစီလိုနာ တာဝန်ရှိသူတွေက စီစဉ်နေကြတာပါ။

အင်တာမီလန် ။ ။ အင်တာမီလန်အသင်းဟာ ဖီအိုရင်တီးနားအသင်းရဲ့အသက် (၂၁)နှစ်အရွယ် တိုက်စစ်မှူးလေး ချီယေဆာ ကို ခေါ်ယူဖို့ ချဉ်းကပ်နေတယ်လို့ Calciomercato က ဖော်ပြပါတယ်။ အင်တာမီလန်အသင်း CEO မာရော့တာ က ဖီအိုရင်တီးနားဥက္ကဌ ကွန်မစ်ဆို ကို ချီယေဆာရဲ့အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ မေးမြန်းခဲ့ပြီး ဂျူဗင်တပ်စ်အသင်းကလည်း ဒီ တိုက်စစ်မှူးလေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြန်ပါတယ်။

အေဗရာဟမ် ။  ။ အင်္ဂလန်အသင်းရဲ့လက်ထောက်နည်းပြ စတိဗ်ဟော်လန် ဟာ ချယ်လ်ဆီးတိုက်စစ်မှူး အေဗရာဟမ်ရဲ့ခြေစွမ်းကို ဗလင်စီယာအသင်းနဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ လာရောက်ကြည့်ရှုသွားမှာဖြစ်တယ်လို့ တယ်လီဂရပ်ဖ်သတင်းစာက ဖော်ပြပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီနေ့ည (၁း၃၀)အချိန်မှာ ဗလင်စီယာအသင်းကို သူတို့ရဲ့အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး အင်္ဂလန်နည်းပြ ဆောက်ဂိတ်အနေနဲ့ အေဗရာဟမ်ရဲ့ခြေစွမ်းအတွက် လူလွှတ်ပြီးသွားရောက်စောင့်ကြည့်ခိုင်းခဲ့တာလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
(၂၅-၅-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အာနိုးလ် ။       ။ လီဗာပူးလ်အသင်းနောက်ခံကစားသမား အာနိုးလ် က နာပိုလီအသင်းတိုက်စစ်မှူး အင်ဆစ်ဂ်နီ ဟာ ဟာဇက် လို ကစားသမားမျိုးဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီနေ့ညရဲ့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် နာပိုလီအသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး အင်ဆစ်ဂ်နီ၊ မာတန်စ်တို့ရဲ့တိုက်စစ်ပိုင်းကို သတိထားဖို့ အာနိုးလ်က အသင်းဖော်တွေကို တိုက်တွန်းလိုက်တာပါ။

Linn

Source : TheSun , Mirror , Goal

SHARE